သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေး


မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေး
မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေး

မြန်မာစစ်အစိုးရ လက်ထက်မှာ ဒုတိယအကြိမ် ပြုလုပ်မယ့် ရွေးကောက်ပွဲ ကိစ္စကို တရုတ်နိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (Yang Jiechi) တို့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံကိစ္စ၊ နျူကလီးယားလက်နက် မပြန့်ပွားရေးကိစ္စ၊ ကိုရီးယား ကျွန်းဆွယ်ကိစ္စ စတဲ့ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။

မနေ့ တနင်္ဂနွေနေ့က ရှန်ဟိုင်းမှာ လုပ်ခဲ့တဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲ ပိတ်ပွဲကို တက်ရောက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တရုတ်နိုင်ငံကို စနေနေ့ကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကုန်စည်ပြပွဲကြီးဟာ တရုတ်နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်အောင် ယုံကြည်ချက်တွေ ပိုခိုင်မာလာစေတယ်လို့ ကုန်စည်ပြပွဲ ပိတ်ပွဲမှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က ပြောခဲ့ပါတယ်။

၆ လကြာ ပြသခဲ့တဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲကြီးကိုလည်း တရုတ်ဝန်ကြီးချုပ်က ချီးကျူး ပြောကြားခဲ့ပါတယ်။ ပြပွဲ နောက်ဆုံးနေ့အဖြစ် တနင်္ဂနွေနေ့က ပြုလုပ်တဲ့ပွဲကို တရုတ်ခေါင်းဆောင်တွေအပြင် နိုင်ငံတကာက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံပေါင်း ၂၄၆ နိုင်ငံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွ၊ တိုးတက်နေတဲ့ နည်းပညာတွေကို ခင်းကျင်းပြသခဲ့ရာမှာ လူပေါင်း ၇၃ သန်းလောက် လာရောက် ကြည့်ရှုခဲ့ကြတယ်လို့ တရုတ်က ပြောပါတယ်။

XS
SM
MD
LG