သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တန္ေဆာင္မုန္းလျပည့္ေန႔အထိန္းအမွတ္ ျမန္မာျပည္သူေတြအတြက္ ဒိန္းမတ္သံ႐ုံး ဆုေတာင္းေပး


၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္ေန႔ ျပင္ဦးလြင္ တန္ေဆာင္တိုင္ပြဲေတာ္ (Photo by AFP)

တန္ေဆာင္တိုင္အားလပ္ရက္မွာ ျမန္မာႏိုင္ငံက မိသားစုေတြအတြက္ ေဘးအႏၲရာယ္ ကင္းရွင္းတဲ့ အားလပ္ရက္ျဖစ္ပါေစေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ုံးမွကေန ဆုမြန္ေကာင္းေတာင္းထားပါတယ္။

ျမန္မာျပည္သူေတြ ေတာင္းဆိုထားတဲ့ ျမန္မာျပည္သူေတြနဲ႔ ထိုက္တန္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ေပ်ာ္႐ြင္စရာပြဲေတာ္ေတြ က်င္းပႏိုင္ဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္နိင္ငံ သံ႐ုံး ယာယီတာဝန္ခံ Anders L. Graugaard က တြစ္တာလႈမႈကြန္ယက္ကေန ဆုေတာင္းေမတၱာ ပို႔ပါတယ္။

တန္ေဆာင္မုန္းလျပည့္ေန႔ ျမန္မာႏိုင္ငံတဝွမ္း (သာမညဖလ အခါေတာ္ေန႔အထိမ္းအမွတ္) မသိုးသကၤန္း ဆက္ကပ္တဲ့ အခမ္းအနားေတြ၊ မီးထြန္းပူေဇာ္တဲ့အခမ္းအနားေတြ၊ မီးပုံးပ်ံလႊတ္ပြဲေတြ၊ ကုန္စည္ျပပြဲနဲ႔ ေဈးေရာင္းပြဲေတာ္ေတြ က်င္းပၾကပါတယ္။

ႏိုင္ငံေရးပဋိပကၡနဲ႔ လက္နက္ကိုင္တိုက္ပြဲေတြရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ လုံၿခဳံေရးအတြက္ စိုးရိမ္ပူပန္မႈေတြ ရွိေပမဲ့ ေနရာေတာ္ေတာ္မ်ားမ်ား တနလၤာေန႔မွာေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ တန္ေဆာင္တိုင္ပြဲေတာ္ေတြ က်င္းပၾကပါတယ္။ ေပ်ာ္ပြဲ႐ႊင္ပြဲေတြက်င္းပရေပမဲ့ တိုင္းျပည္ေနရာအႏွံ႔ ႀကဳံေနရတဲ့ အေျခအေနေတြေၾကာင့္ စိတ္မေကာင္းျဖစ္မိတဲ့အေၾကာင္း ျပင္ဦးလြင္ၿမိဳ႕နယ္ မီးပုံပ်ံလႊတ္ပြဲမွာ ပါဝင္တဲ့ လူငယ္တေယာက္က AFP သတင္းဌာနကို ‌ေျပာပါတယ္။

တန္ေတာင္ပြဲေတာ္အခါသမယမွာ တိုင္းျပည္ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ ဆုေတာင္းေမတၱာပို႔သၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

တန်ဆောင်မုန်းလပြည့်နေ့အထိန်းအမှတ် မြန်မာပြည်သူတွေအတွက် ဒိန်းမတ်သံရုံး ဆုတောင်းပေး

တန်ဆောင်တိုင်အားလပ်ရက်မှာ မြန်မာနိုင်ငံက မိသားစုတွေအတွက် ဘေးအန္တရာယ် ကင်းရှင်းတဲ့ အားလပ်ရက်ဖြစ်ပါစေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှကနေ ဆုမွန်ကောင်းတောင်းထားပါတယ်။

မြန်မာပြည်သူတွေ တောင်းဆိုထားတဲ့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွင်စရာပွဲတော်တွေ ကျင်းပနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိင်ငံ သံရုံး ယာယီတာဝန်ခံ Anders L. Graugaard က တွစ်တာလှုမှုကွန်ယက်ကနေ ဆုတောင်းမေတ္တာ ပို့ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ မြန်မာနိုင်ငံတဝှမ်း (သာမညဖလ အခါတော်နေ့အထိမ်းအမှတ်) မသိုးသင်္ကန်း ဆက်ကပ်တဲ့ အခမ်းအနားတွေ၊ မီးထွန်းပူဇော်တဲ့အခမ်းအနားတွေ၊ မီးပုံးပျံလွှတ်ပွဲတွေ၊ ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်တွေ ကျင်းပကြပါတယ်။

နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်တိုက်ပွဲတွေရဲ့ ရိုက်ခတ်မှုကြောင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိပေမဲ့ နေရာတော်တော်များများ တနင်္လာနေ့မှာတော့ အေးအေးချမ်းချမ်းနဲ့ တန်ဆောင်တိုင်ပွဲတော်တွေ ကျင်းပကြပါတယ်။ ပျော်ပွဲရွှင်ပွဲတွေကျင်းပရပေမဲ့ တိုင်းပြည်နေရာအနှံ့ ကြုံနေရတဲ့ အခြေအနေတွေကြောင့် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ပြင်ဦးလွင်မြို့နယ် မီးပုံပျံလွှတ်ပွဲမှာ ပါဝင်တဲ့ လူငယ်တယောက်က AFP သတင်းဌာနကို ‌ပြောပါတယ်။

တန်တောင်ပွဲတော်အခါသမယမှာ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဆုတောင်းမေတ္တာပို့သကြပါတယ်။

XS
SM
MD
LG