သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကို စစ္လက္နက္ပစၥည္းပံ့ပိုးဖို႔ ပူးေပါင္းလုပ္ေဆာင္ေန - ႐ုရွားလက္နက္ကုမဏီအႀကီးအကဲ


Russian defense minister met Myanmar military chief

(zawgyi/unicode)

ျမန္မာစစ္တပ္အတြက္ ေလယာဥ္ေတြအပါအဝင္ စစ္ဖက္ဆိုင္ရာ စစ္လက္နက္ပစၥည္းေတြကိုေထာက္ပံ့သြားဖို႔ ႏွစ္ႏိုင္ငံအနီး ကပ္ပူးေပါင္း ေဆာင္႐ြက္ေနေၾကာင္း ႐ုရွားႏိုင္ငံပိုင္လက္နက္အေရာင္းအဝယ္လုပ္ငန္း Rosoboronexport အႀကီးအကဲ Alexander Mikheev ကိုကိုးကားၿပီး ႐ုရွား Interfax သတင္းေအဂ်င္စီက ဗုဒၶဟူးေန႔မွာ ေၾကျငာပါတယ္။ လူ႔အခြင့္အေရးသမားေတြကေတာ့ စစ္အာဏာသိမ္းထားျမန္မာစစ္တပ္ကို တရားဝင္ျဖစ္ေအာင္ ႐ုရွားႏိုင္ငံက အျပန္အလွန္အလည္အပတ္သြားတာေတြ လက္နက္အေရ င္းအဝယ္ေတြ လုပ္ေနတာလို႔ စြပ္စြဲၾကပါတယ္။ ၿပီးခဲ့တဲ့လက ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေမာ္စကိုၿမိဳ႕ကိုသြားေရာက္တဲ့အခ်ိန္မွာပဲ ျမန္မာနဲ႔႐ုရွားႏိုင္ငံၾကား စစ္ဖက္ဆက္ဆံေရးခိုင္မာေအာင္လုပ္သြားမယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu ကေျပာၾကားခဲ့ပါတယ္။ ေတာင္အာရွႏိုင္ငံေတြထဲမွာေတာ့ ျမန္မာဟာ ႐ုရွားရဲ႕လက္နက္နည္းပညာပိုင္းဆိုင္ရာ ကုမဏီ Rosetec နဲ႔ Rosoboronexport ရဲ႕ အဓိက မိတ္ဖက္ႏိုင္ငံတခုျဖစ္တယ္လို႔လည္း Mikheev ႐ုရွားႏိုင္ငံမွာ ႏွစ္စဥ္က်င္းပတဲ့ MAKS ေလေၾကာင္းျပပြဲမွာ ေျပာဆိုခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အေသးစိတ္ကိုေတာ့သူက ဆက္ေျပာမသြားပါဘူး။ လတ္တေလာႏွစ္ေတြအတြင္း ျမန္မာနဲ႔ ႐ုရွားႏွစ္ႏိုင္ငံဆက္ဆံေရးတိုးတက္လာပါတယ္။ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈထဲမွာ ျမန္မာစစ္တပ္က စစ္သည္အမ်ားအျပားကို ႐ုရွားတကၠသိုလ္ေတြက ပညာသင္စားရိတ္ေထာက္ပံ့ၿပီး ေခၚယူသင္ၾကားေပးခဲ့သလို၊ အေနာက္ႏိုင္ငံေတြက နာမည္မည္းစာရင္းသြင္းထားတဲ့ ျမန္မာစစ္တပ္ကို စစ္လက္နက္ေတြေရာင္းခ်ေပးလာတာျဖစ္ပါတယ္။

+++++


မြန်မာစစ်တပ်အတွက် လေယာဉ်တွေအပါအဝင် စစ်ဖက်ဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေကိုထောက်ပံ့သွားဖို့ နှစ်နိုင်ငံအနီး ကပ်ပူးပေါင်း ဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံပိုင်လက်နက်အရောင်းအဝယ်လုပ်ငန်း Rosoboronexport အကြီးအကဲ Alexander Mikheev ကိုကိုးကားပြီး ရုရှား Interfax သတင်းအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပါတယ်။ လူ့အခွင့်အရေးသမားတွေကတော့ စစ်အာဏာသိမ်းထားမြန်မာစစ်တပ်ကို တရားဝင်ဖြစ်အောင် ရုရှားနိုင်ငံက အပြန်အလှန်အလည်အပတ်သွားတာတွေ လက်နက်အရေ င်းအဝယ်တွေ လုပ်နေတာလို့ စွပ်စွဲကြပါတယ်။ ပြီးခဲ့တဲ့လက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမြို့ကိုသွားရောက်တဲ့အချိန်မှာပဲ မြန်မာနဲ့ရုရှားနိုင်ငံကြား စစ်ဖက်ဆက်ဆံရေးခိုင်မာအောင်လုပ်သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကပြောကြားခဲ့ပါတယ်။ တောင်အာရှနိုင်ငံတွေထဲမှာတော့ မြန်မာဟာ ရုရှားရဲ့လက်နက်နည်းပညာပိုင်းဆိုင်ရာ ကုမဏီ Rosetec နဲ့ Rosoboronexport ရဲ့ အဓိက မိတ်ဖက်နိုင်ငံတခုဖြစ်တယ်လို့လည်း Mikheev ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ MAKS လေကြောင်းပြပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့သူက ဆက်ပြောမသွားပါဘူး။ လတ်တလောနှစ်တွေအတွင်း မြန်မာနဲ့ ရုရှားနှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုထဲမှာ မြန်မာစစ်တပ်က စစ်သည်အများအပြားကို ရုရှားတက္ကသိုလ်တွေက ပညာသင်စားရိတ်ထောက်ပံ့ပြီး ခေါ်ယူသင်ကြားပေးခဲ့သလို၊ အနောက်နိုင်ငံတွေက နာမည်မည်းစာရင်းသွင်းထားတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်တွေရောင်းချပေးလာတာဖြစ်ပါတယ်။

XS
SM
MD
LG