သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းငယ် ၃၆ နာရီအတွင်း ဝင်နိုင်ချေရှိ


Hai mẹ con xem một phần nhật thực ở Sydney, Australia. Những người ở vùng quê Australia được xem thoải mái cảnh mặt trăng đi ngang qua mặt trời và tỏa ra nhiều ánh sáng.
Hai mẹ con xem một phần nhật thực ở Sydney, Australia. Những người ở vùng quê Australia được xem thoải mái cảnh mặt trăng đi ngang qua mặt trời và tỏa ra nhiều ánh sáng.

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့မနက်မှာ မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၁၈၀ အကွာ ပင်လယ်ပြင်မှာ ဗဟိုပြု ပိုမိုအားကောင်းလာပြီး ဒီနေ့ မွန်းတည့်ကနေ နောက် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဘက်ကို ဝင်ရောက်နိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အရင်ရက်တွေက ရခိုင်ကမ်းလွန် ပင်လယ်ပြင် အနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဒီကနေ့ မနက်ခင်းမှာ ပိုမို အားကောင်းလာပြီးတဲ့နောက် မုန်တိုင်းငယ် အဆင့်ကို ကူးပြောင်းသွားပြီ ဖြစ်ပါတယ်။

နေပြည်တော်မှာ အခြေစိုက်တဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့မနက် တိုင်းထွာချက်ကိုတော့ တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။

“ကျမတို့ နောက်ဆုံးထုတ်ထားတဲ့ဟာ ၁၀ နာရီ ထုတ်ပြန်ချက်ပေါ့နော်။ ယနေ့ မြန်မာစံတော်ချိန် ၉ နာရီ ၃၀ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ပြီး ယနေ့မွန်းတည့်မှ နောက် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ အနီးမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

“မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင် မြေပြင်လေသည် တနာရီ မိုင် ၄၀ အထိ တိုက်ခိုက်နိုင်သည့်အတွက် ပင်လယ်ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ် သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။”

မိုးဇလဌာနက မြန်မာပြည်ကို ဦးတည်ခြင်း မရှိတဲ့ မုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ်ပြီး မြန်မာပြည်ကို ဦးတည်တဲ့ မုန်တိုင်းကို လိမ္မော်ရောင်အဆင့် သတ်မှတ်တာ ဖြစ်ပါတယ်။ အနီရောင် အဆင့်ကတော့ အန္တရာယ်ရှိပြီး မုန်တိုင်းဝင်လာချိန်မှာ ထုတ်ပြန်တာ ဖြစ်တယ်လို့ မိုးဇလဌာနက တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာတော့ ဒေသခံ အာဏာပိုင်တွေက မုန်တိုင်းသတိပေးချက်ကို ရပ်ကွက်တွေ အတွင်းမှာ လိုက်လံကြေညာနေပြီး ရေလမ်းခရီးသွားမယ့် စက်လှေတွေလည်း အသွားအလာ ရပ်ဆိုင်းထားတယ်လို့ ကျောက်ဖြူမြို့ခံ တယောက်က ပြောပါတယ်။

“ခုလောလောဆယ်ကတော့ မြို့ပေါ်မှာ မိုက်နဲ့ လိုက်ပြီးတော့ သတိပေးနေတယ်။ ဒီ မိုးလေဝသ ကြေညာချက်ကိုပဲ မြို့ပတ်ပြီး ကြေညာနေတယ်။ ပြည်သူလူထုတွေ သတိထားကြဖို့ပေါ့။ တချို့ ခရီးထွက်မယ့် Passenger boat တွေတောင်မှ ရပ်တန့်ထားတယ်ခင်ဗျ။”

တချို့ ရေကြောင်းခရီးစဉ်တွေ ရပ်တန့်ထားပေမဲ့ မြို့ခံ ပြည်သူတွေကတော့ ဒီလို မုန်တိုင်းတွေဟာ ကျောက်ဖြူမြို့ကို မကြာမကြာ ဝင်ရောက်တတ်တာမို့ ထူးထူးခြားခြား ပြင်ဆင်တာတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ရဲ့ မြန်မာနိုင်ငံ ရာသီဥတု အပြောင်းအလဲကို စောင့်ကြည့်ရေး အင်တာနက် စာမျက်နှာမှာတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဦးတည် ရွေ့လျားနေပြီး အများဆုံး လေတိုက်နှုန်း မိုင် ၄၀ ကနေ ၄၅ မိုင်ထိ ရှိနိုင်ကြောင်းနဲ့ မုန်တိုင်းဒီရေ မဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီရက်အတွင်းမှာပဲ တောင်တရုတ်ပင်လယ်မှာ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတခု ဖြစ်ပေါ်နေပြီး ဒီမုန်တိုင်းရဲ့ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသဘက်တွေမှာ မိုးများနိုင်တယ်လို့ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

လက်ရှိ ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ ဒီလအတွင်းမှာ တတိယအကြိမ် ဖြစ်ပေါ်တဲ့ မုန်တိုင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG