သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ကမ်းလွန်ပင်လယ်မှာ မြန်မာသင်္ဘောသားတဦး ပျောက်ဆုံးနေ


မလေးရှား ကမ်းလွန်ပင်လယ်မှာ မြန်မာသင်္ဘောသားတဦး ပျောက်ဆုံးနေ
မလေးရှား ကမ်းလွန်ပင်လယ်မှာ မြန်မာသင်္ဘောသားတဦး ပျောက်ဆုံးနေ

တောင်တရုတ်ပင်လယ်ထဲမှာ ဓာတုဗေဒ ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစီးပေါ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာသင်္ဘောသား ၂ ယောက် ဒဏ်ရာရပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ မလေးရှား ရေကြောင်းဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံ ပါဟမ်းပြည်နယ် ကမ်းလွန်မှာ စင်ကာပူနိုင်ငံ မှတ်ပုံတင်သင်္ဘော ဒီနေ့ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ မလေးရှား ရေကြောင်းဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

သင်္ဘောသား ၂၂ ယောက် လိုက်ပါလာတဲ့ ဒီသင်္ဘောဟာ ဗီယက်နမ်နိုင်ငံကနေ မလေးရှားနိုင်ငံ ပါဟမ်းပြည်နယ်က ကွာအန်တန်ဆိပ်ကမ်းကို ဦးတည် ခုတ်မောင်းလာနေတာ ဖြစ်တယ်လို့လည်း ဆိပ်ကမ်းအာဏာပိုင် တဦးဖြစ်တဲ့ ဆာအိ မိုဟာမက် ဖူဇီဟာဆန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မတော်တဆမှုအတွင်း မြန်မာသင်္ဘောသား ၂ ယောက်ဟာ မီးလောင်ဒဏ်ရာတွေ ရခဲ့ပြီး ၁ ယောက်ကတော့ သင်္ဘောပေါ်က ပြုတ်ကျခဲ့ပုံ ရပါတယ်။ ပျောက်ဆုံးနေတဲ့ သင်္ဘောသားကို ရှာဖွေဖို့အတွက် မလေးရှားနိုင်ငံက ကယ်ဆယ်ရေးတွေကို စေလွှတ်ထားပါတယ်။

XS
SM
MD
LG