သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖလမ္းမွာ စစ္ေကာင္စီတပ္ပစ္ခတ္လို႔ အရပ္သားတဦးေသ ႏွစ္ဦးဒဏ္ရာရ


People displaced by fighting in north-western Myanmar between junta forces and anti-junta fighters walk in Chin State, Myanmar, May 31, 2021. Picture taken May 31, 2021. REUTERS/Stringer

(Zawgyi/Unicode)

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြက ရပ္ကြက္ထဲထိ ဝင္ေရာက္ပစ္ခတ္လို႔ တစ္ဦးေသဆုံး၊ ႏွစ္ဦး က်ည္ထိမွန္ဒဏ္ရာရရွိသလို ေဒသခံ ၅ ဦးထက္မနည္း ဖမ္းဆီးခံရပါတယ္။ ေဒသခံေတြ ေၾကာက္လန႔္လို႔ လူရာနဲ႔ခ်ီထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ ေဒသခံေတြ ေျပာပါတယ္။ဒီအေၾကာင္းကို ရန္ကုန္ကလာတဲ့ သတင္း မခင္ျဖဴေထြးေျပာျပမွာပါ။

ဖလမ္းမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြကို ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ အျပန္အလွန္ပစ္ခတ္ရာမွာ၊ စစ္ေကာင္စီတပ္က လူေနရပ္ကြက္ထဲ ပစ္ခတ္တာေၾကာင့္ အခုလို ထိခိုက္ဒဏ္ရာခဲ့တာလို႔ သိရပါတယ္ ။ ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ လုံပီး(လုံးရန္)ရပ္ကြက္နားမွာ မူလကတည္းက စစ္ေကာင္စီတပ္ဖြဲ႕က တပ္စြဲထားၿပီး၊ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ ဘယ္မွာရွိတဲ့အေၾကာင္း ေဒသခံေတြကို ႐ိုက္ႏွက္ဖမ္းဆီး ေမးျမန္ေနတယ္လို႔ ေဒသခံေတြက​ ေျပာပါတယ္။

ၾသဂုတ္လ ၉ ရက္၊ မေန႔မနက္ပိုင္းမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ CNDF က စစ္ေကာင္စီတပ္စြဲထားတဲ့ ေနရာကို သြားေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ခ်င္းအမ်ိဳးသားေရးအဖြဲ႕ခ်ဳပ္ CNDF တပ္ဖြဲ႕က တာဝန္ရွိသူတစ္ဦးက ဗြီအိုေအကို ေျပာပါတယ္။ ဒီကေန႔မွာေတာ့ စစ္ေကာင္စီတပ္ဖက္က ရပ္ကြက္ထဲထိ ဝင္ပစ္ေနတာေၾကာင့္ ေဒသခံ တစ္ဦး ေသဆုံးၿပီး ႏွစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ CNDF တပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက အခုလို ေျပာပါတယ္။

“ဒီေန႔မနက္က်ေတာ့ ရပ္ထဲကို ဝင္ပစ္တာေပါ့ေနာ္။ ေဆးခန္းကေနေ ဆးခန္းျပၿပီးျပန္လာတဲ့ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ သူတို႔ လင္မယားႏွစ္ေယာက္ ဆိုင္ကယ္နဲ႔ စီးလာတယ္ (စစ္ေကာင္စီက) ပစ္တာကို အမ်ိဳးသမီးကေတာ့ေပါင္ထိသြားတယ္ေပ့ါေနာ္၊ ေနာက္ၿပီးက်ေတာ့ ရပ္ကြက္ဝင္ပစ္တဲ့အခ်ိန္မွာေ ရခ်ိဳးခန္းထဲမွာ ရွိေနတဲ့ အေမႀကီးတစ္ေယာက္ကို ေသနတ္ရင္ဘတ္မွန္ၿပီးေတာ့ေဆး႐ုံမေရာက္ခင္မွာပဲ ဆုံးသြားတယ္ေပါ့၊ ေနာက္ၿပီးေတာ့ ဇာလိုင္ရပ္ကြက္မွာတစ္ေယာက္က်ေတာ့ သူတို႔ကို ေၾကာက္လို႔ၿပီးေတာ့ အိမ္ေအာက္မွာသြားပုန္းတာကို အဲ့ဒါကို ျမင္ၿပီးေတာ့ ပစ္လိုက္တာ အခုထိေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာရွိတယ္ေပါ့ေနာ္။”

ဖလမ္းၿမိဳ႕ကေန တလန္ေရာန္ေက်း႐ြာကို ေဆးကုၿပီးျပန္လာတဲ့ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦး စီးလာတဲ့ေမာ္ေတာ္ဆိုင္ကယ္ကို စစ္ေကာင္စီက ပစ္ခတ္လို႔ အမ်ိဳးသမီးက ေပါင္မွာေသနတ္ဒဏ္ရာရွိခဲ့ၿပီး အမ်ိဳးသားကိုေတာ့ စစ္ေကာင္စီက ဖမ္းဆီးထားေၾကာင္းေျပာပါတယ္

ေဒသခံေတြေနတဲ့ အနီးတစ္ဝိုက္မွာ တပ္စြဲထားၿပီး CDF တပ္ဖြဲ႕ေတြဘယ္မွာရွိလဲဆိုတာ ေဒသခံ ေလးဦးကို ႐ိုက္ႏွက္ဖမ္းဆီး ေမးျမန္းေနတာမို႔၊ မေန႔တုန္းက သူတို႔တပ္စြဲတဲ့ေနရာကိုသြားေရာက္ပစ္ခတ္ရတာလို႔ CNDF တပ္ဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ကေန စပစ္တာေပ့ါေနာ္၊ စၿပီးေတာ့ ပစ္တယ္ သူတို႔ ထိခိုက္ဒဏ္ရာရရွိမႈေတြလည္း ရွိတယ္၊ အဲ့ဒီေနာက္ပိုင္းက်က်ေနာ္တို႔ျပန္ဆုတ္သြားေတာ့ သူတို႔ သူတို႔ပဲ ပစ္ေနၾကတာ၊ မေန႔ကကေတာ့ က်ေနာ္တို႔ စပစ္တာေပ့ါ၊ ဒီေန႔က်ေတာ့ သူတို႔ပဲ သူတို႔ဟာ သူတို႔ရမ္းသမ္းပစ္ေနၾကတာ လက္နက္ႀကီးေတြနဲ႔ စက္ေသနတ္ေတြနဲ႔။ ဟုတ္တယ္ဟုတ္တယ္(က်ေနာ္တို႔)အဲ့မွာသြားပစ္တာက အဲ့မွာ ရပ္ကြက္ ျပည္သူေတြကိုလည္းလိုက္ဖမ္းၿပီးေတာ့ ဒီ CDF ေတြ ဘယ္မွာရွိလဲ ဆိုၿပီးေတာ့ညႇင္းပန္းႏွိပ္စက္ၿပီး ဖမ္းတာေတြရွိတယ္ဗ်၊ ဖမ္းဆီးခံက က်ေနာ္တို႔ေလာေလာဆယ္ သိတာေတာ့ ေလးေယာက္ဗ်၊ ေလးေယာက္ထဲမွာ တစ္ေယာက္ကေတာ့ျပန္လြတ္သြားၿပီး ေက်ာကုန္းမွာ ထိုးရာေတြ အမ်ားႀကီးပဲဗ်၊႐ိုက္ႏွက္ၿပီးေတာ့ ျပန္လြတ္ေပးလိုက္တာနဲ႔တူတယ္။”

ဖလမ္းၿမိဳ႕ လုံးရန္ရပ္ကြက္မွာ ၾသဂုတ္လ ၉ ရက္နဲ႔ဒီကေန႔ ၁၀ ရက္မွာ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနၿပီး ထိခိုက္မႈေတြရွိခဲ့တဲ့အေၾကာင္း ေဒသခံတဦးကလည္း VOA ကို အတည္ျပဳေျပာပါတယ္။


“ဒီေန႔ကတည္း ႀကိဳၾကာႀကိဳၾကာနဲ႔ ေသနတ္သံေတာ့ ရွိတယ္၊ မေန႔ကေတာ့မလြယ္ဘူး၊ ဟုတ္ကဲ့ လက္နက္ႀကီးနဲ႔လည္း ပစ္တယ္ မ်ိဳးစုံေပါ့။ လက္နက္မ်ိဳးစုံနဲ႔ အသံေတာ့ မ်ိဳးစုံၾကားရတယ္၊ ပစ္ေတာ့ ပစ္ေနၾကတာပဲ။ ဘယ္သူနဲ႔ ပစ္တယ္ဆိုတာ က်ေနာ္တို႔ မသိဘူး။ ဟို စစ္ေျပးရင္းနဲ႔ ထြက္ေျပးတဲ့သူ အမ်ိဳးသမီး ႏွစ္ေယာက္ေတာ့ ဒဏ္ရာရတယ္။ တစ္ေယာက္ေတာ့ ဆုံးသြားၿပီးေပ့ါ၊ အဲ့ဒီလုံးရန္႐ြာက သူတို႔လမ္းေဘးမွာရွိတဲ့ အိမ္က နည္းနည္းအေျခအေနမေကာင္းလို႔ သူတို႔ တလန္ေရာန္႐ြာဆိုၿပီးေတာ့ ရွိတယ္။ အဲ့ဒီဘက္မွာ သူတို႔က ထြက္ေျပးတာနဲ႔ က်ည္ဆံထိတယ္လို႔ ေျပာၾကတယ္။”

မေန႔ကဆိုရင္ စစ္ေကာင္စီတပ္ေတြက သရက္စပ္ထဲ ပစ္ခတ္ေနတာပါ။ ပစ္ခတ္ေနတဲ့ေနရာေတြဟာ ဖလမ္းၿမိဳ႕ေပၚကေန ၇ မိုင္ေလာက္ေဝတဲ့လုံပီး(လုံးရန္)ရပ္ကြက္ျဖစ္ပါတယ္။ အဲ့ဒီေနရာမွာ တပ္စခန္းခ်ထားၿပီးအင္အားျဖည့္ထားတာေၾကာင့္ ေဒသခံေတြ ေၾကာက္လန႔္လို႔ လူရာနဲ႔ ခ်ီ နီးစပ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕ ပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က တစ္စုံတစ္ရာထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


Unicode

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲထိ ဝင်ရောက်ပစ်ခတ်လို့ တစ်ဦးသေဆုံး၊ နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိသလို ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။ ဒေသခံတွေ ကြောက်လန့်လို့ လူရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ဒီအကြောင်းကို
ရန်ကုန်ကလာတဲ့ သတင်း မခင်ဖြူထွေးပြောပြမှာပါ။

ဖလမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ရာမှာ၊ စစ်ကောင်စီတပ်က လူနေရပ်ကွက်ထဲ ပစ်ခတ်တာကြောင့် အခုလို ထိခိုက်ဒဏ်ရာခဲ့တာလို့ သိရပါတယ် ။ ချင်းပြည်နယ်၊ ဖလမ်းမြို့ လုံပီး(လုံးရန်)ရပ်ကွက်နားမှာ မူလကတည်းက စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်မှာရှိတဲ့အကြောင်း ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီး မေးမြန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၉ ရက်၊ မနေ့မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ CNDF က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားရေးအဖွဲ့ချုပ် CNDF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီတပ်ဖက်က ရပ်ကွက်ထဲထိ
ဝင်ပစ်နေတာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့CNDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ဒီနေ့မနက်ကျတော့ ရပ်ထဲကို ဝင်ပစ်တာပေါ့နော်။ ဆေးခန်းကနေေ ဆးခန်းပြပြီးပြန်လာတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သူတို့ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ စီးလာတယ် (စစ်ကောင်စီက) ပစ်တာကို အမျိုးသမီးကတော့ပေါင်ထိသွားတယ်ပေ့ါနော်၊ နောက်ပြီးကျတော့ ရပ်ကွက်ဝင်ပစ်တဲ့အချိန်မှာ
ရေချိုးခန်းထဲမှာ ရှိနေတဲ့ အမေကြီးတစ်ယောက်ကို သေနတ်ရင်ဘတ်မှန်ပြီးတော့ဆေးရုံမရောက်ခင်မှာပဲ ဆုံးသွားတယ်ပေါ့၊ နောက်ပြီးတော့ ဇာလိုင်ရပ်ကွက်မှာတစ်ယောက်ကျတော့ သူတို့ကို ကြောက်လို့ပြီးတော့ အိမ်အောက်မှာသွားပုန်းတာကို အဲ့ဒါကို မြင်ပြီးတော့ ပစ်လိုက်တာ အခုထိတော့ စိုးရိမ်ရတဲ့
အခြေအနေမှာရှိတယ်ပေါ့နော်။”

ဖလမ်းမြို့ကနေ တလန်ရောန်ကျေးရွာကို ဆေးကုပြီးပြန်လာတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး စီးလာတဲ့မော်တော်ဆိုင်ကယ်ကို စစ်ကောင်စီက ပစ်ခတ်လို့ အမျိုးသမီးက ပေါင်မှာ
သေနတ်ဒဏ်ရာရှိခဲ့ပြီး အမျိုးသားကိုတော့ စစ်ကောင်စီက ဖမ်းဆီးထားကြောင်းပြောပါတယ်။

ဒေသခံတွေနေတဲ့ အနီးတစ်ဝိုက်မှာ တပ်စွဲထားပြီး CDF တပ်ဖွဲ့တွေဘယ်မှာရှိလဲဆိုတာ ဒေသခံ လေးဦးကို ရိုက်နှက်ဖမ်းဆီး မေးမြန်းနေတာမို့၊ မနေ့တုန်းက သူတို့တပ်စွဲတဲ့နေရာကိုသွားရောက်ပစ်ခတ်ရတာလို့ CNDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ကနေ စပစ်တာပေ့ါနော်၊ စပြီးတော့ ပစ်တယ် သူတို့ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိတယ်၊ အဲ့ဒီနောက်ပိုင်းကျကျနော်တို့ပြန်ဆုတ်သွားတော့ သူတို့ သူတို့ပဲ ပစ်နေကြတာ၊ မနေ့ကကတော့
ကျနော်တို့ စပစ်တာပေ့ါ၊ ဒီနေ့ကျတော့ သူတို့ပဲ သူတို့ဟာ သူတို့ရမ်းသမ်းပစ်နေကြတာ လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေနဲ့။ ဟုတ်တယ်ဟုတ်တယ်(ကျနော်တို့)အဲ့မှာသွားပစ်တာက အဲ့မှာ ရပ်ကွက် ပြည်သူတွေကိုလည်းလိုက်ဖမ်းပြီးတော့ ဒီ CDF တွေ ဘယ်မှာရှိလဲ ဆိုပြီးတော့ညှင်းပန်းနှိပ်စက်ပြီး ဖမ်းတာတွေရှိတယ်ဗျ၊ ဖမ်းဆီးခံက ကျနော်တို့လောလောဆယ် သိတာတော့ လေးယောက်ဗျ၊ လေးယောက်ထဲမှာ တစ်ယောက်ကတော့ပြန်လွတ်သွားပြီး ကျောကုန်းမှာ ထိုးရာတွေ အများကြီးပဲဗျ၊ရိုက်နှက်ပြီးတော့ ပြန်လွတ်ပေးလိုက်တာနဲ့တူတယ်။”

ဖလမ်းမြို့ လုံးရန်ရပ်ကွက်မှာ သြဂုတ်လ ၉ ရက်နဲ့ဒီကနေ့ ၁၀ ရက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ထိခိုက်မှုတွေရှိခဲ့တဲ့အကြောင်း ဒေသခံတဦးကလည်း VOA ကို အတည်ပြုပြောပါတယ်။
“ဒီနေ့ကတည်း ကြိုကြာကြိုကြာနဲ့ သေနတ်သံတော့ ရှိတယ်၊ မနေ့ကတော့မလွယ်ဘူး၊ ဟုတ်ကဲ့ လက်နက်ကြီးနဲ့လည်း ပစ်တယ် မျိုးစုံပေါ့။ လက်နက်မျိုးစုံနဲ့ အသံတော့ မျိုးစုံကြားရတယ်၊ ပစ်တော့ ပစ်နေကြတာပဲ။ ဘယ်သူနဲ့ ပစ်တယ်ဆိုတာ ကျနော်တို့ မသိဘူး။ ဟို စစ်ပြေးရင်းနဲ့ ထွက်ပြေးတဲ့သူ အမျိုးသမီး နှစ်ယောက်တော့ ဒဏ်ရာရတယ်။ တစ်ယောက်တော့ ဆုံးသွားပြီးပေ့ါ၊ အဲ့ဒီလုံးရန်ရွာက သူတို့လမ်းဘေးမှာရှိတဲ့ အိမ်က နည်းနည်းအခြေအနေမကောင်းလို့ သူတို့ တလန်ရောန်ရွာဆိုပြီးတော့ ရှိတယ်။ အဲ့ဒီဘက်မှာ သူတို့က ထွက်ပြေးတာနဲ့ ကျည်ဆံထိတယ်လို့ ပြောကြတယ်။”

မနေ့ကဆိုရင် စစ်ကောင်စီတပ်တွေက သရက်စပ်ထဲ ပစ်ခတ်နေတာပါ။ ပစ်ခတ်နေတဲ့နေရာတွေဟာ ဖလမ်းမြို့ပေါ်ကနေ ၇ မိုင်လောက်ဝေတဲ့လုံပီး(လုံးရန်)ရပ်ကွက်ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ တပ်စခန်းချထားပြီးအင်အားဖြည့်ထားတာကြောင့် ဒေသခံတွေ ကြောက်လန့်လို့ လူရာနဲ့ ချီ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ချင်းပြည်နယ် ဖလမ်းမြို့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG