သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

SEA Games U-22 ေဘာလံုးအမ်ိဳးသားပြဲ ျမန္မာ - တီေမာ ေတြ႔မည္


Malaysia U22 (1-1) Myanmar U22 (FT) Myanmar Football Federation

Zaw Gyi & Unicode

အႀကိမ္ ၃၀ ေျမာက္ အေရွ႕ေတာင္္အာရွ အားကစားၿပိဳင္ပြဲ (SEA Games) အမ်ဳိးသား U-22 ေဘာလံုးပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ျမန္မာေဘာလံုးအသင္းဟာ ဒီကေန႔ တီေမာ လက္စ္ေတအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

အိမ္ရွင္ ဖိလစ္ပိုင္အသင္း၊ မေလးရွား၊ ကေမာၻဒီးယား၊ တီေမာ လက္စ္ေတအသင္းေတြနဲ႔ အုပ္စု A မွာက်ေနတဲ့ ျမန္မာအသင္း ဟာ လက္ရွိအခ်ိန္ထိဆိုရင္ ၂ ပြဲကစား၊ ၁ ပြဲႏုိင္၊ ၁ ပြဲသေရ၊ ရမွတ္ ၄ မွတ္နဲ႔ အုပ္စု ဒုတိယေနရာမွာရွိေနပါတယ္။ တီေမာအသင္း ကေတာ့ ၁ ပြဲကစား၊ ၁ ပြဲ႐ံႈး ရမွတ္မရွိေသးပါဘူး။ ကေမာၻဒီးယားအသင္းက ျမန္မာအသင္းနဲ႔ ပြဲတူ အမွတ္တူ ရဂိုးအသာနဲ႔ အုပ္စု ပထမေနရာမွာရွိေနပါတယ္။

ဒီပြဲကို အႏုိင္ရမယ္ဆိုရင္ေတာ့ ျမန္မာအသင္းအေနနဲ႔ ဒုတိယအဆင့္ကိုတက္ဖုိ႔ အေတာ္ေလး အလားအလာေကာင္းသြားၿပီလို႔ ဆုိရမွာပါ။

ျမန္မာအသင္းဟာ အဖြင့္ပြဲအျဖစ္ မေလးရွားအသင္းနဲ႔ကန္္တာမွာ တဘက္ ၁ ဂိုးစီနဲ႔ သေရက်ၿပီး အိမ္ရွင္ ဖိလစ္ပိုင္အသင္းနဲ႔ ဒုတိယပြဲကန္တာမွာေတာ့ ၂ ဂိုး ၁ ဂိုးနဲ႔ အႏုိ္င္ရပါတယ္။

၁၉၇၇ ခုႏွစ္ကစတင္တဲ့ SEA Games ေဘာလံုးၿပိဳင္ပြဲသမိုင္းတေလွ်ာက္ ႏွစ္ ၄၀ ေက်ာ္အတြင္း ျမန္မာအသင္းဟာ ဗိုလ္လုပြဲ သံုးႀကိမ္တက္ဖူးၿပီး တႀကိမ္မွ ဗိုလ္မစြဲဖူးေသးပါဘူး။ ၁၉၉၃ ခုႏွစ္က ဗိုလ္လုုပြဲမွာ ထိုင္းအသင္းကို ၄ ဂိုး ၃ ဂိုး၊ ၂၀၀၇ ခုႏွစ္က ဗိုလ္လုပြဲမွာ ထိုင္းအသင္းကို ၂ ဂိုးျပတ္၊ ၂၀၁၅ ခုႏွစ္က ဗိုလ္လုပြဲမွာလည္း ထုိင္းအသင္းကိုပဲ ၃ ဂိုးျပတ္နဲ႔ ႐ံႈးၿပီးေတာ့ ေရႊတံဆိပ္နဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

SEA Games သမိုင္းမွာ အေအာင္ျမင္ဆံုးျဖစ္တဲ့ ထိုင္းအသင္းဟာ ဒီႏွစ္ပြဲမွာေတာ့ ဖြင့္ပြဲမွာကိုပဲ အင္ဒိုနီးရွားအသင္းကို ၂ ဂိုးျပတ္နဲ႔ ႐ံႈးၿပီးတဲ့ေနာက္ ဒီကေန႔ ဒုတိယပြဲအျဖစ္ ဘ႐ူႏိုင္းအသင္းနဲ႔ ကန္္္တာမွာေတာ့ ၇ ဂိုးျပတ္နဲ႔ အႏုိင္ရသြားပါတယ္။

Unicode

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) အမျိုးသား U-22 ဘောလုံးပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာဘောလုံးအသင်းဟာ ဒီကနေ့ တီမော လက်စ်တေအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အိမ်ရှင် ဖိလစ်ပိုင်အသင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမော လက်စ်တေအသင်းတွေနဲ့ အုပ်စု A မှာကျနေတဲ့ မြန်မာအသင်း ဟာ လက်ရှိအချိန်ထိဆိုရင် ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၄ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာရှိနေပါတယ်။ တီမောအသင်း ကတော့ ၁ ပွဲကစား၊ ၁ ပွဲရှုံး ရမှတ်မရှိသေးပါဘူး။ ကမ္ဘောဒီးယားအသင်းက မြန်မာအသင်းနဲ့ ပွဲတူ အမှတ်တူ ရဂိုးအသာနဲ့ အုပ်စု ပထမနေရာမှာရှိနေပါတယ်။

ဒီပွဲကို အနိုင်ရမယ်ဆိုရင်တော့ မြန်မာအသင်းအနေနဲ့ ဒုတိယအဆင့်ကိုတက်ဖို့ အတော်လေး အလားအလာကောင်းသွားပြီလို့ ဆိုရမှာပါ။

မြန်မာအသင်းဟာ အဖွင့်ပွဲအဖြစ် မလေးရှားအသင်းနဲ့ကန်တာမှာ တဘက် ၁ ဂိုးစီနဲ့ သရေကျပြီး အိမ်ရှင် ဖိလစ်ပိုင်အသင်းနဲ့ ဒုတိယပွဲကန်တာမှာတော့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။

၁၉၇၇ ခုနှစ်ကစတင်တဲ့ SEA Games ဘောလုံးပြိုင်ပွဲသမိုင်းတလျှောက် နှစ် ၄၀ ကျော်အတွင်း မြန်မာအသင်းဟာ ဗိုလ်လုပွဲ သုံးကြိမ်တက်ဖူးပြီး တကြိမ်မှ ဗိုလ်မစွဲဖူးသေးပါဘူး။ ၁၉၉၃ ခုနှစ်က ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ၄ ဂိုး ၃ ဂိုး၊ ၂၀၀၇ ခုနှစ်က ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ၂ ဂိုးပြတ်၊ ၂၀၁၅ ခုနှစ်က ဗိုလ်လုပွဲမှာလည်း ထိုင်းအသင်းကိုပဲ ၃ ဂိုးပြတ်နဲ့ ရှုံးပြီးတော့ ရွှေတံဆိပ်နဲ့ လွဲချော်ခဲ့ပါတယ်။

SEA Games သမိုင်းမှာ အအောင်မြင်ဆုံးဖြစ်တဲ့ ထိုင်းအသင်းဟာ ဒီနှစ်ပွဲမှာတော့ ဖွင့်ပွဲမှာကိုပဲ အင်ဒိုနီးရှားအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးပြီးတဲ့နောက် ဒီကနေ့ ဒုတိယပွဲအဖြစ် ဘရူနိုင်းအသင်းနဲ့ ကန်တာမှာတော့ ၇ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG