သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နည်းလမ်းရှာမယ့် မြန်မာ့နွေဦး့ပန်းများဆွေးနွေးပွဲ


နည်းလမ်းရှာမယ့် မြန်မာ့နွေဦး့ပန်းများဆွေးနွေးပွဲ
please wait

No media source currently available

0:00 0:04:44 0:00

ဆွေးနွေးပွဲ အဓိကရည်ရွယ်ချက်တွေထဲမှာလည်း မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်ချက်တွေကို ခြုံငုံဆန်းစစ်သုံးသပ်ပြီး ဖြေရှင်းကျော်လွှားနိုင်မယ့် နည်းဗျူဟာတွေနဲ့ နည်းလမ်းေွကို ရှာဖွေဖေါ်ထုတ်ဖို့ဖြစ်ပါတယ်။ BACI အမှုဆောင်ညွန်ကြားရေးမှူး Elaisa Vahnie ကိုဆက်သွယ်မေးမြန်းထားပါတယ်။

အခက်အခဲ ကျော်လွှားဖို့ နည်းလမ်းရှာမယ့် မြန်မာ့နွေဦး့ပန်းများဆွေးနွေးပွဲ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လုံးဝလက်ခံမှာမဟုတ်သလို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် အမေရိကန်မိတ်ဖက်တွေနဲ့ ပူးပေါင်းကူညီသွားမှာဖြစ်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က ပြောကြားခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ (၅-၁၂) ရက်နေ့ထိ အမေရိကန်နိုင်ငံမှာ ပြုလုပ်နေတဲ့ မြန်မာ့နွေဦးပန်းများ အပြည်ပြည်ဆိုင်ရာ အွန်လိုင်း ဆွေးနွေးပွဲမှာ အခုလို ဝန်ကြီး Kritenbrink ကအဖွင့်မိန့်ခွန်းပြောသွားတာပါ။ မြန်မာ့အရေး အမေရိကန်အစိုးရ ရပ်တည်ချက်နဲ့ ဖိအားပေးမှုတွေဟာ တကယ်ပဲ ထိရောက်မှုရှိသလား။ အပြည်ပြည်ဆွေးနွေးပွဲကို ပူးတွဲပြုလုပ်တဲ့ တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

XS
SM
MD
LG