သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းနယ္ျခားေစာင့္ရဲ စက္ေရယာဥ္ ျမန္မာတပ္ပစ္ခတ္


ထိုင္းအလံလႊင့္ထူထားတဲ့ ထိုင္းစက္ေလွ။

ZAWGYI/UNICODE ထိုင္းျမန္မာနယ္စပ္ မယ္ေဟာင္ေဆာင္ျပည္နယ္ မယ္စရင္းေဒသက သံလြင္ျမစ္အတြင္းသြားလာတဲ့ ထိုင္းနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ရဲ႕ စက္ေရယာဥ္တစင္းကို ျမန္မာစစ္တပ္က ပစ္ခတ္ခဲ့ပါတယ္။ ထိုင္းအလံလႊင့္ထားတဲ့ စစ္ေလွကို ျမန္မာဘက္က ပစ္ခတ္တာဟာ စစ္ေဆးဖို႔ တားတဲ့သေဘာျဖစ္တယ္လို႔ ထိုင္းဘက္ကေတာ့ ေျပာပါတယ္။ ျမန္မာဘက္အျခမ္း သံလြင္ျမစ္ကမ္းမွာ ေသာတင္ေနတဲ့ ကရင္ဒုကၡသည္ေတြအတြက္ ေထာက္ပံ့ေရးပစၥည္းေတြ သြားေပးတဲ့ စက္ေလွတစီးကိုလည္း ျမန္မာတပ္ေတြဘက္က ဒီရက္ပိုင္း ပစ္ခတ္ခဲ့တဲ့ အေျခအေနကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ျမန္မာနဲ႔ ထိုင္းႏိုင္ငံ နယ္စပ္ သံလြင္ျမစ္ထဲသြားေနတဲ့ ထိုင္းနယ္ျခားေစာင့္တပ္ ၃၃၇ ကရဲတပ္ဖြဲ႕ဝင္ေတြစီးလာတဲ့ စက္ေလွတစင္း ဧၿပီလ ၂၂ ရက္ေန႔က ပစ္ခတ္ခံရတယ္ဆိုတာကို အမွတ္၃၃၇ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕အႀကီးအကဲ Pol.Lt. Col. Niran Chaiyarat နိရမ္ ခ်ိဳင္ယာရပ္က ဒီေန႔ အတည္ျပဳခဲ့ပါတယ္။ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ျပည္နယ္ Baan Tha Ta Fang ေက်း႐ြာအနီး ျမန္မာဘက္ကေတာ့ မယ္ခါထာေခၚ မယ္သရစ္ကလို ဖက္မွာ ပစ္ခတ္ခံရတာျဖစ္ပါတယ္။

စစ္ေကာင္စီတပ္ေတြ ျမန္မာဘက္အျခမ္းကေန လွမ္း ပစ္ခတ္မႈအတြင္း ထိခိုက္ ဒဏ္ရာရမႈ မရွိသလို ထိုင္းဘက္က ျပန္လည္ ပစ္ခတ္တာမ်ိဳးလည္း မရွိခဲ့ဘူးလို႔ ဆိုပါတယ္။ ထိုင္းအလံလႊင့္ထူထားတဲ့ စက္ေလွကို ပစ္ခတ္တာဟာ ၿခိမ္းေျခာက္ ပစ္ခတ္တာမဟုတ္ပဲ စစ္ေဆးဖို႔ ရပ္တန႔္ခိုင္းတဲ့အေနနဲ႔ သတိေပးပစ္ခတ္တာလို႔ အမွတ္ ၃၃၇ ရဲ႕ ထိုင္းရဲမႉးက ထုတ္ျပန္ေျပာဆိုပါတယ္။ ထိုင္းနယ္ျခားေစာင့္တပ္ ယူနီေဖာင္းဝတ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ ၄ ေယာက္ပါလာတဲ့ စက္ေလွကို ျမန္မာတပ္ေတြဘက္က တစ္နာရီခန႔္ စစ္ေဆးၿပီးမွ ျပန္လည္ထြက္ခြာခြင့္ျပဳခဲ့တယ္လို႔ ထိုင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

အခုျဖစ္ရပ္ျဖစ္ခဲ့ၿပီးေနာက္ ႏြစၷိဳင္ငံၾကားက သံလြင္ျမစ္ထဲမြာ အက်ိဳးတူ ခြဲေဝ သြားလာလုပ္ကိုင္စားေသာက္ေနတဲ့ ထိုင္းစက္ေလွေတြကို ေနာက္ထပ္ပစ္ခတ္တာမ်ိဳးေတြမလုပ္ဘို႔နဲ႔ TBC ႏွစ္ႏိုင္ငံနယ္ျခားေကာ္မတီ သေဘာတူညီခ်က္ေတြကို လိုက္နာဖို႔အတြက္ ႏွစ္ႏိုင္ငံ နယ္စပ္အာဏာပိုင္ေတြ ေဆြးေႏြးညႇိႏႈိင္းေနၾကတယ္လို႔ ထိုင္းနယ္ျခားေစာင့္ရဲတပ္ဖြဲ႕အမွတ္၃၃၇ က တာဝန္ရွိသူ ရွင္းလင္းသြားတာကို လည္း ထိုင္းသတင္းေတြမွာေဖၚျပၾကပါတယ္။

ထိုင္းနယ္ျခားေစာင့္တပ္ စက္ေလွကို ျမန္မာတပ္ေတြက လွမ္းပစ္တဲ့ ျဖစ္ရပ္ေၾကာင့္ သံလြင္ျမစ္ထဲ သြားလာေနတဲ့ ထိုင္း စက္ေလွ အစီး ၂၀ ေက်ာ္ သြားလာမႈ ယာယီရပ္ဆိုင္းခဲ့ရပါတယ္။ ထိုင္းေဒသခံ ေက်း႐ြာသားေတြကလည္း သူတို႔ေတြကို ကာကြယ္ေပးဖို႔ထိုင္းအာဏာပိုင္ေတြထံမွာ ေတာင္းဆိုခဲ့ၾကပါတယ္။ ခုလိုထိုင္းနယ္ျခားေစာင့္တပ္ရဲ႕ စက္ေလွ အပစ္မခံရခင္ ထိုင္းအရပ္သားေလွေတြကို ျမန္မာဘက္က ပစ္ခတ္မႈ ဧၿပီလထဲမွာ ၂ ႀကိမ္ေလာက္ ျဖစ္ခဲ့ပါတယ္။ ဒါနဲ႔ပါတ္သက္လို႔ ကရငႅဴ့အခြင့္အေရးအုပ္စုရဲ႕ေျပာေရးဆိုခြင့္ရွိသူ ေစာနႏၵဆူးကအခုလိုေျပာပါတယ္။

"ဒါကေတာ့သူတို႔မလုပ္သင့္ဘူးေပါ့ေနာ္ ဘာေၾကာင့္လဲဆိုေတာ့ ဒါက ျပည္သူေတြသုံးေနတဲ့လမ္းေၾကာင္းျဖစ္တယ္ သူတို႔က ထိုင္းကိုပဲျဖစ္ျဖစ္ ထိုင္းျပည္သူကိုပဲျဖစ္ျဖစ္လုပ္တာက ပဋိပကၡျဖစ္ေစတဲ့ လုပ္ေဆာင္မူျဖစ္တယ္ သြားလာေနတဲ့လူထုကိုပစ္တာ ျပည္သူရဲ လြတ္လပ္စြာသြားလာခြင့္ကိုပိတ္ပင္တာလည္းျဖစ္တယ္ သူတို႔နဲ႔ထိုင္းနဲ႔ကဘယ္လိုျပသနာျဖစ္လဲေတာ့ က်ေနာ္တို႔ ေျပာမတတ္ဘူး ဒါေပမယ့္တည္ၿငိမ္မူမရွိေအာင္လုပ္ေဆာင္တဲ့သေဘာပဲ ဒီလိုေသနတ္နဲ႔ေျခာက္လွန႔္ပစ္ေတာ့ ျပည္သူလူထုက သြားလာမရဲဘူး ေၾကာက္လန႔္ေနၾကရတာေပါ့"

ကရင္ျပည္နယ္ထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ နယ္စပ္ဘက္ထြက္ေျပးတိမ္းေရွာင္ၾကတဲ့ ကရင္႐ြာသားေသာင္းနဲ႔ခ်ီ သံလြင္ျမစ္ကမ္းနားက ေဒသေတြမွာ ခိုလႈံေနၾကပါတယ္။ စားေသာက္ ေနထိုင္ေရး ဒုကၡျဖစ္ေနတဲ့ စစ္ေျပး ကရင္ဒုကၡသည္ေတြကို ထိုင္းႏိုင္ငံဘက္က ပရဟိတလုပ္သူေတြက ကူညီကယ္ဆယ္ေရးပစၥည္းေတြကို သံလြင္ျမစ္ကို ျဖတ္ၿပီး သြားေရာက္ေပးေဝခဲ့ၿပီးေနာက္မွာ အခုလို ျမန္မာစစ္တပ္က ထိုင္းစက္ေလွေတြကို လွမ္းပစ္ေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ပြည်နယ် မယ်စရင်းဒေသက သံလွင်မြစ်အတွင်းသွားလာတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ စက်ရေယာဉ်တစင်းကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ပါတယ်။ ထိုင်းအလံလွှင့်ထားတဲ့ စစ်လှေကို မြန်မာဘက်က ပစ်ခတ်တာဟာ စစ်ဆေးဖို့ တားတဲ့သဘောဖြစ်တယ်လို့ ထိုင်းဘက်ကတော့ ပြောပါတယ်။ မြန်မာဘက်အခြမ်း သံလွင်မြစ်ကမ်းမှာ သောတင်နေတဲ့ ကရင်ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သွားပေးတဲ့ စက်လှေတစီးကိုလည်း မြန်မာတပ်တွေဘက်က ဒီရက်ပိုင်း ပစ်ခတ်ခဲ့တဲ့ အခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မြန်မာနဲ့ ထိုင်းနိုင်ငံ နယ်စပ် သံလွင်မြစ်ထဲသွားနေတဲ့ ထိုင်းနယ်ခြားစောင့်တပ် ၃၃၇ ကရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ စက်လှေတစင်း ဧပြီလ ၂၂ ရက်နေ့က ပစ်ခတ်ခံရတယ်ဆိုတာကို အမှတ်၃၃၇ နယ်ခြားစောင့် ရဲတပ်ဖွဲ့အကြီးအကဲ Pol.Lt. Col. Niran Chaiyarat နိရမ် ချိုင်ယာရပ်က ဒီနေ့ အတည်ပြုခဲ့ပါတယ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ် Baan Tha Ta Fang ကျေးရွာအနီး မြန်မာဘက်ကတော့ မယ်ခါထာခေါ် မယ်သရစ်ကလို ဖက်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ မြန်မာဘက်အခြမ်းကနေ လှမ်း ပစ်ခတ်မှုအတွင်း ထိခိုက် ဒဏ်ရာရမှု မရှိသလို ထိုင်းဘက်က ပြန်လည် ပစ်ခတ်တာမျိုးလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ထိုင်းအလံလွှင့်ထူထားတဲ့ စက်လှေကို ပစ်ခတ်တာဟာ ခြိမ်းခြောက် ပစ်ခတ်တာမဟုတ်ပဲ စစ်ဆေးဖို့ ရပ်တန့်ခိုင်းတဲ့အနေနဲ့ သတိပေးပစ်ခတ်တာလို့ အမှတ် ၃၃၇ ရဲ့ ထိုင်းရဲမှူးက ထုတ်ပြန်ပြောဆိုပါတယ်။ ထိုင်းနယ်ခြားစောင့်တပ် ယူနီဖောင်းဝတ်နဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ပါလာတဲ့ စက်လှေကို မြန်မာတပ်တွေဘက်က တစ်နာရီခန့် စစ်ဆေးပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် နွစ္နိုင်ငံကြားက သံလွင်မြစ်ထဲမွာ အကျိုးတူ ခွဲဝေ သွားလာလုပ်ကိုင်စားသောက်နေတဲ့ ထိုင်းစက်လှေတွေကို နောက်ထပ်ပစ်ခတ်တာမျိုးတွေမလုပ်ဘို့နဲ့ TBC နှစ်နိုင်ငံနယ်ခြားကော်မတီ သဘောတူညီချက်တွေကို လိုက်နာဖို့အတွက် နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်တွေ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ်၃၃၇ က တာဝန်ရှိသူ ရှင်းလင်းသွားတာကို လည်း ထိုင်းသတင်းတွေမှာဖေါ်ပြကြပါတယ်။

ထိုင်းနယ်ခြားစောင့်တပ် စက်လှေကို မြန်မာတပ်တွေက လှမ်းပစ်တဲ့ ဖြစ်ရပ်ကြောင့် သံလွင်မြစ်ထဲ သွားလာနေတဲ့ ထိုင်း စက်လှေ အစီး ၂၀ ကျော် သွားလာမှု ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ထိုင်းဒေသခံ ကျေးရွာသားတွေကလည်း သူတို့တွေကို ကာကွယ်ပေးဖို့ထိုင်းအာဏာပိုင်တွေထံမှာ တောင်းဆိုခဲ့ကြပါတယ်။ ခုလိုထိုင်းနယ်ခြားစောင့်တပ်ရဲ့ စက်လှေ အပစ်မခံရခင် ထိုင်းအရပ်သားလှေတွေကို မြန်မာဘက်က ပစ်ခတ်မှု ဧပြီလထဲမှာ ၂ ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပါတ်သက်လို့ ကရင္လူ့အခွင့်အရေးအုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကအခုလိုပြောပါတယ်

"ဒါကတော့သူတို့မလုပ်သင့်ဘူးပေါ့နော် ဘာကြောင့်လဲဆိုတော့ ဒါက ပြည်သူတွေသုံးနေတဲ့လမ်းကြောင်းဖြစ်တယ် သူတို့က ထိုင်းကိုပဲဖြစ်ဖြစ် ထိုင်းပြည်သူကိုပဲဖြစ်ဖြစ်လုပ်တာက ပဋိပက္ခဖြစ်စေတဲ့ လုပ်ဆောင်မူဖြစ်တယ် သွားလာနေတဲ့လူထုကိုပစ်တာ ပြည်သူရဲ လွတ်လပ်စွာသွားလာခွင့်ကိုပိတ်ပင်တာလည်းဖြစ်တယ် သူတို့နဲ့ထိုင်းနဲ့ကဘယ်လိုပြသနာဖြစ်လဲတော့ ကျနော်တို့ ပြောမတတ်ဘူး ဒါပေမယ့်တည်ငြိမ်မူမရှိအောင်လုပ်ဆောင်တဲ့သဘောပဲ ဒီလိုသေနတ်နဲ့ခြောက်လှန့်ပစ်တော့ ပြည်သူလူထုက သွားလာမရဲဘူး ကြောက်လန့်နေကြရတာပေါ့"

ကရင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဘက်ထွက်ပြေးတိမ်းရှောင်ကြတဲ့ ကရင်ရွာသားသောင်းနဲ့ချီ သံလွင်မြစ်ကမ်းနားက ဒေသတွေမှာ ခိုလှုံနေကြပါတယ်။ စားသောက် နေထိုင်ရေး ဒုက္ခဖြစ်နေတဲ့ စစ်ပြေး ကရင်ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က ပရဟိတလုပ်သူတွေက ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို သံလွင်မြစ်ကို ဖြတ်ပြီး သွားရောက်ပေးဝေခဲ့ပြီးနောက်မှာ အခုလို မြန်မာစစ်တပ်က ထိုင်းစက်လှေတွေကို လှမ်းပစ်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG