သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတိုင်ပင်ခံ စင်ကာပူ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီးနဲ့ တွေ့ဆုံ


Myanmar State Counsellor Office
Myanmar State Counsellor Office

စင်ကာပူနိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လီကွမ်ယု ပြည်သူ့ရေးရာ မူဝါဒကျောင်းကို သွားရောက်ခဲ့ပြီး ကျောင်းဘုတ်အဖွဲ့အကြီးအကဲဖြစ်တဲ့ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး Mr. Goh Chok Tong နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan က သူ့ရဲ့နေအိမ်မှာ ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ စင်ကာပူသမ္မတ Halimah Yacob နဲ့လည်း မနက်ဖြန် အင်္ဂါနေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဖိတ်ကြားချက်နဲ့ ၄ ရက်ကြာခရီးစဉ်ကို တနင်္ဂနွေနေ့က စတင်ခဲ့တာပါ။

စင်္ကာပူနဲ့ မြန်မာကြား ဒီနှစ်ကုန်မှာ ၂ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် လက်မှတ်ရေးထိုးတာ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နေ ချိန်မှာပဲ အခုလို ခရီးစဉ် စတင်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၂၁ရက် အင်္ဂါနေ့မှာပဲ Grand Hyatt ဟိုတယ်မှာ “မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်မှုများနှင့် ရှေ့လမ်းခရီး” ဆိုတဲ့ခေါင်းစဉ်နဲ့ ၄၃ ကြိမ်မြောက် Singapore Lecture မူဝါဒရေးရာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများပါ လိုက်ပါသွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG