သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရဲ့နိုင်ငံတကာ စစ်စွမ်းရည်ပြိုင်ပွဲ မြန်မာပါဝင်မည်


၂၀၁၆ ခုနှစ် နိင်ငံတကာစစ်စွမ်းရည်ပြိုင်ပွဲမှာ Kazakhstan က A T-72 နဲ့ တပ်ဖွဲ့ဝင်များရဲ့ ယှဉ်ပြိုင်မှုတခု။
၂၀၁၆ ခုနှစ် နိင်ငံတကာစစ်စွမ်းရည်ပြိုင်ပွဲမှာ Kazakhstan က A T-72 နဲ့ တပ်ဖွဲ့ဝင်များရဲ့ ယှဉ်ပြိုင်မှုတခု။

ဒီနှစ်ကျင်းပမယ့် နိုင်ငံတကာ စစ်စွမ်းရည်ပြိုင်ပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ဆူဒန်နဲ့ အလ်ဂျီး ရီးယား စုစုပေါင်း ၆ နိုင်ငံက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီး Sergei Shoigu က သောကြာနေ့က ပြောပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်ကို ၂၀၁၈ ခုနှစ် နိုင်ငံတကာ စစ် စွမ်းရည်ပြိုင်ပွဲမှာ ပါဝင် ဆင်နွှဲဖို့ဖိတ်ခေါ်ထားပြီး ဒီပြိုင်ပွဲတွေကို ဇူလိုင်လ ၂၈ ရက်နေ့ကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ နိုင်ငံ ၇ ခုမှာ ခွဲပြီး ကျင်းပမှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Zinchenko က သတင်းထောက်တွေကို ပြော ပါတယ်။ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်နိုင်ငံတွေကတော့ ရုရှား၊ တရုတ်၊ အဇာ ဘိုင်ဂျန်၊ ဘေလာရုစ်၊ ကာဇက်ခ်စတန်၊ အီရန်နဲ့ အာမေးနီးယားနိုင်ငံတွေပါ။

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်တုန်းကတော့ ၅ နိုင်ငံမှာခွဲပြီးကျင်းပခဲ့ပါတယ်။ ဒီနှစ် စစ်စွမ်းရည်ပွဲတွေမှာ ၃၂ နိုင်ငံက အသင်းပေါင်း ၁၈၁ သင်းပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ပြိုင်ပွဲစုစုပေါင်း ၂၈ ခုရှိပြီး အဲဒီအထဲက ၄ ခုကို တရုတ် နိုင်ငံမှာကျင်းပပါလိမ့်မယ်။

အခုလိုစစ်စွမ်းရည်ပြိုင်ပွဲတွေကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံတကာစစ်ရေး အခန်းအနားတခုအဖြစ် စီစဉ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကပြိုင်ပွဲတွေထဲမှာ နိုင်ငံ ၃၆ နိုင်ငံက လေ့လာသူ ၄၄ ဦး တက်ရောက်ခဲ့ကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG