သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ကလေးသူငယ်အခွင့်အရေး မြန်မာချိုးဖောက်


ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ကလေးများ
ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ကလေးများ

လူပေါင်း သိန်းနဲ့ချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်မှုမှာ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဥပဒေ ကျွမ်းကျင် သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစတင်ခဲ့တဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀,၀၀၀ ကျော်ထဲမှာ တဝက်ကျော်ဟာ ကလေးတွေပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကို လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုဆိုင်ရာ ရှင်းလင်းတဲ့နမူနာလို့ ကုလသမဂ္ဂက သတ်မှတ်ခေါ်ဆိုခဲ့ပါတယ်။ ဒီစွပ်စွဲချက်ကို မြန်မာအစိုးရက ပယ်ချထားပြီး နယ်စပ် လုံခြုံရေး စခန်းတွေကို မွတ်ဆလင်သူပုန်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တန်ပြန် ချေမှုန်းတဲ့ စစ်ဆင်ရေးသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေရဲ့ အစီရင်ခံစာတွေ၊ ရိုဟင်ဂျာတွေကို အစု လိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ရွာတွေကို မီးရှို့မှု၊ ညှင်းပမ်းနှိပ်စက်မှု စတာတွေကို မြန်မာလုံခြုံရေးတပ်တွေက ကျူးလွန်ခဲ့ ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တွေရဲ့ စွပ်စွဲချက်တွေကို နော်ဝေးအခြေစိုက် Save the Children အဖွဲ့ကြီးက ငှားရမ်းခဲ့တဲ့ ဥပဒေရေးရာကျွမ်းကျင် ပညာရှင်တွေကနေ သုံးသပ်လေ့လာခဲ့ကြပါ တယ်။

အဲဒီလို တွေ့ရှိချက်အရ ၂၀၁၇ သြဂုတ်လက ရဲလုံခြုံရေးစခန်းတွေကို တိုက်ခိုက် ခဲ့မှုအပေါ် မြန်မာအစိုးရရဲ့ တန်ပြန်နှိမ်နင်းမှုမှာ ရိုဟင်ဂျာတွေအပေါ် ဆက်လက် ရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့အတူ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ကလေး သူငယ် ဆိုင်ရာ အခွင့်အရေးတွေထဲက အနည်းဆုံး အချက် (၇)ချက်ကို ချိုးဖောက် ခဲ့ တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှု၊ ညှင်းပမ်းနှိပ်စက်မှု၊ လျစ်လျူပြုမှု၊ လိင်ပိုင်းဆိုင်ရာနဲ့ အခြားအကျိုး အမြတ် ထုတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖမ်းဆီးမှု စတာတွေကနေ ကလေးတွေ ကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ ကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် ဒီကျူးလွန်မှုတွေအတွက် လုံခြုံရေးတပ်တွေသာမက အစိုးရမှာပါ တာဝန်ရှိတယ် ဆိုတာကို တွေ့ရှိခဲ့ကြောင်း ဥပဒေကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထား ပါတယ်။

စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို အစိုးရက အပြုသဘောဆောင်လုပ်ရပ်တွေအဖြစ် ယူပြီး ကူညီပံ့ပိုးခဲ့ကြောင်းနဲ့ လုံခြုံရေးတပ်တွေရဲ့ လုပ်ရပ်တွေကို ပိတ်ပင်တာ ဒါမှမဟုတ် ရှုတ်ချကန့်ကွက်တာမျိုး ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး ပြဌာန်း ချက်ကို ၁၉၉၁ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့တာကြောင့် ဥပဒေအရ လိုက်နာဖို့ မြန်မာမှာ တာဝန်ရှိနေပါတယ်။

အခုထုတ်ပြန်လိုက်တဲ့အစီရင်ခံစာနဲ့ပတ်သက်လို့ မြန်မာအစိုးရရော စစ်တပ်ဘက် ကပါ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG