သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလောကြီးကျေးရွာနဲ့ KIA တပ်ရင်း ၁၁ ဗုံးကြဲတိုက်ခိုက်ခံရ


KIA တပ်ဖွဲ့ဝင်များ
KIA တပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ တာလောကြီးကျေးရွာနဲ့ မြစ်ကြီးနားအနီး KIA တပ်ရင်း ၁၁ ကို စစ်ကောင်စီက ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။ လူတွေ ထိခိုက်မှု ရှိမရှိ သေချာမသိရသေးပေမဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တာတော့ ရှိတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဗွီအိုအေကို ပြောပါတယ်။

တာလောကြီးကျေးရွာဟာ လိုင်ဇာကိုသွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိသလို၊ KIA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့နှစ်ကုန်က သိမ်းယူထားတာ ဖြစ်ပါတယ်။ လက်ရှိ ဒီနေရာမှာ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေတာမရှိဘဲ၊ လေကြောင်းကနေ ဗုံးလာကြဲတာလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ KIA တပ်ရင်း ၁၁ ကတော့ မြစ်ကြီးနားနဲ့ အနီးဆုံးတပ်ရင်းဖြစ်လို့ စစ်ကောင်စီက မကြာခန ဗုံးကြဲ တိုက်ခိုက်လေ့ရှိတယ်လို့လည်း သူက ပြောပါတယ်။

မြစ်ကြီးနားတဝိုက် အခုလို အခြေအနေတွေကြောင့် ဒေသခံတွေကြား လုံခြုံရေး စိုးရိမ်မှုတွေ တိုးလာနေပြီး တိုက်ပွဲတွေ အချိန်မရွေး ပြင်းထန်လာ နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ လတ်တလော မြစ်ကြီးနားတဝိုက် တိုက်ပွဲ မရှိပေမဲ့ ဗန်းမော် မံစီဘက်မှာတော့ နှစ်ဘက် တိုက်ပွဲတွေရှိနေတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

Forum

XS
SM
MD
LG