သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့လူသားေဘးဒုကၡ အက်ပ္အတည္း ပိုဆိုးလာမႈ IFRC သတိေပး


Members of the Myanmar Red Cross Society disinfect a street as a preventive measure

စစ္တပ္အာဏာသိမ္းခဲ့တာ တႏွစ္ေက်ာ္ ၂ ႏွစ္နီးပါး ရွိလာတဲ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ပ္အတည္းေတြ ဆက္ႀကဳံေနရၿပီး စီးပြားေရး က်ဆင္းမႈနဲ႔အတူ လူသားေဘးဒုကၡ အက်ပ္အတည္း သိသိသာသာ ပိုၿပီး ဆိုးလာေနတယ္လို႔ ႏိုင္ငံတကာၾကက္ေျခနီနဲ႔ လျခမ္းနီအသင္း IFRC က သတိေပးလိုက္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းဟာ ရႈပ္ေထြးၿပီး၊ ဘက္ေပါင္းစုံ သက္ေရာက္မႈေတြ ရွိေနသလို၊ ႏိုင္ငံတြင္း သေဘာထားမတူတဲ့ အဖြဲ႔ေတြအၾကား တင္းမာမႈေတြ ပိုၿပီးျပင္းထန္လာေစတဲ့ တခ်ိန္တည္းမွာ COVID-19 ကပ္ေဘးေၾကာင့္လည္း ျပည္သူေတြ ဒုကၡပိုေရာက္ၾကရတဲ့အေၾကာင္း ဒီေန႔ ထုတ္ျပန္တဲ့ IFRC ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္ကပ္ေဘး ေနာက္ဆက္တြဲ သက္ေရာက္မႈေတြေၾကာင့္ ကုန္ေစ်းႏႈန္းေတြတက္၊ ျပည္သူ႔လူမႈစီးပြားဘဝ ထိခိုက္ရတာေတြလည္း ပိုဆိုးလာေနၿပီး၊ ျပန္လည္နာလန္ထႏိုင္ဖို႔ မေတြ႔ရေသးဘူးလို႔ IFRC အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။

ျပည္တြင္းဘဏ္လုပ္ငန္း၊ က်န္းမာေရးနဲ႔ ပညာေရးစတဲ့ ဝန္ေဆာင္မႈေတြလည္း ဆက္က်ဆင္းလာေနခ်ိန္မွာ၊ ျပည္သူေတြ သက္သာရာရဖို႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ ဆက္ေပးေရး IFRC က ေတာင္းခံထားတဲ့ စုစုေပါင္း ရန္ပုံေငြကလည္း ၅၈% ပဲ ရေသးတယ္လို႔ ဒီအစီရင္ခံစာမွာ ရွင္းျပထားပါတယ္။

ဒါ့အျပင္ ျမန္မာစစ္ေကာင္စီကို ဆန႔္က်င္တဲ့ တိုက္ပြဲေတြ ရခိုင္မွာ ျပန္ျဖစ္လာတာအပါအဝင္ ႏိုင္ငံတဝန္း လက္နက္ကိုင္ပဋိပကၡေတြ ပိုျဖစ္လာခ်ိန္၊ အၾကမ္းဖက္မႈေတြေၾကာင့္ လုံၿခဳံေရးနဲ႔ လူသားေဘးဒုကၡ အက်ပ္အတည္း ပိုဆိုးတယ္လို႔ ေဖာ္ျပပါတယ္။ လူေပါင္းေထာင္ခ်ီ အသတ္ခဲ့ေနရၿပီး၊ ကေလးေတြအပါအဝင္ လူေတြသန္းခ်ီ အိုးအိမ္စြန႔္ထြက္ေျပးရတာ၊ အိုးအိမ္ေသာင္းနဲ႔ခ်ီ မီးရႈိ႕ ဖ်က္ဆီးခံရတာေတြ ရွိခဲ့တယ္လို႔လည္း IFRC က ေထာက္ျပပါတယ္။

အခုလိုအခ်ိန္မွာ IFRC ရဲ႕ ေထာက္ပံ့မႈနဲ႔ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း (MRCS) ဆက္လည္ပတ္ႏိုင္ဖို႔ အေရးႀကီးေနတယ္လို႔လည္း အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။

=== Unicode ====

စစ်တပ်အာဏာသိမ်းခဲ့တာ တနှစ်ကျော် ၂ နှစ်နီးပါး ရှိလာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဆက်ကြုံနေရပြီး စီးပွားရေး ကျဆင်းမှုနဲ့အတူ လူသားဘေးဒုက္ခ အကျပ်အတည်း သိသိသာသာ ပိုပြီး ဆိုးလာနေတယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်း IFRC က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ရှုပ်ထွေးပြီး၊ ဘက်ပေါင်းစုံ သက်ရောက်မှုတွေ ရှိနေသလို၊ နိုင်ငံတွင်း သဘောထားမတူတဲ့ အဖွဲ့တွေအကြား တင်းမာမှုတွေ ပိုပြီးပြင်းထန်လာစေတဲ့ တချိန်တည်းမှာ COVID-19 ကပ်ဘေးကြောင့်လည်း ပြည်သူတွေ ဒုက္ခပိုရောက်ကြရတဲ့အကြောင်း ဒီနေ့ ထုတ်ပြန်တဲ့ IFRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ဘေး နောက်ဆက်တွဲ သက်ရောက်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေတက်၊ ပြည်သူ့လူမှုစီးပွားဘဝ ထိခိုက်ရတာတွေလည်း ပိုဆိုးလာနေပြီး၊ ပြန်လည်နာလန်ထနိုင်ဖို့ မတွေ့ရသေးဘူးလို့ IFRC အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ပြည်တွင်းဘဏ်လုပ်ငန်း၊ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ ဝန်ဆောင်မှုတွေလည်း ဆက်ကျဆင်းလာနေချိန်မှာ၊ ပြည်သူတွေ သက်သာရာရဖို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ပေးရေး IFRC က တောင်းခံထားတဲ့ စုစုပေါင်း ရန်ပုံငွေကလည်း ၅၈% ပဲ ရသေးတယ်လို့ ဒီအစီရင်ခံစာမှာ ရှင်းပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေ ရခိုင်မှာ ပြန်ဖြစ်လာတာအပါအဝင် နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုဖြစ်လာချိန်၊ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေးနဲ့ လူသားဘေးဒုက္ခ အကျပ်အတည်း ပိုဆိုးတယ်လို့ ဖော်ပြပါတယ်။ လူပေါင်းထောင်ချီ အသတ်ခဲ့နေရပြီး၊ ကလေးတွေအပါအဝင် လူတွေသန်းချီ အိုးအိမ်စွန့်ထွက်ပြေးရတာ၊ အိုးအိမ်သောင်းနဲ့ချီ မီးရှို့ ဖျက်ဆီးခံရတာတွေ ရှိခဲ့တယ်လို့လည်း IFRC က ထောက်ပြပါတယ်။

အခုလိုအချိန်မှာ IFRC ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ဆက်လည်ပတ်နိုင်ဖို့ အရေးကြီးနေတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

XS
SM
MD
LG