သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ရေး အမေရိကန် တိုက်တွန်း

မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနယ်နိမိတ်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည် ၁၄၀,၀၀၀ နဲ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် အစိုးရ ထိပ်တန်း သံတမန်တဦးက ပြောပါတယ်။

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုရင် မြန်မာဒုက္ခသည်တွေ မြန်မာပြည် ပြန်ပို့ဖို့ မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုက္ခသည်၊ နိုင်ငံရပ်ခြား ရွှေ့ပြောင်းနေထိုင်သူနဲ့ လူဦးရေဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ် ရွှာ့ဇ် (Eric Schwartz) က မနေ့က ဘန်ကောက်မြို့တော်မှာ ရောက်နေတုန်း ပြောခဲ့တာပါ။

အခုအခြေအနေမှာ ထိုင်းအစိုးရ အနေနဲ့ ခိုကိုးရာမဲ့နေတဲ့ မြန်မာဒုက္ခသည်တွေကို ဆက်ပြီး နေထိုင်ခွင့် ပေးသင့်တယ်လို့လည်း မစ္စတာရွှာ့ဇ်က ပြောခဲ့ပါတယ်။

အရင်နှစ် ဒီဇင်ဘာလက ထိုင်းအစိုးရက အမေရိကန်၊ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးတဲ့ကြားက မုန်းလူမျိုး ဒုက္ခသည် ၄,၅၀၀ ကို သူတို့ဌာနေဖြစ်တဲ့ လာအိုနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ မုန်းလူမျိုး ဒုက္ခသည်တွေဟာ လာအိုကိုပြန်ရင် ညှဉ်းပန်းနှိပ်စက်မှုတွေ ခံရလိမ့်မယ်လို့ ကုလသမဂ္ဂကရော လူ့အခွင့်အရေး အဖွဲ့တွေကပါ သတိပေးနေခဲ့ကြတာပါ။

ထိုင်းအစိုးရကတော့ မုန်းလူမျိုး ဒုက္ခသည်တွေကို ဒုက္ခသည် အစစ်အမှန်တွေ မဟုတ်ဘဲ တရားမဝင် လာရောက် ခိုလှုံနေသူတွေ ဖြစ်တယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG