သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအမျိုးသမီးများ လိင်ပိုင်းအနိုင်ကျင့်ခံရမှု AP ထုတ်ပြန်


ရိုဟင်ဂျာ အမျိုးသမီးတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှုဟာဆိုရင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပုံစံတကျ ဖြစ်ခဲ့တယ်လို့ AP သတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းကနေ ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးလာကြတဲ့ အသက် ၁၃ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ၂၉ ဦးကို တွေ့ဆုံမေးမြန်းမှုမှာဆိုရင် ဖြေကြားချက်တွေက မယုံကြည်နိုင်လောက်စရာ တူညီနေတယ်လို့ AP သတင်းအေဂျင်စီက ဖော်ပြတာပါ။

အမျိုးသမီးတိုင်းက သူတို့ကို အမျိုးသားတွေ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာလို့ ပြောဆိုကြပါတယ်။ အမျိုးသမီး တဦးကလွဲလို့ ကျန်တဲ့ အမျိုးသမီးတွေက သူတို့ကို အဓမ္မပြုကျင့်သူတွေက စစ်တပ် ပုံစံ ဝတ်စုံတွေ ဝတ်ထားတယ်လို့ ပြောပါတယ်။ ဒီထဲက အမျိုးသမီး တဦးကဘဲ သူမကို အဓမ္မပြုကျင့်သူတွေကတော့ အရပ်ဝတ်တွေနဲ့ ဖြစ်ပြီး ဒီအမျိုးသားတွေက အနီးက စစ်တပ်စခန်းက ဖြစ်တယ်ဆိုတာကို အိမ်နီးချင်းတွေက မှတ်မိနေတယ်လို့ ပြောပါတယ်။ အဓမ္မပြုကျင့်သူတွေရဲ့ ယူနီဖောင်းတွေမှာ ကြယ် ဒါမှမဟုတ်လည်း မြှား ပုံစံ တခုခု ပါတယ်လို့လည်း အမျိုးသမီး အများအပြားက ပြောပါတယ်။

ဒီက မြန်မာ စစ်တပ်ရဲ့ တပ်ဖွဲ့ခွဲတွေ ဖြစ်တယ်လို့လည်း AP သတင်းအေဂျင်စီက ပြောပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလနဲ့ စက်တင်ဘာ လလယ်ပိုင်း အတွင်း ရခိုင်ပြည်နယ်တွင်းက ကျေးရွာ အများအပြားမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့တာလို့လည်း AP သတင်းက ရေးပါတယ်။

အဓမ္မပြုကျင့်ခံရမှု ပမာဏ အပေါ် ဆရာဝန်တွေနဲ့ အကူအညီပေးရေး လုပ်သားတွေကို တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ပေမယ့် ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသမီး အရေအတွက် နည်းပါးလှတဲ့ အပေါ်မှာတော့ သံသယ ရှိနေကြတယ်လို့လည်း AP က ရေးပါတယ်။

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ အဆိုကတော့ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ပိုင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ ကုသပေးခဲ့ရသူ ၁၁၃ ဦးရှိပြီး ဒီထဲက သုံးပုံတပုံက အသက် ၁၈ နှစ်အောက်ဖြစ်တဲ့ အကြောင်း အငယ်ဆုံးက အသက် ၉ နှစ်ဖြစ်ကြောင်း ပြောပါတယ်။ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေကတော့ မှတ်ချက်ပေးဖို့ အကြိမ်ကြိမ် ပန်ကြားခဲ့ပေမယ့် ငြင်းဆိုခဲ့ကြောင်း AP သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG