သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီက အဆိပ်ငွေ့ပါတဲ့ ဓါတုဗုံး အသုံးပြုတိုက်ခိုက်တယ်လို့ TNLA ထုတ်ပြန်


This photo taken on November 9, 2023 shows a fighter of the ethnic armed group Ta'ang National Liberation Army (TNLA) standing guard in the town of Namhkam in northern Shan state.
This photo taken on November 9, 2023 shows a fighter of the ethnic armed group Ta'ang National Liberation Army (TNLA) standing guard in the town of Namhkam in northern Shan state.

မြန်မာနိုင်ငံတဝန်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ တအာင်း TNLA တပ်တွေက နမ့်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ နမ့်ခမ်းမြို့နယ်ထဲက သာယာကုန်းကျေးရွာကို ဒီနေ့မနက်ပိုင်းက လက်နက်ကြီးနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့သလို၊ မူဆယ်မြို့နယ်ထဲက မန်ဟဲကျေးရွာကိုလည်း လက်နက်ကြီးနဲ့ တိုက်ခိုက်တာကြောင့် နေအိမ်တွေထိမှန်ပြီး အမျိုးသားတဦး ဦးခေါင်းမှာ ဒဏ်ရာရခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒါ့အပြင် TNLA ဘက်က နိုဝင်ဘာ ၁၇ ရက်နေ့က သိမ်းယူခဲ့တဲ့ နမ့်ခမ်းမြို့က စခန်းသစ်လုံခြုံရေးကုန်းကို စစ်ကောင်စီတပ်တွေက မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ အဆိပ်ငွေ့တွေပါဝင်တဲ့ ဓါတုဗုံးအသုံးတိုက်ခိုက်ခဲ့ပြီး၊ အဲဒီအဆိပ်ငွေ့တွေကြောင့် TNLA တပ်ဖွဲ့ဝင်တွေ ဆေးကုသမှုခံယူနေရပြီး၊ အဲဒီဓါတုဗုံးအမျိုးအစားကို စိစစ်နေဆဲဖြစ်တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပဲခူတိုင်း ရေတာရှည်မြို့နယ်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၁၆ ရက်နေ့ညကစပြီး နောက်နေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ် ခလရ ၈၄ က ဗိုလ်ကြီးလှမျိုးသူအပါအဝင် ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရတဲ့သူ အများအပြားရှိတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ကူတာကြောင့် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သလို၊ စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာလည်း AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဘူးသီးတောင်မြို့နယ်အတွင်းက ပန်းဘဲချောင်းကျေးရွာအုပ်စု၊ ခထီလှကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာက စစ်ကောင်စီစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ်တွေနဲ့ ပစ်ကူပေးနေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြနေကြပါတယ်။

အခုလို နိုင်ငံတဝန်းနေရာ အတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ၊ ရန်ကုန်မှာမြို့က တော်လှန်ရေးအင်အားစုတွေက ပန်းဆိုးတန်းဂုံးကျော်တံတားမှာ “အဘအတွက် အသေခံမလား၊ ပြည်သူထံအလင်းဝင်မလား မင်းတို့ရွေး” ပိုစတာချိတ်ဆွဲတာတွေ၊ PDF အလံတော်လွှင့်ထူတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

XS
SM
MD
LG