သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ တရားမျှတရေး ဘန်ကီမွန်း အလေးထား

Deca posmatraju delimičnu solarnu eklipsu u glavnoj observatoriji u Sidneju..
Deca posmatraju delimičnu solarnu eklipsu u glavnoj observatoriji u Sidneju..

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိဖို့အတွက် အလေးအနက်ထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက အခုလို ပြောကြားသွားခဲ့တာပါ။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ထိထိရောက်ရောက် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အထွေထွေ ညီလာခံမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ခဲ့သလို ဒီနေ့မှာဆိုရင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဥရောပသမဂ္ဂနဲ့ အာဆီယံ ထိပ်သီးတွေ ဆွေးနွေးပွဲကိုလည်း ကျနော် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုတွေ အားလုံးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အားလုံးပါဝင်နိုင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကိစ္စဟာ ဦးစားပေး ကိစ္စတရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲဟာ အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် အားလုံး ပါဝင်နိုင်သော၊ ပွင့်လင်းမြင်သာမှုရှိသော လူအများ လေးစား ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမှာ ဖြစ်သလို ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက် ကျနော် တိုက်တွန်းနေသလို လူသိရှင်ကြားလည်း တောင်းဆိုနေခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကျနော့်ရဲ့ ပြတ်သား ခိုင်မာတဲ့ အမှာစကား ဖြစ်သလို ဒီကိစ္စကို ဆက်လက် ဖိအားပေးသွားမှာလည်း ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ နောက်ရက်သတ္တပတ် လေးပတ်မှာ ကျင်းပတော့မယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ့် အလားအလာ တစုံတရာ မတွေ့ရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရော်လီ (P.J Crowley) က ဗုဒ္ဓဟူးနေ့မှာပဲ ပြောကြားသွားပါတယ်။

This item is part of
XS
SM
MD
LG