သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုးသစ် တန် ၃၀၀ ကျော် တမူးမြို့နယ်မှာ ဖမ်းမိ


မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)
မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ခရိုင်အတွင်းက ပရိဘောဂစက်ရုံရှေ့က တရားမဝင်တင်ပို့ထားတဲ့ မြန်မာသစ်တွေ။ (မေ ၂၅၊ ၂၀၁၂)

မြန်မာနိုင်ငံ အထက်ဖက် စစ်ကိုင်းတိုင်းမှာ တရားမဝင် ခိုးထုတ်တဲ့ သစ်တန်(၃၂၀)ကျော်ကို မြန်မာအာဏာပိုင်တွေက မေလအတွင်း ဖမ်းမိ သိမ်းဆည်းလိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။

သစ်တောဦးစီးဌာ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြန်မာ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားတဲ့ ရှာဖွေရေးအဖွဲ့က ဒီတရားမဝင်သစ်တွေကို အိန္ဒိယနယ်စပ် တမူးမြို့မှာ သိမ်းဆည်းလိုက်တာပါ။ ဖမ်းဆီးရမိတဲ့အထဲမှာ သစ်မာနဲ့ ကျွန်းသစ်တွေ ပါဝင်ပြီး ဒီသစ်တွေဟာ တမူးမြို့နယ် မော်လူးနဲ့ အလှော် သစ်တောတွေက ထုတ်ခဲ့တာလို့ဆိုပါတယ်။

ဖမ်းမိတဲ့ သစ်တွေနဲ့အတူ မော်တော်ဆိုင်ကယ် ၉စီး၊ နွားအပါဝင် လှည်း ၅စီး၊ သစ်ဖြတ်စက် စတာတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆင်ဟွာ သတင်းမှာဖေါ်ပြထားပါတယ်။ မြန်မာ အာဏာပိုင်တွေအနေနဲ့ တရားမဝင် သစ်ထုတ်လုပ် ရောင်းချမှုကို တားဆီးနှိမ်နင်းနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ပဲခူးတိုင်းအတွင်း တရားမဝင် ထုတ်လုပ်နေတဲ့ သစ်(၆၃)တန်ကို ဖမ်းဆီးရမိခဲ့သလို၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ကျွန်းသစ်လုံးတွေ တနင့်တပိုး သယ်လာတဲ့ စက်လှေ(၁၆)စင်းကို မန္တလေးတိုင်း စဉ့်ကူမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG