သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

“ျမန္မာ့ကြၽန္းသစ္ တန္ ၁,၆၀၀ နီးနီး အေမရိကန္တင္သြင္းခဲ့¨ Justice for Myanmar


သာစည္ၿမိဳ႕အနီးမွာေတြ႔ရတဲ့ ျမန္မာ့ကၽြန္းသစ္မ်ား။

[[Zawgyi/Unicode]]

ပိတ္ဆို႔အေရးယူထားတာကို ေရွာင္ကြင္းၿပီး ျမန္မာကြၽန္း တန္ ၁,၆၀၀ နီးနီး အေမရိကန္ကုမၸဏီေတြဆီကို တင္ပို႔ခဲ့တယ္လို႔ Justice for Myanmar အဖြဲ႕က ဆိုပါတယ္။

အာဏာသိမ္းအၿပီးမွာ အေမရိကန္ႏိုင္ငံက စစ္တပ္နဲ႔ခ်ိတ္ဆက္စီးပြါးေရး လုပ္ငန္းေတြကို ပိတ္ဆို႔ အေရးယူခဲ့ပါတယ္။ ဒီအထဲမွာ ျမန္မာ့သစ္လုပ္ငန္းလည္း ပါဝင္ပါတယ္။ ျမန္မာ့သစ္လုပ္ငန္းဟာ တိုင္းျပည္တဝွမ္း သစ္အေရာင္းအဝယ္အေပၚမွာ စီမံခန႔္ခြဲေနတာ ျဖစ္တယ္လို႔ Justice for Myanmar အဖြဲ႕က ဆိုပါတယ္။

ေဖေဖာ္ဝါရီ လနဲ႔ ႏိုဝင္ဘာလအတြင္း ကြၽန္းသစ္တန္ေပါင္း ၁,၆၀၀ အေမရိကန္ကုမၸဏီေတြကို ေရာက္ရွိသြားခဲ့ပါတယ္။ “သေဘၤာတင္ပို႔မႈ ၈၂ ႀကိမ္ ရွိခဲ့ရာမွာ ကြၽန္း က အမ်ားဆုံး ပါဝင္ခဲ့ပါတယ္။ ကြၽန္းျပားေတြနဲ႔ ပုံစျဖတ္စအျဖစ္ တင္ပို႔ခဲ့တာ ျဖစ္ပါတယ္။” လို႔ Panjiva ကမာၻ႔ကုန္သြယ္ေရးစာရင္းေတြကို ကိုးကားၿပီး Justice for Myanmar အဖြဲ႕က ေျပာပါတယ္။ တ႐ုတ္ကတဆင့္ခံၿပီး ဒါ့ထက္ ပိုလို႔ သစ္ေတြကို အေမရိကန္ကို တင္ပို႔ေနပုံရတယ္လို႔လည္း အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ အစီအရင္ခံစာထဲမွာ ေျပာထားပါတယ္။

EITI ေခၚ သဘာဝသယံဇာတမ်ားထုတ္လုပ္မႈ ပြင့္လင္းျမင္သာေရးအဖြဲ႕ အလိုအရ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္မွာ သစ္ ကုန္သြယ္မႈကေန အစိုးရဟာ အခြန္ဝင္ေငြ အေမရိကန္ ေဒၚလာ သန္း ၁၀၀ နီးနီး ရွိခဲ့ပါတယ္။ သစ္ေတာထြက္ပစၥည္းတခုလုံး က ေနရတဲ့ ဝင္ေငြကေတာ့ စုစုေပါင္း ေဒၚလာ ၃၂၂ သန္း ရွိပါတယ္။

သယံဇာတႂကြယ္ဝတဲ့ ျမန္မာ ႏိုင္ငံမွာ ေက်ာက္စိမ္းတြင္းေတြနဲ႔ ေ႐ႊတြင္းေတြလည္း ရွိၿပီး စစ္တပ္နဲ႔ခ်ိတ္ဆက္မႈရွိတဲ့ စီးပြါးေရးလုပ္ငန္းေတြကတဆင့္ စစ္တပ္ကို အက်ိဳးအျမတ္ ဝင္ေငြစီးဆင္းမႈ ရွိေနတယ္လို႔ တက္ႂကြလႈပ္ရွားမႈ အဖြဲ႕အစည္းေတြ က ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

“မြန်မာ့ကျွန်းသစ် တန် ၁,၆၀၀ နီးနီး အမေရိကန်တင်သွင်းခဲ့¨ Justice for Myanmar

ပိတ်ဆို့အရေးယူထားတာကို ရှောင်ကွင်းပြီး မြန်မာကျွန်း တန် ၁,၆၀၀ နီးနီး အမေရိကန်ကုမ္ပဏီတွေဆီကို တင်ပို့ခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

အာဏာသိမ်းအပြီးမှာ အမေရိကန်နိုင်ငံက စစ်တပ်နဲ့ချိတ်ဆက်စီးပွါးရေး လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာ့သစ်လုပ်ငန်းလည်း ပါဝင်ပါတယ်။ မြန်မာ့သစ်လုပ်ငန်းဟာ တိုင်းပြည်တဝှမ်း သစ်အရောင်းအဝယ်အပေါ်မှာ စီမံခန့်ခွဲနေတာ ဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

ဖေဖော်ဝါရီ လနဲ့ နိုဝင်ဘာလအတွင်း ကျွန်းသစ်တန်ပေါင်း ၁,၆၀၀ အမေရိကန်ကုမ္ပဏီတွေကို ရောက်ရှိသွားခဲ့ပါတယ်။ “သင်္ဘောတင်ပို့မှု ၈၂ ကြိမ် ရှိခဲ့ရာမှာ ကျွန်း က အများဆုံး ပါဝင်ခဲ့ပါတယ်။ ကျွန်းပြားတွေနဲ့ ပုံစဖြတ်စအဖြစ် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။” လို့ Panjiva ကမ္ဘာ့ကုန်သွယ်ရေးစာရင်းတွေကို ကိုးကားပြီး Justice for Myanmar အဖွဲ့က ပြောပါတယ်။ တရုတ်ကတဆင့်ခံပြီး ဒါ့ထက် ပိုလို့ သစ်တွေကို အမေရိကန်ကို တင်ပို့နေပုံရတယ်လို့လည်း အဖွဲ့ရဲ့ ထုတ်ပြန်ချက် အစီအရင်ခံစာထဲမှာ ပြောထားပါတယ်။

EITI ခေါ် သဘာဝသယံဇာတများထုတ်လုပ်မှု ပွင့်လင်းမြင်သာရေးအဖွဲ့ အလိုအရ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ သစ် ကုန်သွယ်မှုကနေ အစိုးရဟာ အခွန်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နီးနီး ရှိခဲ့ပါတယ်။ သစ်တောထွက်ပစ္စည်းတခုလုံး က နေရတဲ့ ဝင်ငွေကတော့ စုစုပေါင်း ဒေါ်လာ ၃၂၂ သန်း ရှိပါတယ်။

ဿယံဇာတကြွယ်ဝတဲ့ မြန်မာ နိုင်ငံမှာ ကျောက်စိမ်းတွင်းတွေနဲ့ ရွှေတွင်းတွေလည်း ရှိပြီး စစ်တပ်နဲ့ချိတ်ဆက်မှုရှိတဲ့ စီးပွါးရေးလုပ်ငန်းတွေကတဆင့် စစ်တပ်ကို အကျိုးအမြတ် ဝင်ငွေစီးဆင်းမှု ရှိနေတယ်လို့ တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်းတွေ က ပြောကြပါတယ်။

#MyanmarTeak #MyanmarUS #JusticeforMyanmar #VOABurmese #မြန်မာ့ကျွန်းသစ်အမေရိကန်ပို့ #တန်ချိန်၁,၆၀၀နီးနီး #သင်္ဘောတင်ပို့မှု၈၂ကြိမ် #ဗွီအိုအေ

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG