သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လုံၿခဳံေရးနဲ႔ပတ္သက္လို႔ ၁၀၀% အာမခံႏိုင္တဲ့ ႏိုင္ငံမရွိ - ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း


ရန္ကုန္ၿမိဳ႕လမ္းေတြေပၚမွာ ေနရာယူထားတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ား။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ဘယ္ႏိုင္ငံမွာမွ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ၁၀၀% အာမခံႏိုင္တယ္ဆိုတာ မရွိပါဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။ ျမန္မာစစ္တပ္နဲ႔ ဗီယက္နမ္စစ္တပ္ ဖက္စပ္ပိုင္ MyTel ဆက္သြယ္ေရးကုမၸဏီ ထိပ္တန္းအရာရွိတဦး လုပ္ႀကံခံခဲ့ရလို႔ ေသဆုံးခဲ့တာ၊ ဒီေန႔လည္း ေက်ာင္းဆရာမတဦး အသတ္ခံခဲ့ရတာ စတဲ့ျဖစ္ရပ္ေတြ ဆက္တိုက္ရွိခဲ့ၿပီးတဲ့ေနာက္ စစ္ေကာင္စီက အခုလို တုံ႔ျပန္ေျပာဆိုတာပါ။ ဒီျဖစ္ရပ္ေတြအေပၚ မိတ္ေဆြ လုပ္ေဖာ္ကိုင္ဘက္ေတြအပါအဝင္ NUG အစိုးရဘက္ကေရာ ဘယ္လိုတုံ႔ျပန္ပါသလဲ ... ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

ဒီအၾကမ္းဖက္မူေတြဆက္တိုက္ျဖစ္လာတဲ့အေပၚ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ေမးရာမွာ အခုလိုစရွင္းျပပါတယ္။

“ဒီျဖစ္စဥ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ Mytel က တာဝန္ခံတေယာက္ သတ္ခံရတဲ့ျဖစ္စဥ္မွာေတာ့ သူကေတာ့ ေသဆုံးသြားတယ္။ သူ႔အမ်ိဳးသမီးကေတာ့ အခု ေဆး႐ုံမွာရွိတယ္၊ အေျခအေနေတာ့ ေကာင္းပါတယ္။ဒီ (ေက်ာင္း) ဆရာမကို ပစ္ခတ္တာနဲ႔ပတ္သက္ၿပီးလည္း က်ေနာ္တို႔ စုံစမ္းေဖာ္ထုတ္လ်က္ရွိပါတယ္။ဆက္စပ္ၿပီးေဖာ္ထုတ္ရမဲ့ဟာေလးေတြလည္းရွိပါတယ္။ျပစ္မႈက်ဳးလြန္သူမ်ားကိုလည္း ဖမ္းဆီးရမိဖို႔ ေဆာင္႐ြက္လ်က္ရွိပါတယ္။

...အဓိကေတာ့ မည္သည့္ႏိုင္ငံမွာမွ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ၁၀၀ ရာခိုင္ႏႈန္း အာမခံႏိုင္ တယ္ဆိုတာေတာ့ မရွိပါဘူး။အဖ်က္လုပ္ငန္းေတြလုပ္ေဆာင္ေနတဲ့သူေတြရွိေနသမွ် ကေတာ့ ဒီလုံၿခဳံေရးနဲ႔ပတ္သက္ၿပီးေတာ့ ခြၽတ္ယြင္းအားနည္းခ်က္ တခ်ိဳ႕ေတာ့ ရွိေနဦးမွာ အမွန္ပဲ။ သို႔ေသာ္ ဒါေတြကို က်ေနာ္တို႔ ျပည္သူလူထုအေနနဲ႔ ယခင္ကလိုပဲ သက္ဆိုင္ရာ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားရင္ တည္ၿငိမ္ေအးခ်မ္းတဲ့ အေျခအေနကို မၾကာခင္မွာ ျပန္လည္ေရာက္ရွိလာပါမယ္။လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအေနနဲ႔ကလည္း ေန႔စဥ္ ကြၽန္ေတာ္တို႔လည္း သတင္းထုတ္ျပန္လွ်က္ရွိပါတယ္။ကြင္းဆက္ဖမ္းမိတဲ့တရာခံေတြအမ်ားႀကီး ရရွိၿပီးျဖစ္ပါတယ္။ ဒါ ေငြေၾကးေထာက္ပံ့တဲ့ အရင္းအျမစ္ေတြ၊လက္နက္ေထာက္ပံ့တဲ့ အရင္းအျမစ္ေတြကိုလည္း ျဖတ္ေတာက္ႏိုင္ေအာင္ ေဆာင္႐ြက္ လွ်က္ရွိပါတယ္။”

အခုလို Mytel ဘ႑ာေရးအရာရွိခ်ဳပ္နဲ႔ အၿငိမ္းစားေရတပ္အရာရွိ ဦးသိန္းေအာင္နဲ႔ဇနီးတို႔ အိမ္နား လမ္းေလွ်ာက္ေနစဥ္ အခုလို အပစ္ခံခဲ့ရတဲ့အေပၚ အမည္မေဖာ္လိုတဲ့ မိတ္ေဆြရင္း တဦးကလည္း အခုလို ေျပာပါတယ္။

“ဒီလိုမ်ိဳး အေၾကာင္းမဲ့ သတ္ျဖတ္တာေတြကေတာ့ မေကာင္းဘူးေပါ့ေနာ္။အထူးသျဖင့္ ၿမိဳ႕ေပၚမွာ အခုျဖစ္တဲ့ေနရာေတြကို ၾကည့္လိုက္ရင္ (ရန္ကုန္) အင္းစိန္လမ္းမေပၚမွာ ျဖစ္တယ္၊ အခု ၇ မိုင္ ေတးႏုယဥ္လမ္းဆိုတာ ျပည္လမ္းနဲ႔ မလွမ္းမကမ္းမွာပဲရွိတယ္။အမ်ားျပည္သူေရွ႕မွာ လုပ္တာေတြက ၂ ဘက္စလုံးအတြက္ အနာတရျဖစ္ေစတယ္၊ နာက်ည္းခ်က္ေတြျဖစ္ေစတယ္။ ဒီလိုလုပ္တဲ့ အေလ့အထေတြကို ဆက္ၿပီးေတာ့ မလုပ္ သင့္ဘူးေပါ့ေနာ္။တကယ္ေတာ့ ဒီလူေတြဟာ တနည္းတဖုံအားျဖင့္ တိုက္႐ိုက္ပတ္သက္တဲ့လူျဖစ္ခ်င္ျဖစ္မယ္ သြယ္ဝိုက္ပတ္သက္တဲ့လူ ျဖစ္ရင္ျဖစ္မယ္။ လူေတြကေတာ့ လူ႔အသိုင္းအဝိုင္းမွာေနရင္ တေယာက္နဲ႔တေယာက္ ပတ္သက္မႈေတြကေတာ့ရွိေနမွာပဲ၊အဲ့လိုရွိေနတဲ့လူေတြကို သူက တဘက္သတ္စြပ္စြဲၿပီးေတာ့ လက္နက္နဲ႔အၾကမ္းဖက္သတ္ျဖတ္တာမ်ိဳး ျဖစ္ေနတာေပါ့။ဒီလူေတြကလည္း ျပန္ၿပီးေတာ့ ခုခံကာကြယ္ဖို႔အတြက္ သူတို႔မွာ လက္နက္လည္း မရွိဘူးေလ။ ဒီလက္နက္မရွိတဲ့ျပည္သူေတြကို တဘက္သတ္စြပ္စြဲခ်က္ေလးနဲ႔ သတ္ျဖတ္တာကေတာ့ ျမန္မာ့ လူ႔အသိုင္းအဝိုင္းမွာ ဒီလိုယဥ္ေက်းမူေတြ၊ လုပ္နည္းလုပ္ဟန္ေတြကို လုံးဝမျဖစ္ေပၚလာဖို႔ အဆုံးသတ္သြားဖို႔ ျဖစ္ေစခ်င္ပါတယ္။”

ဒါ့အျပင္ ေနာက္ အမည္မေဖာ္လိုတဲ့ ဦးသိန္းေအာင္ရဲ႕ လုပ္ေဖာ္ကိုင္ဘက္တဦးကလည္း အခုလို ေျပာပါတယ္။

“စိတ္မေကာင္းေတာ့ ျဖစ္ရတာေပါ့ဗ်ာ၊ က်ေနာ္တို႔က လုပ္ေဖာ္ကိုင္ဘက္ေတြ၊ အတူတူလုပ္လာတာေလ၊ ဘာပဲေျပာေျပာ သူနဲ႔ဆို က်ေနာ္ကအစကတည္းကေပါ့ အတူတူ လုပ္လာခဲ့တာဆိုေတာ့ ဒီလိုမ်ိဳးႀကီးျဖစ္သြားတယ္ဆိုတဲ့က်ေတာ့ ေတာ္ေတာ္ေလးေတာ့စိတ္မေကာင္းျဖစ္ရတာေပါ့၊ Shock ရတာေပါ့ေနာ္။ ယုံေတာင္မယုံဘူး။ ဟုတ္ေကာ ဟုတ္ကဲ့လားေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ ဒီရက္ပိုင္းအတြင္း က်ေနာ္ သူ႔ကိုဖုန္းေခၚေသးတယ္။ဖုန္းေခၚေတာ့ သူမကိုင္ေတာ့ ေနမေကာင္းျဖစ္တာနဲ႔ တူပါတယ္ေပါ့ေနာ၊္ က်ေနာ္ ထင္တာ။ေနာက္က်မွ ဒီလိုမ်ိဳးျဖစ္တယ္ဆိုေတာ့... ေအာ္ ေအး ပထမ ယုံေတာင္မယုံဘူး။ သူက လုပ္တာကိုင္တာလည္း ေတာ္ပါတယ္။ လူလည္း ေအးလည္းေအးပါတယ္။စိတ္မေကာင္းျဖစ္ရတာေပါ့ဗ်ာ။”

ဒီအေပၚ NUG အစိုးရ လူ႔အခြင့္ေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကေတာ့ အခုလို ေျပာပါတယ္။

"အခုဒီကိစၥနဲ႔ပတ္သက္လို႔ ဘယ္သူေတြက က်ဳးလြန္ၿပီးေတာ့ ဘာေၾကာင့္ က်ဳးလြန္တယ္ ဆိုတဲ့ အေၾကာင္းအရာေတြကေတာ့ ေျပာစရာအမ်ားႀကီးရွိေနပါတယ္။ အခုထက္ထိ အေျဖမထုတ္ႏိုင္ေသးပါဘူး။ ဟိုဘက္ ဒီဘက္ စြက္စြဲတာလည္းရွိသလို တခ်ိဳ႕ကေတာ့ ဒါက ေငြေရးေၾကးေရး အရႈပ္အေထြး တျခားေသာ ျပႆနာေတြေၾကာင့္ ျဖစ္တယ္လို႔လည္း ေျပာၾကတာေတြလည္း ရွိပါတယ္။ဒါေပမဲ့ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုမ်ိဳးကိစၥေတြမွာ စစ္တပ္နဲ႔ပတ္သက္ၿပီးလုပ္ေဆာင္ေနတဲ့သူေတြ၊ မတရားသတ္ျဖတ္မူေတြမျဖစ္ဖို႔အတြက္ က်ေနာ္တို႔ဘက္က လိုအပ္တဲ့ ထုတ္ျပန္ေၾကညာခ်က္ေတြ၊ အသိေပးတိုက္တြန္းတာေတြ၊ ေနာက္တခါ လိုက္နာရမဲ့ ပုံစံမ်ိဳးေတြ လုပ္ေဆာင္ထားပါတယ္။ အဲ့ဒိေတာ့ ဒီလိုမ်ိဳးကိစၥမွာ တကယ္လို႔မ်ား မွန္ကန္တဲ့ ပုံစံနဲ႔ အေရးယူေဆာင္႐ြက္မူေတြ ရွိႏိုင္မလား မရွိႏိုင္မလား ဒါကေတာ့ တရားဥပေဒပိုင္းဆိုင္ရာ က်ေနာ္တို႔ ျပန္ၿပီးေတာ့ ၾကည့္ရမွာ ျဖစ္ပါတယ္။"

တကယ္ေတာ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းအၿပီး ဆန႔္က်င္မႈေတြျဖစ္လာကာ၊ စစ္တပ္ ဖက္စပ္ပိုင္ Mytel တာဝါတိုင္ေတြကို တိုက္ခိုက္ခဲ့ရာကေန အခု Mytel အရာရွိႀကီး ပစ္ခံရမူျဖစ္လာခ်ိန္မွာ ေနာက္ထပ္ အလားတူပစ္ခတ္မႈေတြ ပိုျပင္းထန္လာမွာကိုလည္း စိုးရိမ္မႈေတြရွိေနတယ္လို႔ သုံးသပ္သူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


***************

{{Unicode}}

လုံခြုံရေးနဲ့ပတ်သက်လို့ ၁၀၀% အာမခံနိုင်တဲ့ နိုင်ငံမရှိ - ဗိုလ်ချုပ်ဇော်မင်းထွန်း

ဘယ်နိုင်ငံမှာမှ လုံခြုံရေးနဲ့ပတ်သက်ပြီး ၁၀၀% အာမခံနိုင်တယ်ဆိုတာ မရှိပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဗီယက်နမ်စစ်တပ် ဖက်စပ်ပိုင် MyTel ဆက်သွယ်ရေးကုမ္ပဏီ ထိပ်တန်းအရာရှိတဦး လုပ်ကြံခံခဲ့ရလို့ သေဆုံးခဲ့တာ၊ ဒီနေ့လည်း ကျောင်းဆရာမတဦး အသတ်ခံခဲ့ရတာ စတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီက အခုလို တုံ့ပြန်ပြောဆိုတာပါ။ ဒီဖြစ်ရပ်တွေအပေါ် မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်တွေအပါအဝင် NUG အစိုးရဘက်ကရော ဘယ်လိုတုံ့ပြန်ပါသလဲ ... ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

ဒီအကြမ်းဖက်မူတွေဆက်တိုက်ဖြစ်လာတဲ့အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးရာမှာ အခုလိုစရှင်းပြပါတယ်။

“ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ Mytel က တာဝန်ခံတယောက် သတ်ခံရတဲ့ဖြစ်စဉ်မှာတော့ သူကတော့ သေဆုံးသွားတယ်။ သူ့အမျိုးသမီးကတော့ အခု ဆေးရုံမှာရှိတယ်၊ အခြေအနေတော့ ကောင်းပါတယ်။ဒီ (ကျောင်း) ဆရာမကို ပစ်ခတ်တာနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်။ဆက်စပ်ပြီးဖော်ထုတ်ရမဲ့ဟာလေးတွေလည်းရှိပါတယ်။ပြစ်မှုကျုးလွန်သူများကိုလည်း ဖမ်းဆီးရမိဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

...အဓိကတော့ မည်သည့်နိုင်ငံမှာမှ လုံခြုံရေးနဲ့ပတ်သက်ပြီး ၁၀၀ ရာခိုင်နှုန်း အာမခံနိုင် တယ်ဆိုတာတော့ မရှိပါဘူး။အဖျက်လုပ်ငန်းတွေလုပ်ဆောင်နေတဲ့သူတွေရှိနေသမျှ ကတော့ ဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ချွတ်ယွင်းအားနည်းချက် တချို့တော့ ရှိနေဦးမှာ အမှန်ပဲ။ သို့သော် ဒါတွေကို ကျနော်တို့ ပြည်သူလူထုအနေနဲ့ ယခင်ကလိုပဲ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားရင် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို မကြာခင်မှာ ပြန်လည်ရောက်ရှိလာပါမယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကလည်း နေ့စဉ် ကျွန်တော်တို့လည်း သတင်းထုတ်ပြန်လျှက်ရှိပါတယ်။ကွင်းဆက်ဖမ်းမိတဲ့တရာခံတွေအများကြီး ရရှိပြီးဖြစ်ပါတယ်။ ဒါ ငွေကြေးထောက်ပံ့တဲ့ အရင်းအမြစ်တွေ၊လက်နက်ထောက်ပံ့တဲ့ အရင်းအမြစ်တွေကိုလည်း ဖြတ်တောက်နိုင်အောင် ဆောင်ရွက် လျှက်ရှိပါတယ်။”

အခုလို Mytel ဘဏ္ဍာရေးအရာရှိချုပ်နဲ့ အငြိမ်းစားရေတပ်အရာရှိ ဦးသိန်းအောင်နဲ့ဇနီးတို့ အိမ်နား လမ်းလျှောက်နေစဉ် အခုလို အပစ်ခံခဲ့ရတဲ့အပေါ် အမည်မဖော်လိုတဲ့ မိတ်ဆွေရင်း တဦးကလည်း အခုလို ပြောပါတယ်။

“ဒီလိုမျိုး အကြောင်းမဲ့ သတ်ဖြတ်တာတွေကတော့ မကောင်းဘူးပေါ့နော်။အထူးသဖြင့် မြို့ပေါ်မှာ အခုဖြစ်တဲ့နေရာတွေကို ကြည့်လိုက်ရင် (ရန်ကုန်) အင်းစိန်လမ်းမပေါ်မှာ ဖြစ်တယ်၊ အခု ၇ မိုင် တေးနုယဉ်လမ်းဆိုတာ ပြည်လမ်းနဲ့ မလှမ်းမကမ်းမှာပဲရှိတယ်။အများပြည်သူရှေ့မှာ လုပ်တာတွေက ၂ ဘက်စလုံးအတွက် အနာတရဖြစ်စေတယ်၊ နာကျည်းချက်တွေဖြစ်စေတယ်။ ဒီလိုလုပ်တဲ့ အလေ့အထတွေကို ဆက်ပြီးတော့ မလုပ် သင့်ဘူးပေါ့နော်။တကယ်တော့ ဒီလူတွေဟာ တနည်းတဖုံအားဖြင့် တိုက်ရိုက်ပတ်သက်တဲ့လူဖြစ်ချင်ဖြစ်မယ် သွယ်ဝိုက်ပတ်သက်တဲ့လူ ဖြစ်ရင်ဖြစ်မယ်။ လူတွေကတော့ လူ့အသိုင်းအဝိုင်းမှာနေရင် တယောက်နဲ့တယောက် ပတ်သက်မှုတွေကတော့ရှိနေမှာပဲ၊အဲ့လိုရှိနေတဲ့လူတွေကို သူက တဘက်သတ်စွပ်စွဲပြီးတော့ လက်နက်နဲ့အကြမ်းဖက်သတ်ဖြတ်တာမျိုး ဖြစ်နေတာပေါ့။ဒီလူတွေကလည်း ပြန်ပြီးတော့ ခုခံကာကွယ်ဖို့အတွက် သူတို့မှာ လက်နက်လည်း မရှိဘူးလေ။ ဒီလက်နက်မရှိတဲ့ပြည်သူတွေကို တဘက်သတ်စွပ်စွဲချက်လေးနဲ့ သတ်ဖြတ်တာကတော့ မြန်မာ့ လူ့အသိုင်းအဝိုင်းမှာ ဒီလိုယဉ်ကျေးမူတွေ၊ လုပ်နည်းလုပ်ဟန်တွေကို လုံးဝမဖြစ်ပေါ်လာဖို့ အဆုံးသတ်သွားဖို့ ဖြစ်စေချင်ပါတယ်။”

ဒါ့အပြင် နောက် အမည်မဖော်လိုတဲ့ ဦးသိန်းအောင်ရဲ့ လုပ်ဖော်ကိုင်ဘက်တဦးကလည်း အခုလို ပြောပါတယ်။

“စိတ်မကောင်းတော့ ဖြစ်ရတာပေါ့ဗျာ၊ ကျနော်တို့က လုပ်ဖော်ကိုင်ဘက်တွေ၊ အတူတူလုပ်လာတာလေ၊ ဘာပဲပြောပြော သူနဲ့ဆို ကျနော်ကအစကတည်းကပေါ့ အတူတူ လုပ်လာခဲ့တာဆိုတော့ ဒီလိုမျိုးကြီးဖြစ်သွားတယ်ဆိုတဲ့ကျတော့ တော်တော်လေးတော့စိတ်မကောင်းဖြစ်ရတာပေါ့၊ Shock ရတာပေါ့နော်။ ယုံတောင်မယုံဘူး။ ဟုတ်ကော ဟုတ်ကဲ့လားပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီရက်ပိုင်းအတွင်း ကျနော် သူ့ကိုဖုန်းခေါ်သေးတယ်။ဖုန်းခေါ်တော့ သူမကိုင်တော့ နေမကောင်းဖြစ်တာနဲ့ တူပါတယ်ပေါ့နော၊် ကျနော် ထင်တာ။နောက်ကျမှ ဒီလိုမျိုးဖြစ်တယ်ဆိုတော့... အော် အေး ပထမ ယုံတောင်မယုံဘူး။ သူက လုပ်တာကိုင်တာလည်း တော်ပါတယ်။ လူလည်း အေးလည်းအေးပါတယ်။စိတ်မကောင်းဖြစ်ရတာပေါ့ဗျာ။”

ဒီအပေါ် NUG အစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အခုလို ပြောပါတယ်။

"အခုဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူတွေက ကျုးလွန်ပြီးတော့ ဘာကြောင့် ကျုးလွန်တယ် ဆိုတဲ့ အကြောင်းအရာတွေကတော့ ပြောစရာအများကြီးရှိနေပါတယ်။ အခုထက်ထိ အဖြေမထုတ်နိုင်သေးပါဘူး။ ဟိုဘက် ဒီဘက် စွက်စွဲတာလည်းရှိသလို တချို့ကတော့ ဒါက ငွေရေးကြေးရေး အရှုပ်အထွေး တခြားသော ပြဿနာတွေကြောင့် ဖြစ်တယ်လို့လည်း ပြောကြတာတွေလည်း ရှိပါတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးကိစ္စတွေမှာ စစ်တပ်နဲ့ပတ်သက်ပြီးလုပ်ဆောင်နေတဲ့သူတွေ၊ မတရားသတ်ဖြတ်မူတွေမဖြစ်ဖို့အတွက် ကျနော်တို့ဘက်က လိုအပ်တဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အသိပေးတိုက်တွန်းတာတွေ၊ နောက်တခါ လိုက်နာရမဲ့ ပုံစံမျိုးတွေ လုပ်ဆောင်ထားပါတယ်။ အဲ့ဒိတော့ ဒီလိုမျိုးကိစ္စမှာ တကယ်လို့များ မှန်ကန်တဲ့ ပုံစံနဲ့ အရေးယူဆောင်ရွက်မူတွေ ရှိနိုင်မလား မရှိနိုင်မလား ဒါကတော့ တရားဥပဒေပိုင်းဆိုင်ရာ ကျနော်တို့ ပြန်ပြီးတော့ ကြည့်ရမှာ ဖြစ်ပါတယ်။"

တကယ်တော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ဆန့်ကျင်မှုတွေဖြစ်လာကာ၊ စစ်တပ် ဖက်စပ်ပိုင် Mytel တာဝါတိုင်တွေကို တိုက်ခိုက်ခဲ့ရာကနေ အခု Mytel အရာရှိကြီး ပစ်ခံရမူဖြစ်လာချိန်မှာ နောက်ထပ် အလားတူပစ်ခတ်မှုတွေ ပိုပြင်းထန်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #MyTel #ဗွီအိုအေမြန်မာပိုင်း

***************

XS
SM
MD
LG