သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ခဲ့သူ မြန်မာတပ်ဖွဲ့ဝင် ၁၃၀ ကျော် နေရပ်ပြန်ပို့


ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင်များကို ပြန်ပို့နေစဉ်
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင်များကို ပြန်ပို့နေစဉ်

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်ကို ဒီကနေ့ပဲ နေရပ်ပြန်ဖို့ လွှဲပြောင်းပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၄ ယောက်ကို ဒီကနေ့ အစောပိုင်းမှာပဲ Cox's Bazar ခရိုင်ကနေ မြန်မာရေတပ်သင်္ဘောကို ပို့ဆောင်ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်နဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

မနေ့တုန်းက မြန်မာတာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ တွေ့ဆုံခဲ့အပြီး ဒီကနေ့ လွဲှပြောင်းပေးခဲ့တာလို့လည်း ပြောပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ပြန်လည်လွှဲပြောင်းပေးတဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၅ ယောက်ကိုလည်း ရေကြောင်းကနေ ပြန်ပို့ခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အာရက္ခ (AA) တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ မကြာခဏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်ခဲ့ကြပြီး၊ နောက်ပိုင်းမှာတော့ မြန်မာဖက် ပြန်လည်လွှဲပြောင်းပေးလေ့ ရှိပါတယ်။

Forum

XS
SM
MD
LG