သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီတင်းကျွတ်လပြည့်နေ့ မြန်မာပြည်ငြိမ်းချမ်းဖို့ ရန်ကုန် ကန်သံရုံး ဆုတောင်းပေး


အောက်တိုဘာ ၉ ရက်၊ ၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်တွင် တွေ့ရသည့် ဘုရားဖူးများ။ (ဓါတ်ပုံ-AP)
အောက်တိုဘာ ၉ ရက်၊ ၂၀၂၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်တွင် တွေ့ရသည့် ဘုရားဖူးများ။ (ဓါတ်ပုံ-AP)

မြန်မာနိုင်ငံမှာတော့ ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တရက်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်တာနဲ့အညီ ဗုဒ္ဓဘာသာဝင်တွေ အတော်များများဟာ ဘုရားသွားပြီး၊ ဝတ်ပြုဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ ရန်ကုန်မှာတော့ ထောင်ပေါင်းများစွာဟာ ရွှေတိဂုံဘုရားကိုသွား ပန်းတွေ၊ ဆီမီးတွေ ဆက်ကပ်ပူဇော်ပြီး ဝတ်ပြုခဲ့ကြသလို တချို့တွေကလည်း မနှစ်က စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့အတွက် ဆုတောင်းခဲ့ကြပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း၊ အခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကျရောက်တဲ့ သီတင်းကျွတ်ပွဲတော်အတွင်း မြန်မာပြည်သူတွေ တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေ ရသင့်ရထိုက်တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုတွေ ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်လို့ တွစ်တာလူမှုကွန်ရက်မှာ ပြောထားပါတယ်။

မနှစ် ၂၀၂၁ ခုနှစ် သီတင်းကျွတ်လပြည့်နေတုန်းကတော့ အာဏာသိမ်းစစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြတက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာကို လွှတ်ပေးခဲ့ပေမယ့်၊ ဒီနှစ်မှာတော့ အဲဒီလိုမျိုး ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးတာတော့ မရှိသေးဘူးလို့ AFP သတင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့အထိ စာရင်းတွေအရ၊ ဖမ်းဆီးခံရတဲ့သူက ၁၅၇၈၀ ရှိပြီး သေဆုံးသူက ၂၃၃၈ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ AAPP ရဲ့ စာရင်းတွေဟာ ချဲ့ကားပြောဆိုနေတာဖြစ်တယ်လို့ မကြာခဏဆိုသလို တုံ့ပြန်ပြောဆိုလေ့ ရှိပါတယ်။

=== Unicode ====





XS
SM
MD
LG