သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA တပ်ဖွဲ့ဝင် အမည်စာရင်း မြန်မာက ဘင်္ဂလားဒေ့ရှ် ပေးအပ်


ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ရိုဟင်ဂျာ တချို့ (သြဂုတ်လ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ရိုဟင်ဂျာ တချို့ (သြဂုတ်လ ၂၀၁၇)

ARSA လို့ခေါ်တဲ့ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ဝင် ၁၃၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ ပေးအပ်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ ငြိမ်ဝတ်ပိပြားမှု ပူပေါင်းဆောင်ရွက်ရေး ဗဟိုအဆင့် အစည်းအဝေးမှာ အခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြန်မာပြန်ကြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Daily Star သတင်းမှာဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ကလည်း ၁၉၈၀ ခုနှစ် မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်သဘောတူညီချက်အရ အာဆာ (ARSA) အစွန်းရောက်အဖွဲ့ဝင်တွေကို သက်ဆိုင်ရာ အပစ်ကျူးလွန်ခဲ့တဲ့နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း အသိပေးခဲ့ပြီး သူတို့ကို ဥပဒေအရ အရေးယူနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီးဖေါ်ပြထားပါတယ်။

မြန်မာအစိုးရက ပြည်ဝင်ခွင့်ပေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ထားခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူး စုံစမ်းရေးမှုး Yanghee Lee ဟာ ဒီကနေ့ ကြာသာပတေးနေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆိုက်ရောက်လာဖို့ရှိပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး အဲဒီကနေ ထိုင်းနိုင်ငံကို ဇန်နဝါရီလ ၃၀ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်စဉ် ဒက္ကာမြို့နဲ့ ဒုက္ခသည်စခန်းတွေရှိရာ Cox’s Bazar တို့ကို သွားရောက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ညှင်းပမ်းနှိပ်စက် မှုတွေကြောင့် အိုးအိမ်စွန့်ခွာပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ၊ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG