NUG အမျိုးသား ညီညွတ်ရေး အစိုးရက ဒီလထဲမှာပဲ စတင်လိုက်တဲ့ ရေဒီယို အသံလွှင့်လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေပါတယ်။ အင်တာနက် ဆိုရှယ်မီဒီယာတွေကနေ သတင်းတွေကြည့်ရှု နားဆင်လို့ရတဲ့ ၂၁ ရာစုခေတ်မှာ လှိုင်းတို၊ လှိုင်းလတ်မီတာတွေနဲ့ ထုတ်လွှင့်တဲ့ ရေဒီယိုအစီအစဉ်ကို NUG အစိုးရက ဘယ်လို ရည်ရွယ်ချက်နဲ့ စတင်လိုက်တာပါလဲ၊
စစ်အာဏာသိမ်းပြီး ၇လ နီးပါးကြာပြီးနောက် သြဂုတ်လ တတိယပတ်မှာ စတင်ထုတ်လွှင့်လိုက်တဲ့ မိနစ် ၃၀ ကြာနေ့စဉ် တင်ဆက်နေတဲ့ NUG ရေဒီယို အစီအစဉ်ဟာ အရင် NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရ ကလုပ်ဆောင်ခဲ့တဲ့ ရေဒီယို အစီအစဉ်နဲ့ ကွားခြားချက်၊ တူညီချက်တွေ ဘာတွေရှိနေလဲ။
NUG ဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင် နဲ့ NCGUB အဝေးရောက်ညွန့်ပေါင်းအစိုးရဟောင်း ၀န်ကြီး ဒေါက်တာတင့်ဆွေ တို့ကို မအင်ကြင်းနိုင်က ဗွီဒီယို ကွန်ဖရင့် နဲ့ဆက်သွယ်မေးမြန်းထားပါတယ်။