သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူးကောင်းတောင်ကြားကို ကမ္ဘာ့အကြီးဆုံး ရှားပါးကျား ဘေးမဲ့ တောရိုင်းဒေသ သတ်မှတ်


ဟူးကောင်းတောင်ကြားကို ကမ္ဘာ့အကြီးဆုံး ရှားပါးကျား ဘေးမဲ့ တောရိုင်းဒေသ သတ်မှတ်
ဟူးကောင်းတောင်ကြားကို ကမ္ဘာ့အကြီးဆုံး ရှားပါးကျား ဘေးမဲ့ တောရိုင်းဒေသ သတ်မှတ်

ရှားပါးတိရစ္ဆာန် ကျားတွေကို အကာအကွယ်ပေးဖို့ အတွက် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျယ်ပြောဆုံး သဘာ၀ တောရိုင်းနယ်မြေကို တိုးချဲ့လိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ ဟူးကောင်းတောင်ကြားဒေသ တခုလုံးကို ကျားတိရစ္ဆာန် ကာကွယ်ရေး နယ်မြေအဖြစ် စစ်အစိုးရက ကြေညာလိုက်ပါတယ်။ အဲဒီဒေသဟာ စတုရန်းမိုင်ပေါင်း ၆,၇၀၀ နီးပါး ကျယ်ဝန်းပြီး ကျားကောင်ရေ ရာနဲ့ချီ ဘေးကင်း လုံခြုံစွာ နေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

ဟူးကောင်းတောင်ကြားဒေသကို ၂၀၀၄ ခုနှစ်ကစပြီး သဘာ၀ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အခု အကျယ်အဝန်းကို ၃ ဆတိုး သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ အင်္ဂါနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

သဘာ၀ တောရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ကြီးတခုဖြစ်တဲ့ နယူးယောက်ခ် အခြေစိုက် ပန်သီရာ (Panthera and Wildlife Conservation Society) အဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ် ဒေါက်တာ အယ်လန် ရာဘင်နိုဝစ်ဇ် (Dr. Alan Rabinowitz) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာ ကျားကောင်ရေ သိပ်များများစားစား မကျန်တော့ပါဘူး။ ဒါဟာ စိတ်မကောင်းစရာပါပဲ။ မြန်မာနိုင်ငံမှာ ကျားတွေနေနိုင်တဲ့ သဘာ၀ တောရိုင်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတဝန်း နေရာ တော်တော်များများမှာ ကျားတွေ သေသွားကြပုံ ရပါတယ်။ တနိုင်ငံလုံးမှာ ကျားကောင်ရေ ၁၀၀ ကနေ ၁၅၀ လောက်အထိ ကျန်နေနိုင်ပါသေးတယ်။ အတိအကျတော့ ပြောလို့မရပါဘူး။ ဟူးကောင်းတောင်ကြားမှာတော့ ကျားကောင်ရေ ၅၀ ကနေ ၇၀ လောက်တော့ ကျန်ကောင်း ကျန်နေနိုင်ပါတယ်။”

ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ကျားကောင်ရေ ၁၀၀,၀၀၀ နီးပါး ရှိခဲ့ရာက ဒီကနေ့ ၃,၀၀၀ ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

တရားမဝင် တောလိုက်သူတွေ၊ အမဲလိုက်သူတွေ၊ မုဆိုးတွေရဲ့ အန္တရာယ်ကြောင့် ကျားကောင်ရေ အနည်းငယ်သာ ကျန်တော့တာ ဖြစ်တယ်လို့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောကြပါတယ်။

XS
SM
MD
LG