သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယင္းမာပင္ေဒသ စစ္ေျပးဒုကၡသည္မ်ား ေနေရးစားေရးခက္ခဲ


yin mar bin IDP ယင္းမာပင္ စစ္ေရွာင္ဒုကၡသည္

(zawgyi/unicode)

စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတဲ့ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ အိုးအိမ္စြန႔္ပစ္ ထြက္ေျပးေနၾကရတဲ့ စစ္ေျပးဒုကၡသည္ေတာ္ေတာ္မ်ားမ်ား ပူျပင္းတဲ့ရာသီဥတုေၾကာင့္ ဖ်ားနာ၊ မက်န္းမမာျဖစ္ေနၾကပါတယ္။ အေျခအေနၿငိမ္သြားတဲ့ ေနရာတခ်ိဳ႕ဆီ ျပန္သြားသူေတြရွိသလို ဆက္လက္ေျပးလႊား ပုန္းခိုေနၾကရတဲ့ ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြလည္း ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္ေျပာျပပါမယ္။

ယင္းမာပင္ၿမိဳ႕နယ္ ယမားေခ်ာင္းေတာင္ဘက္ျခမ္းမွာရွိတဲ့ ႏုံႀကီးေက်း႐ြာအပါအဝင္ ပတ္ဝန္းက်င္႐ြာေတြဘက္မွာ စစ္ေကာင္စီတပ္ေတြ စစ္ေရးလႈပ္ရွားေနတဲ့အတြက္ ေဒသခံ႐ြာသားေတြ ေဘးလြတ္ရာကို ေျပးလႊားေနၾကရပါတယ္။ ထြက္ေျပး ပုန္းေရွာင္ေနၾကရတဲ့ ဒုကၡသည္ေတြဟာ စားေရးေသာက္ေရး ခက္ခဲတဲ့အျပင္ လက္ရွိအခ်ိန္မွာ ပူျပင္းတဲ့ ရာသီဥတုဒဏ္ေၾကာင့္ အမ်ားစုက ႏွားေစး၊ ေခ်ာင္းဆိုတာ ဖ်ားတာနာတာ ခံစားေနၾကရတယ္လို႔ ကိုယ္တိုင္ထြက္ေျပးေနရတဲ့ ႏုံႀကီး႐ြာခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

Act 1 “က်န္းမာေရးအေျခအေနက အိုမီခ႐ြန္ကလည္း လူတိုင္းနီးပါးေလာက္ ဖ်ားေနၾကတယ္ဗ်ာ။ ရာသီဥတုပူျပင္းၿပီးေတာ့ အသက္ႀကီး႐ြယ္အိုေတြ နာမက်န္းျဖစ္တဲ့လူေတြပါ အပါအဝင္ေပါ့ေနာ္ဗ်ာ အမ်ားႀကီးပါ၊ အဲ့လိုလူေတြ ေျပးလႊားေနၾကရတာ၊ အစားအေသာက္ကလည္း အခ်ိန္မလိုစား၊ အခ်ိန္မလိုအိပ္ေပါ့ဗ်ာ၊ ေတာထဲမယ္ လြတ္မယ္ထင္တဲ့ေနရာေတြကို (စစ္ေကာင္စီက)ေတာင္ဘက္က ႐ြာကို ဝင္ရင္ ေျမာက္ဖက္ကိုေျပး၊ ေျမာက္ဖက္႐ြာဝင္ၿပီးဆိုရင္ ေတာင္ဘက္ကိုေျပးေပါ့ဗ်ာ။ က်ီလန႔္စာစားျဖစ္ေနၾကတဲ့ အေျခအေနမ်ိဳးနဲ႔ ေျပးေနၾကရတာဗ်။”

မတ္လ ၁၂ ရက္ေန႔က အင္အားရာခ်ီပါတဲ့ စစ္ေကာင္စီတပ္ေတြဟာ ႏုံႀကီးေက်း႐ြာနဲ႔ မနီးမေဝးျဖစ္တဲ့ ႐ြာေတာင္ေက်း႐ြာဘက္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ဝင္လာခ်ိန္မွာ လက္နက္ႀကီးက်ည္ထိမွန္လို႔ ေဒသခံတဦး ေသဆုံးသြားတယ္လို႔လည္း ေျပာပါတယ္။ ဒီအေျခအေနေတြေၾကာင့္ ႐ြာေတာင္ေက်း႐ြာ၊ ႏုံႀကီးေက်း႐ြာစတဲ့ ပတ္ဝန္းက်င္႐ြာ ၁၃ ႐ြာထက္မနည္းက ေသာင္းနဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

Act 2 “ေျပးရတဲ့ ႐ြာေတြက က်ေနာ္တို႔ ေက်း႐ြာေတြဆိုရင္ ကြၽဲက်၊ ေညာင္ႏႈန္း၊ မတ္ေထာက္၊ ေပါက္ပန္းျဖဴ၊ ကုန္း႐ြာ၊ ေခ်ာင္းဆုံ၊ ႐ုံေလးပင္၊ ကေဆာျပင္၊ ၿမိဳ႕ေပၚ၊ ေျပာင္းျပာ၊ လက္လုပ္၊ ႏုံႀကီး၊ ႐ြာေတာင္ ၄႐ြာ ေျပးရတဲ့ ႐ြာေတြက၊ က်ေနာ္တို႔ အိမ္ေျခ ၂,၀၀၀ ဝန္းက်င္ေလာက္က ေျပးရတယ္ဆိုက အမ်ားဆုံး ၁၀,၀၀၀ ေက်ာ္ေလာက္က ရွိမွာေပါ့ဗ်ာ ေျပးေနၾကရတာ။”

မတ္ ၈ ရက္ေန႔တုန္းကလည္း ယင္းမာပင္ၿမိဳ႕နယ္ ယမားေခ်ာင္းေျမာက္ျခမ္းက လက္ပံေတာေက်း႐ြာဘက္ကို စစ္ေကာင္စီတပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ အရပ္သားျပည္သူ ၁၁ ဦးထက္မနည္း ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ဗြီအိုေအကို ေျပာထားပါတယ္။

ဒါေၾကာင့္ လက္ပံေတာေက်း႐ြာ၊ ကံသာ႐ြာ၊ ရွမ္း႐ြာနဲ႔ ပတ္ဝန္းက်င္ကလည္း အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ေျပးလႊားခဲ့ၾကရပါတယ္။ အခုရက္ပိုင္းမွာေတာ့ အဲဒီဘက္ အေျခအေနတည္ၿငိမ္လာလို႔ တခ်ိဳ႕စစ္ေျပးေဒသခံေတြ ေနရပ္ကိုျပန္လာတဲ့ သူရွိသလို မျပန္ရဲေသးသူေတြလည္း ရွိေနပါတယ္။ ရာသီဥတုပူျပင္းလို႔ ေတာေတာင္ေတြထဲ ၾကာၾကာမေနႏိုင္တဲ့အတြက္ ေဒသအေျခအေန တည္ၿငိမ္တာနဲ႔ ေနရပ္ျပန္ခ်င္ၾကတာျဖစ္တယ္လို႔ ကံသာ႐ြာခံတဦးက ေျပာျပပါတယ္။

Act 3 “သူတို႔ရဲ႕ က်န္းမာေရးအေျခအေနကလည္း အေျခအေနမေကာင္းဘူးဗ်၊ ဘာလို႔လဲဆိုေတာ့ အခုက ေနရာလည္း တရက္နဲ႔ တရက္ အပူခ်ိန္ေတြလည္း ျပင္းလာတယ္။ အမိုးအကာမရွိတဲ့ေနရာေဒသေလးေတြမွာ မိုးကာခင္းၿပီး အိပ္ၾကရတယ္ဆိုတာက်ေတာ့ အဲ့ရာသီဥတုဒဏ္ကို မခံႏိုင္လို႔ ျပန္လာတဲ့ လူေတြလည္း ရွိတယ္ဗ်။ လာေတာ့မလာခ်င္ၾကဘူး၊ ညညဆိုေျခာက္ခ်ားတယ္ ေနရထိုင္ရတာ အဲ့လိုေပါ့။ က်ေနာ္တို႔ ကံသာတို႔ လက္ပံေတာတို႔ ရွမ္း႐ြာတို႔ကေတာ့ ျပန္လာၾကၿပီးဗ်။ ဟိုဘက္ ႐ြာသာတို႔ ျပန္လွည့္တို႔ ဒီျပင္႐ြာေတြကေတာ့ အခုမွေျပးတုန္းလႊားတုန္းပဲ ရွိေသးတယ္ဗ်။”

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြ အင္အားတိုးျမႇင့္ၿပီး နယ္တခြင္ နယ္ေျမရွင္းလင္ေနတာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ၿပီး တ႐ြာဝင္ တ႐ြာထြက္ စစ္ေရးလႈပ္ရွားေနတာေၾကာင့္ ေဒသခံေတြ ေျပးလႊားေနရတာလို႔ ကံသာ႐ြာခံတဦးက ေျပာပါတယ္။

Act 4 “တ႐ြာဝင္ တ႐ြာထြက္ေပါ့၊ သူတို႔လမ္းေၾကာင္းကေတာ့ ဘယ္လိုရွိလဲဆိုတာ က်ေနာ္တို႔က မသိႏိုင္ဘူးေလး။ သူက အေဝးကေနၿပီးေတာ့ သူတို႔ ဦးတည္ရာလမ္းေၾကာင္းကို လက္နက္ႀကီးလို႔ ယူဆရတဲ့ ဟာေတြနဲ႔ အသံေတြနဲ႔ အုန္း…အုန္း…အုန္း…ဒိုင္း…ဒိုင္းႀကီးနဲ႔လည္း လွမ္းပစ္တယ္။ သူတို႔အဲ့ပစ္တဲ့ေနရာက ဘုန္းႀကီးေက်ာင္းတို႔ အေဆာက္အဦးခိုင္ခိုင္မာမာရွိတဲ့ အရပ္ေဒသေတြကို လက္နက္ႀကီးနဲ႔ အရင္လွမ္းပစ္တယ္။ အဲ့ဒီထဲကို လူရွင္းတဲ့ သေဘာေနမွာေပါ့ဗ်ာ။ အဲ့လိုပစ္ၿပီးေတာ့မွ လက္နက္ငယ္အသံေတြ ၾကားရတယ္၊ အဲ့လိုေတြနဲ႔ ဝင္လာတာပဲဗ်။”

အခုလို စစ္ကိုင္းတိုင္း ယင္းမာပင္နယ္ထဲမွာ စစ္တပ္က နယ္ေျမရွင္းလင္းမႈေတြလုပ္ေနသလို စစ္ကိုင္းတိုင္းထဲက ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြလည္း တိုးလာေနပါတယ္။ နယ္ေျမရွင္းလင္းမႈေတြ၊ တိုက္ပြဲေတြေၾကာင့္ ေဒသခံ႐ြာသားအမ်ားအျပား ေဘးလြတ္ရာေျပးေနၾကရဆဲျဖစ္ပါတယ္။

(unicode)

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ အိုးအိမ်စွန့်ပစ် ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တော်တော်များများ ပူပြင်းတဲ့ရာသီဥတုကြောင့် ဖျားနာ၊ မကျန်းမမာဖြစ်နေကြပါတယ်။ အခြေအနေငြိမ်သွားတဲ့ နေရာတချို့ဆီ ပြန်သွားသူတွေရှိသလို ဆက်လက်ပြေးလွှား ပုန်းခိုနေကြရတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်ပြောပြပါမယ်။

ယင်းမာပင်မြို့နယ် ယမားချောင်းတောင်ဘက်ခြမ်းမှာရှိတဲ့ နုံကြီးကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရွာတွေဘက်မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေတဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို ပြေးလွှားနေကြရပါတယ်။ ထွက်ပြေး ပုန်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေဟာ စားရေးသောက်ရေး ခက်ခဲတဲ့အပြင် လက်ရှိအချိန်မှာ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် အများစုက နှားစေး၊ ချောင်းဆိုတာ ဖျားတာနာတာ ခံစားနေကြရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ နုံကြီးရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

Act 1 “ကျန်းမာရေးအခြေအနေက အိုမီခရွန်ကလည်း လူတိုင်းနီးပါးလောက် ဖျားနေကြတယ်ဗျာ။ ရာသီဥတုပူပြင်းပြီးတော့ အသက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်တဲ့လူတွေပါ အပါအဝင်ပေါ့နော်ဗျာ အများကြီးပါ၊ အဲ့လိုလူတွေ ပြေးလွှားနေကြရတာ၊ အစားအသောက်ကလည်း အချိန်မလိုစား၊ အချိန်မလိုအိပ်ပေါ့ဗျာ၊ တောထဲမယ် လွတ်မယ်ထင်တဲ့နေရာတွေကို (စစ်ကောင်စီက)တောင်ဘက်က ရွာကို ဝင်ရင် မြောက်ဖက်ကိုပြေး၊ မြောက်ဖက်ရွာဝင်ပြီးဆိုရင် တောင်ဘက်ကိုပြေးပေါ့ဗျာ။ ကျီလန့်စာစားဖြစ်နေကြတဲ့ အခြေအနေမျိုးနဲ့ ပြေးနေကြရတာဗျ။”

မတ်လ ၁၂ ရက်နေ့က အင်အားရာချီပါတဲ့ စစ်ကောင်စီတပ်တွေဟာ နုံကြီးကျေးရွာနဲ့ မနီးမဝေးဖြစ်တဲ့ ရွာတောင်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်လာချိန်မှာ လက်နက်ကြီးကျည်ထိမှန်လို့ ဒေသခံတဦး သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် ရွာတောင်ကျေးရွာ၊ နုံကြီးကျေးရွာစတဲ့ ပတ်ဝန်းကျင်ရွာ ၁၃ ရွာထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Act 2 “ပြေးရတဲ့ ရွာတွေက ကျနော်တို့ ကျေးရွာတွေဆိုရင် ကျွဲကျ၊ ညောင်နှုန်း၊ မတ်ထောက်၊ ပေါက်ပန်းဖြူ၊ ကုန်းရွာ၊ ချောင်းဆုံ၊ ရုံလေးပင်၊ ကဆောပြင်၊ မြို့ပေါ်၊ ပြောင်းပြာ၊ လက်လုပ်၊ နုံကြီး၊ ရွာတောင် ၄ရွာ ပြေးရတဲ့ ရွာတွေက၊ ကျနော်တို့ အိမ်ခြေ ၂,၀၀၀ ဝန်းကျင်လောက်က ပြေးရတယ်ဆိုက အများဆုံး ၁၀,၀၀၀ ကျော်လောက်က ရှိမှာပေါ့ဗျာ ပြေးနေကြရတာ။”

မတ် ၈ ရက်နေ့တုန်းကလည်း ယင်းမာပင်မြို့နယ် ယမားချောင်းမြောက်ခြမ်းက လက်ပံတောကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောထားပါတယ်။

ဒါကြောင့် လက်ပံတောကျေးရွာ၊ ကံသာရွာ၊ ရှမ်းရွာနဲ့ ပတ်ဝန်းကျင်ကလည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ပြေးလွှားခဲ့ကြရပါတယ်။ အခုရက်ပိုင်းမှာတော့ အဲဒီဘက် အခြေအနေတည်ငြိမ်လာလို့ တချို့စစ်ပြေးဒေသခံတွေ နေရပ်ကိုပြန်လာတဲ့ သူရှိသလို မပြန်ရဲသေးသူတွေလည်း ရှိနေပါတယ်။ ရာသီဥတုပူပြင်းလို့ တောတောင်တွေထဲ ကြာကြာမနေနိုင်တဲ့အတွက် ဒေသအခြေအနေ တည်ငြိမ်တာနဲ့ နေရပ်ပြန်ချင်ကြတာဖြစ်တယ်လို့ ကံသာရွာခံတဦးက ပြောပြပါတယ်။

Act 3 “သူတို့ရဲ့ ကျန်းမာရေးအခြေအနေကလည်း အခြေအနေမကောင်းဘူးဗျ၊ ဘာလို့လဲဆိုတော့ အခုက နေရာလည်း တရက်နဲ့ တရက် အပူချိန်တွေလည်း ပြင်းလာတယ်။ အမိုးအကာမရှိတဲ့နေရာဒေသလေးတွေမှာ မိုးကာခင်းပြီး အိပ်ကြရတယ်ဆိုတာကျတော့ အဲ့ရာသီဥတုဒဏ်ကို မခံနိုင်လို့ ပြန်လာတဲ့ လူတွေလည်း ရှိတယ်ဗျ။ လာတော့မလာချင်ကြဘူး၊ ညညဆိုခြောက်ချားတယ် နေရထိုင်ရတာ အဲ့လိုပေါ့။ ကျနော်တို့ ကံသာတို့ လက်ပံတောတို့ ရှမ်းရွာတို့ကတော့ ပြန်လာကြပြီးဗျ။ ဟိုဘက် ရွာသာတို့ ပြန်လှည့်တို့ ဒီပြင်ရွာတွေကတော့ အခုမှပြေးတုန်းလွှားတုန်းပဲ ရှိသေးတယ်ဗျ။”

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ အင်အားတိုးမြှင့်ပြီး နယ်တခွင် နယ်မြေရှင်းလင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး တရွာဝင် တရွာထွက် စစ်ရေးလှုပ်ရှားနေတာကြောင့် ဒေသခံတွေ ပြေးလွှားနေရတာလို့ ကံသာရွာခံတဦးက ပြောပါတယ်။

Act 4 “တရွာဝင် တရွာထွက်ပေါ့၊ သူတို့လမ်းကြောင်းကတော့ ဘယ်လိုရှိလဲဆိုတာ ကျနော်တို့က မသိနိုင်ဘူးလေး။ သူက အဝေးကနေပြီးတော့ သူတို့ ဦးတည်ရာလမ်းကြောင်းကို လက်နက်ကြီးလို့ ယူဆရတဲ့ ဟာတွေနဲ့ အသံတွေနဲ့ အုန်း…အုန်း…အုန်း…ဒိုင်း…ဒိုင်းကြီးနဲ့လည်း လှမ်းပစ်တယ်။ သူတို့အဲ့ပစ်တဲ့နေရာက ဘုန်းကြီးကျောင်းတို့ အဆောက်အဦးခိုင်ခိုင်မာမာရှိတဲ့ အရပ်ဒေသတွေကို လက်နက်ကြီးနဲ့ အရင်လှမ်းပစ်တယ်။ အဲ့ဒီထဲကို လူရှင်းတဲ့ သဘောနေမှာပေါ့ဗျာ။ အဲ့လိုပစ်ပြီးတော့မှ လက်နက်ငယ်အသံတွေ ကြားရတယ်၊ အဲ့လိုတွေနဲ့ ဝင်လာတာပဲဗျ။”

အခုလို စစ်ကိုင်းတိုင်း ယင်းမာပင်နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းမှုတွေလုပ်နေသလို စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း တိုးလာနေပါတယ်။ နယ်မြေရှင်းလင်းမှုတွေ၊ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားအများအပြား ဘေးလွတ်ရာပြေးနေကြရဆဲဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG