သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးစုရှင်းလင်းမှု ကျူးလွန်ကြောင်း ကန်အစိုးရ တရားဝင်သတ်မှတ်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျုးလွန်ခဲ့ကြောင်း အမေရိကန် အစိုးရက ဒီကနေ့ပဲ တရားဝင် သတ်မှတ် ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ရရှိထားတဲ့ အချက်အလက်တွေအရ ethnic cleansing လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ကျုးလွန်ရာရောက်ကြောင်း ထင်ရှားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ ဒီကနေ့ ဝါရှင်တန်ကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အောင်မြင်မှုတွေကို စဉ်းစားဆုံးဖြတ်ရာမှာ ရခိုင်အရေးကို ကိုင်တွယ် ဖြေရှင်းမှုတွေဟာ အရေးပါလိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ပါ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ အောင်မြင်ဖို့ အမေရိကန်က ပံ့ပိုးကူညီလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်းလည်း ဝန်ကြီး Tillerson ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေလို ထိလွယ်ရှလွယ် အခြေအနေနဲ့ ကြုံနေရသူတွေ၊ လူ့အသိုင်းအဝန်းက ဘေးဖယ်ခံထားရသူတွေအပေါ် ပြုမူဆက်ဆံပုံတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အရေးကြီးကြောင်းလည်း သတိပေးထားပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်သူတွေကိုလည်း အပြစ်ပေးအရေးယူဖို့ အရေးကြီးကြောင်းနဲ့ ရခိုင်အရေး ဖြေရှင်းရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံ တတိယကော်မတီတို့ရဲ့ ဆောင်ရွက်ချက်တွေကို အမေရိကန်က အားပေးကြောင်းလည်း ကြေညာချက်မှာ ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်ကတော့ မကြာသေးခင်ကပဲ တပ်တွင်းစုံစမ်းမှုတွေ လုပ်ခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဥပဒေနဲ့အညီသာ ပြုမူဆောင်ရွက်ခဲ့ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG