သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလုပ်ရပ် မြန်မာဝေဖန်


အင်ဒိုနီးရှားနိုင်ငံမှာ ရိုဟင်ဂျာအရေး ဆန္ဒပြနေကြစဉ်
အင်ဒိုနီးရှားနိုင်ငံမှာ ရိုဟင်ဂျာအရေး ဆန္ဒပြနေကြစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် စီးနင်းတိုက်ခိုက် မှု ဖြစ်စဉ်တွေပြီး တဲ့နောက် မြန်မာ့တပ်မတော် က နယ်မြေရှင်းလင်းရင်းနဲ့ အကြမ်းဖက်မှုမှာ ပါဝင်တယ်ဆိုပြီးသံသယရှိတဲ့ ရွာသားတွေကို ရာနဲ့ချီပြီးဖမ်းဆီး စစ်ဆေးတာ အရေးယူတာအပြင် နှစ်ဖက်ပစ်ခတ်မူတွေအတွင်းမှာ လူ (၇၀) ထက်မနည်း သေ ဆုံးမှုတွေ ရှိခဲ့ပါ တယ်။ဒီအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ ရိုဟင်ဂျာ မွတ်ဆ လင်တွေ ဟာလူအခွင့်ရေး ချိုးဖောက် တာခံရနေရတယ်ဆိုပြီး မြန်မာအစိုးရကို အကြီးအကျယ် ကန့်ကွက်မူတွေ လုပ်နေကြပါတယ်။

ဒါပေမဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ တနိုင်ငံရဲ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက် စွက်ဖက်တာမလုပ်ရဘူး ဆိုတဲ့မူကို ဆက်လက်ကိုင်ထား ရမှာဖြစ်တယ် လို့ မြန်မာအစိုးရဘက်က ပြောကြားလိုက်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာတွေအတွင်းမှာ ရခိုင်ပြည်နယ်မောင်တော မြို့က နယ်ခြားစောင့် ကင်းစ ခန်း တွေတိုက်ခိုက်ခံ ရပြီးတဲ့ေ နာက် မြန်မာ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ အဲဒီဒေသက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူအခွင့်ရေးချိုးဖောက်မူတွေ၊ လူမျိုးတုန်းရှင်း လင်းမှု တွေပြု လုပ်နေ တယ်ဆိုပြီး ဝေဖန်နေကြတာပါ။ဒီအတွက် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ကန့် ကွက်ဆန္ဒပြမူတွေလုပ်ခဲ့ပြီး အာဆီယံနိုင်ငံတွေက အစိုးရတွေ ကိုယ်တိုင် ကန့် ကွက်မှု တွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ မူအရ တနိုင်ငံရဲ့ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်စွက် ဖက်လို့မရဘူးဆိုတဲ့မူကို ဆက်လက်ကိုင်ထားရမှာဖြစ်တယ် လို့သမ္မတရုံး ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ဥပမာအားဖြင့် အာဆီယံနိုင်ငံတွေထဲ တချို့နိုင်ငံတွေမှာ အစ္စလာမ်မစ် ဥပဒေ ပြဌာန်းတာတွေရှိပါတယ်။ အဲဒီပြဌာန်းတဲ့ဟာတွေမှာလည်း ကျန်တဲ့နိုင်ငံတွေ က ကြားဝင်စွက်ဖက်ခြင်းမရှိပါဘူး။ တချို့နိုင်ငံတွေမှာ စစ်အုပ်ချုပ်ရေး၊ အာဏာသိမ်း မှုတွေဖြစ်ပွားခဲ့သော်လည်း အာဆီယံရဲ့ ဘုံသဘောတူညီချက်အရ ကျနော်တို့ ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ပါဘူး။ တနိုင်ငံချင်း တနိုင်ငံချင်း တချို့မီဒီယာတွေ မှာ တချို့ဝေဖန်ပြောကြားတာမျိုးရှိပေမဲ့ အာဆီယံအဖွဲ့ဝင်အချင်းချင်း လိုက်နာရမယ့် ပဋိညာဉ်တွေ၊ လိုက်နာရမယ့် တာဝန်တွေရှိပါတယ်။”

အာဆီယံနိုင်ငံတွေဟာအရင်တုန်းကတော့ မြန်မာ့အရေးနဲ့ ပတ်သက် လို့တနိုင် ရဲ့ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်မစွတ်ဖက်ရေးမူဝါဒကို ကိုင်ဆွဲခဲ့ပြီး တခြား ဒီမိုကရေစီနဲ့ လူအခွင့်ရေးကိစ္စတွေ၊ တိုင်းရင်းသားရေးရာကိစ္စတွေမှာ ဝင်ရောက်စွတ်ဖက်တာမလုပ်ပဲ မျက်ကွယ်ပြုခဲ့တဲ့ သာဓကတွေ လည်းရှိပါတယ်။

အခုအခါမှာတော့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ပတ်သက် လို့အစိုးရတွေ ကိုယ်တိုင်က သူတိုနိုင်ငံတွင်းက လူထုအခြေပြုအဖွဲစည်းတွေနဲ့ အစိုးရ မဟုတ်တဲ့ NGO တွေကို မြန်မာသံရုံးတွေရှေ့မှာ ကန့်ကွက်မှုတွေလုပ်ဖို့ အတွက်တိုက်တွန်းမှုတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့တော့ အာဆီယံနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေကို လည်း ဝင်မစွက် သလို အခုရခိုင်ကိစ္စမှာ လည်း အာဆီယံမူအရ ဝင်ရောက်စွတ်ဖက် တာတွေ ပြုလုပ်လို့မရဘူးလို့ ဦးဇော်ဌေးကဆိုပါတယ်။

“အခု အာဆီယံထူထောင်ခဲ့တာ ကြာပြီပေါ့နော်။ အဓိကဒီအဖွဲ့ကြီး တည်တံခိုင်မြဲဖို့က အာဆီယံရဲ့ သဘောတူညီချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေက လိုက် နာဆောင် ရွက်ရမှာဖြစ်တယ်။ သက်ဆိုင်ရာ နိုင်ငံတိုင်း မှာ ပြည်တွင်း နိုင်ငံရေး အခြေ အနေ၊ ပြည်တွင်းစီးပွားရေးအခြေအနေ အခက်အခဲတွေရှိပါတယ်။ အဲဒီလို အခက် အခဲတွေပေါ်မှာ ကျနော်တို့ နားလည်မှုရှိရှိ ညှိုနှိုင်းဆောင်ရွက် ခဲ့ကြတာ ရှိပါ တယ်။ ပူးပေါင်းဆောင်ရွက် ခဲ့ကြတာရှိပါတယ်။ အာဆီယံသည် ဥရောပသမဂ္ဂ လို နိုင် ငံရေး၊ လုံခြုံရေး အကုန်လုံးတစုတစည်းတည်း one policy ဆိုတာမျိုး သွားတာ မဟုတ်ပါဘူး။ ဖွံဖြိုးတိုးတက်မှု မတူညီဘူး။ နိုင်ငံရေး စနစ်မတူညီ တဲ့ နိုင် ငံတွေ ပေါင်းစည်း ဖို့အတွက် ဘုံတူညီချက်တွေကိုလက်ခံပြီးတော့ ထိလွယ်ရှ လွယ်တဲ့ အခြေအနေတွေ ကို ရှောင်ရှားပြီး ပေါင်းစည်းမှုမပျက်အောင် တည်ဆောက်ထား တာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ တပတ်အတွင်းမှာတော့ မလေးရှားနိုင်ငံမှာ အင်အား ၅၀၀၀ ထက် မနည်း မြန်မာသံရုံးရှေ့မှာ ရခိုင်အရေး ကန့်ကွက်ဆန္ဒပြခဲ့သလို အင်ဒိုနိးရှားနဲ့ ထိုင်းနိုင်ငံတွေမှာလည်း ကန့်ကွက်မှုတွေလုပ်ခဲ့တာပါ။ မနေ့ကတော့ ရခိုင်ဘက်က ဒုက္ခသည်တွေနဲ့ ထွက်ပြေလားတဲ့ ဘင်္ဂလားဒေရှ်နိုင်ငံတွေ မှာလည်း အလားတူ ကန့်ကွက်ဆန္ဒပြပွဲတွေကို လုပ်ဆောင်နေပါတယ်။

မလေးရှားလုပ်ရပ် မြန်မာဝေဖန်
please wait

No media source currently available

0:00 0:03:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG