သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာတာမွာ ျမန္မာသေဘၤာေတြ ကမ္းကပ္ခြင့္မျပဳဖို႔ လူ႔အခြင့္အေရးအဖြဲ႔တိုက္တြန္း


ျမန္မာစစ္တပ္ပိုင္ ကုန္တင္သေဘၤာေတြကို ကာတာႏိုင္ငံ ဆိပ္ကမ္းေတြမွာ ကမ္းကပ္ခြင့္ ဆက္မေပးဖို႔ ၿဗိတိန္အေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႔ Burma Campaign UK က တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ ကမာၻ႔ဖလားေဘာလုံးပြဲေတြကို အိမ္ရွင္အျဖစ္ က်င္းပေနတဲ့ ကာတာႏိုင္ငံအေနနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနတဲ့ အာဏာသိမ္း ျမန္မာစစ္တပ္ပိုင္ သေဘၤာေတြကို ကာတာႏိုင္ငံထဲ ဝင္ေရာက္ခြင့္ မျပဳသင့္ေတာ့ဘူးလို႔ Burma Campaign UK ဒီကေန႔ပဲ ေၾကညာခ်က္ ထုတ္ျပန္တိုက္တြန္းလိုက္တာပါ။

ျမန္မာစစ္တပ္ရဲ႕ ဦးပိုင္ကုမၸဏီပိုင္ ၾကယ္ငါးပြင့္ သေဘၤာလိုင္းက 'ဦးသာ'အမည္ရွိ ကုန္တင္သေဘၤာႀကီးဟာ ေလာေလာဆယ္ ကာတာႏိုင္ငံ Hamad ဆိပ္ကမ္းမွာ ဆိုက္ကပ္ထားတယ္လို႔ ဒီလူ႔အခြင့္အေရးအဖြဲ႔က ေျပာပါတယ္။ ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီလီမီတက္ဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ ျမန္မာစစ္တပ္ကို ေငြေထာက္ပံ့ ေပးေနတာေၾကာင့္ အေမရိကန္၊ ၿဗိတိန္၊ ကေနဒါနဲ႔ ဥေရာပသမဂၢ ႏိုင္ငံေတြရဲ႕ စီးပြားေရး ပိတ္ဆို႔ဒဏ္ခတ္ ခံထားရတဲ့ စီးပြားေရးလုပ္ငန္း ျဖစ္ေနတာကိုလည္း ဒီအဖြဲ႔က ေထာက္ျပပါတယ္။

ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အဆုံးသတ္ေရး ကုလသမဂၢ အေထြေထြညီလာခံ ဆုံးျဖတ္ခ်က္ကို ကာတာႏိုင္ငံက ေထာက္ခံ ခဲ့ေပမဲ့၊ အခုလို ကုန္တင္သေဘၤာေတြ ဆိုက္ကပ္ခြင့္ ေပးေနတာေၾကာင့္ ျမန္မာစစ္တပ္အတြက္ ဝင္ေငြရေအာင္ အားေပးရာ ေရာက္ေနတယ္လို႔ Burma Campaign UK က ေထာက္ျပပါတယ္။

ဒါ့အျပင္ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖစ္မႈနဲ႔ ျမန္မာစစ္တပ္ကို ႏိုင္ငံတကာတရား႐ုံးမွာ စစ္ေဆးေနတာေတြနဲ႔ ပတ္သက္လို႔လည္း အစၥလာမ္မစ္ ပူးေပါင္း ေဆာင္႐ြက္ေရး OIC အဖြဲ႔ဝင္ျဖစ္တဲ့ ကာတာက ေထာက္ခံထားတာ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမွာ ျမန္မာစစ္တပ္ပိုင္ ေသဘၤာေတြကို ဆက္ခြင့္မျပဳသင့္ေတာ့ဘူးလို႔ Burma Campaign UK အဖြဲ႔က ေထာက္ျပေျပာဆိုထားပါတယ္။

===== Unicode =====

မြန်မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောတွေကို ကာတာနိုင်ငံ ဆိပ်ကမ်းတွေမှာ ကမ်းကပ်ခွင့် ဆက်မပေးဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Campaign UK က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ကာတာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ပိုင် သင်္ဘောတွေကို ကာတာနိုင်ငံထဲ ဝင်ရောက်ခွင့် မပြုသင့်တော့ဘူးလို့ Burma Campaign UK ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။

မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီပိုင် ကြယ်ငါးပွင့် သင်္ဘောလိုင်းက 'ဦးသာ'အမည်ရှိ ကုန်တင်သင်္ဘောကြီးဟာ လောလောဆယ် ကာတာနိုင်ငံ Hamad ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ ဒီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်ဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ မြန်မာစစ်တပ်ကို ငွေထောက်ပံ့ ပေးနေတာကြောင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် ခံထားရတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်နေတာကိုလည်း ဒီအဖွဲ့က ထောက်ပြပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ကာတာနိုင်ငံက ထောက်ခံ ခဲ့ပေမဲ့၊ အခုလို ကုန်တင်သင်္ဘောတွေ ဆိုက်ကပ်ခွင့် ပေးနေတာကြောင့် မြန်မာစစ်တပ်အတွက် ဝင်ငွေရအောင် အားပေးရာ ရောက်နေတယ်လို့ Burma Campaign UK က ထောက်ပြပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြစ်မှုနဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးမှာ စစ်ဆေးနေတာတွေနဲ့ ပတ်သက်လို့လည်း အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး OIC အဖွဲ့ဝင်ဖြစ်တဲ့ ကာတာက ထောက်ခံထားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာစစ်တပ်ပိုင် သေင်္ဘာတွေကို ဆက်ခွင့်မပြုသင့်တော့ဘူးလို့ Burma Campaign UK အဖွဲ့က ထောက်ပြပြောဆိုထားပါတယ်။

XS
SM
MD
LG