သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဦးထပ်မံတွေ့ရှိ မြန်မာမှာ အတည်ပြုလူနာ ၂၉၂ ဦးထိရှိလာ


မိုဘိုင်းလ် ဆေးခန်းအဖြစ် အသုံးပြုနေတဲ့ ဘတ်စ်ကားပေါ်မှာ ဓါတ်ပုံအရိုက်ခံနေတဲ့ ရဲဝန်ထမ်းတဦး
မိုဘိုင်းလ် ဆေးခန်းအဖြစ် အသုံးပြုနေတဲ့ ဘတ်စ်ကားပေါ်မှာ ဓါတ်ပုံအရိုက်ခံနေတဲ့ ရဲဝန်ထမ်းတဦး

Zawygi/ Unicode

မြန်မာနိုင်ငံမှာ ဇွန်လ ၂၃ ရက်နေ့က COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်း ၁၈၀၀ ကျော် ပြုလုပ်ခဲ့တဲ့အထဲ ရောဂါပိုးကူးစက်ထားသူ ၂ ဦး ထပ်မံတွေ့ရှိတာကြောင့် ဓာတ်ခွဲအတည်ပြု လူနာ ၂၉၂ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ကအတည်ပြု ကြေညာခဲ့ပါတယ်။

မနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂ ဦးစလုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ရောက်လာသူတွေဖြစ်ပြီး အသွားအလာ ကန့်သတ် စောင့်ကြည့် နေသူ တွေလည်း ဖြစ်ပါတယ်။ တစ်ဦးက အသက် ၃၀ အရွယ် အမျိုးသမီးဖြစ်ပြီး ရခိုင်ပြည်နယ် မောင်းတောမြို့နယ်က ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် အမျိုးသားကတော့ ရခိုင် ပြည်နယ် စစ်တွေမြို့နယ်က ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီကနေ ၂၄ နာရီအတွင်း စောင့်ကြည့်လူနာသစ် ၃၄ ဦး ရှိပါတယ်။

မြန်မာနိုင်ငံမှာ အခုအချိန်အထိ အတည်ပြုလူနာတွေထဲက ကုသမှု ခံယူပြီး ရောဂါ ကင်းစင်သွားသူ ၂၀၄ ဦး ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၆ ဦး ရှိပါတယ်။နိုင်ငံအတွင်း ဒီနှစ် မတ်လနှောင်းပိုင်းကစလို့ COVID 19 ရောဂါ ဓါတ်ခွဲ စမ်းသပ်မှု ၆၄,၅၀၀ ကျော် ပြုလုပ်ခဲ့ပြီး စောင့်ကြည့် လူနာ ၅၇၆၀ နီးပါး ရှိခဲ့ပါတယ်။

ရောဂါပြန့်ပွါးမှုကို ထိန်းချုပ်ဖို့အတွက် ပြည်သူတွေအနေနဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို မလိုအပ်ပဲ မသွားကြဖို့၊ အများပြည်သူ သွားလာ အသုံးပြုတဲ့ နေရာတွေမှာ နှာခေါင်းစည်းတပ်ဖို့၊ တယောက်နဲ့ တယောက် ခပ်ခွါခွါနေကြဖို့နဲ့ လက်ကို မကြာခဏ ဆေးကြောဖို့ ဆိုတဲ့ အချက်တွေကို ဆက်လက် လိုက်နာကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------





XS
SM
MD
LG