သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမဏီက ရိုဟင်ဂျာညီလာခံ မြန်မာနိုင်ငံကိုယ်စားလှယ် တက်ခွင့်မရ


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် အီးယူခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအရ ဖိအားပေး လုပ်ဆောင်လာရေးအတွက် ရည်ရွယ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပနေတဲ့ The Berlin Conference on Myanmar Genocide - မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဘာလင် ညီလာခံကို တုံ့ပြန်တဲ့ သတင်းစာရှင်းလင်းပွဲတခု ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ရခိုင်ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန် အပါအဝင် အီးယူနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ စဉ်းစားနေတဲ့အချိန်မှာ ဒီ ဘာလင် ညီလာခံကို ကျင်းပကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

ဘာလင်မှာ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ညီလာခံကို မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခွင့် ငြင်းပယ်ခံရတာနဲ့ပတ်သတ်ပြီး ဒီကနေ့မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ UEHRD အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ ဒေါက်တာ အောင်ထွန်းသက်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပရတာနဲ့ပတ်သတ်လို့ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

"ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က လောလောဆယ် မြန်မာလူမျိုးတုံး သတ် ဖြတ်မှုနဲ့ ဆက်စပ်ပြီး ဘာလင်မှာလုပ်နေတဲ့ ညီလာခံနဲ့ ပတ်သက်ပြီး ပြောချင်တာပါ။ အများသဘော ဆန္ဒအရ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က ကိုယ်စားလှယ်တချို့ အဲ့ဒီညီလာခံကို သွားတက်ဖို့ရှိပါတယ်။ ဒါပေမယ့် လည်း ကျွန်တော်တို့လူတွေ ဒီညီလာခံကို တက်ရောက်ဖို့ ငြင်းဆိုခံခဲ့ရပါတယ်။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အစွန်းရောက် အုပ်စုက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်၊ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ပြီး၊ မွတ်စလင်လူမျိုးတွေကို လူမျိုးစုအလိုက် ရှင်းလင်းရာ ရောက်ခဲ့ကြောင်း နိုင်ငံတကာက ဖော်ထုတ်ပြောဆိုမှုတွေရှိလာခဲ့တဲ့ အပေါ်မှာ မြန်မာအစိုးရဘက်က တော့ငြင်းဆန်ထားပါတယ်။

ဒီညီလာခံမှာ မြန်မာကိုယ်စားလှယ် တွေကိုတက်ရောက်ခွင့် ုငြင်းပယ်ခံရတာဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့အမြင်သဘောထားတွေကို တစုံတရာ ထိခိုက်တယ်လို့ ပြည်သူ့လွှတ်တော် တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ကတော့ အခုလိုပြောဆိုလိုက်ပါတယ်။

"မြန်မာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကြား ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိသလို လက်တွေ့ကျပြီး နှစ်ဦးနှစ်ဖက် နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်မယ့် ဆွေးနွေးမှုတွေလည်း မရှိပါဘူး။ အခုအချိန်မှာ ကျွန်မတို့အနေ နဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ နားလည်မှုရဖို့နဲ့ မတူညီတဲ့ အမြင် တွေကို တင်ပြခွင့်ရဖို့အတွက် 'မြန်မာ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဘာလင် ညီလာခံကို တက်ရောက်ဖို့ မျှော် လင့်ခဲ့ပါတယ်။ ပထမဆုံး ကျွန်မ တို့က တခြားသူတို့ရဲ့အမြင်တွေကို နားလည်ချင်တာမို့ သွားရောက် နားထောင် ကြည့်ချင်တာပါ။ ဒါက သာမန် အရပ်ဖက် ကိုယ်စားလှယ်တွေကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေ တွေ့တာ လည်း မဟုတ်ပါဘူး။"

မြန်မာနိုင်ငံက မွတ်စလင်လူမျိုဒတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်တာတွေ ကျူးလွန်ပြီး မွတ်စလင်လူဦးရေ ၆၈၈,၀၀၀ ကျော် နိုင်ငံကနေ ထွက်ပြေးသွားရတယ်လို့ နိုင်ငံတကာဘက်က ပြောဆိုနေမှုတွေရှိပြီး ဒီအတွက် အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ဆိုင်းပြင်နေတာတွေရှိပါတယ်။ ဒီလိုဆိုင်းပြင်နေ တာတွေရှိသလို လက်ရှိမှာ စစ်တပ်စစ်ဆင်ရေးကို တာဝန်ယူကွပ်ကဲခဲ့သူမြန်မာ့တပ်မတော်ဘက်က ဗိုလ်ချုပ် မောင်မောင်စိုး ကိုတော့ အရေးယူမှုလုပ်ထားပြီး နောက် ထပ်လုပ်ဖို့ လုပ်ဆောင်နေတာတွေရှိနေတာပါ။ ဒီအတွက် အီးယူခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးအရ ဖိအားပေး လုပ်ဆောင်လာရေးအတွက် ရည်ရွယ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပနေတဲ့ The Berlin Conference on Myanmar Genocide - မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဘာလင် ညီလာခံကို ကျင်းပနေတာလည်းဖြစ်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိနေတယ်လို့ နိုင်ငံတကာဘက်ကစွပ်စွဲပြောဆိုနေမှုတွေနဲ့ပတ်သတ်လို့ ဒေါက်တာအောင်ထွန်းသက်ကတော့ အခုလို ပြန်လည် တုံပြန်ပြောဆိုလိုက်ပါတယ်။

"ကျွန်တော်တို့ အမြင်တွေကိုလည်း ပြောခွင့်ပေးပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ သိချင်၊ မြင်ချင်တာတွေ ကို ပိတ်ပင်တားဆီးနေတာမဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့အခွင့်အရေးရှိသလို ကျွန်တော်တို့မှာလည်း သူ တို့ အခွင့်အရေး ရှိပါတယ်။ ကျွန်တော်က သူတို့ ဘက်လိုက်နေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော် ဆို လိုချင်တာက သူတို့မှာလည်း သူတို့ဘက်က အမြင်ရှိပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်အမြင်ကို ပြောပြချင် တာပါ။"

UEHRD ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက် အနေနဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကိုတော့ မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့အနေနဲ့ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG