သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရှုတ်ချ

"მანდილი" ახალი ღვინის ფესტივალზე
"მანდილი" ახალი ღვინის ფესტივალზე

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီး နှင်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး (UNHCR) ရုံးက မနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဂျီနီဗာ အခြေစိုက် UNHCR ရုံးက ဒုက္ခသည် မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ် ၁၆၆ ယောက်ကို ထိုင်းနိုင်ငံ တပ်ခ်ခရိုင် ဒုက္ခသည်စခန်း တခုကနေ ပြီးခဲ့တဲ့ စနေနေ့က ဦးနှောက် အမှေးယောင်ရောဂါ ကူးစက်မှာ စိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နှင်ထုတ်ခဲ့ပါတယ်။

ဒုက္ခသည်တွေက သူတို့ဟာ သူတို့ရဲ့နေရင်း မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ လုံခြုံရေး စိတ်မချရလို့ နေရပ်ပြန်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း UNHCR ရုံးကို အကြောင်းကြားခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ တခြားနိုင်ငံကနေ ဒုက္ခဖြစ်ပြီး ထွက်ပြေးလာသူတွေကို နေရင်းနိုင်ငံမှာ လုံခြုံမှု မရှိမချင်း ပြန်မပို့ဘဲ စေတနာ့ဝန်ထမ်း လက်ခံထားရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံ စံတွေနဲ့ မကိုက်ညီဘူးလို့ UNHCR က ထိုင်းအာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ဖြစ်လာတိုင်း ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို လက်ခံပေးတဲ့ ထိုင်းနိုင်ငံကို ခိုင်ခိုင်မာမာ အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်းလည်း UNHCR က ပြောဆိုပါတယ်။

UNHCR ရဲ့ ပြစ်တင် ရှုတ်ချမှုကို ထိုင်းအစိုးရကတော့ ချက်ချင်း တုံ့ပြန်မှု မလုပ်ဆောင်သေးပါဘူး။

This item is part of
XS
SM
MD
LG