သုံးရလွယ်ကူစေသည့် Link များ

မြန်မာသင်္ကြန် အကြိုနေ့ ကျင်းပ


တပ်နဲ့ အရပ်ဖက် ဆက်ဆံရေး အပြန်အလှန်သဟဇာတရှိရှိ အတူပူးပေါင်းဆောင်ရွက်ခြင်းဟာ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း ရလဒ်ကောင်းတွေရလာသလို၊ ပြည်တွင်းအင်အားတိုးတက်မှုဖြစ်စေလိမ့်မယ်လို့ မြန်မာသမ္မတ ဦးထင်ကျော်က ပြောဆိုပါတယ်။

တပ်နဲ့အရပ်ဖက် ဆက်ဆံရေးမှာ မဟာတံတိုင်းခြားသလို မဖြစ်စေချင်ဘူးလို့ နေပြည်တော် သမ္မတအိမ်တော်မှာလုပ်တဲ့ သင်္ကြန်ပွဲတော်ကို တတ်ရောက်လာတဲ့ ဧည်သည်တွေကို သမ္မတက ပြောဆိုသွားတာပါ။

နေပြည်တော်သမ္မတအိမ်တော်မှာလုပ်တဲ့ သင်္ကြန်အကြိုနေ့ သင်္ကြန်ပွဲတော်ကိုတော့ ဒုတိယသမ္မတနှစ်ဦးအပါအ၀င် အစိုးရပြည်ထောင်စုဝန်ကြီးတွေ လွှတ်တော်ပိုင်းက အကြီးအကဲတွေနဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့ တတ်ရောက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တတ်ရောက်လာခြင်းမရှိပါဘူး။ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ရန်ကုန်တိုင်းဒေသကြီး ဗဟိုမဏ္ဍပ်ကို ဒီကနေ့ သင်္ကြန်အကြိုနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တတ်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်မှာတော့ သင်္ကြန်ရေပတ်ခံကားတွေ ရေပတ်မဏ္ဍိပ်တွေနဲ့ ဒီကနေ့ သင်္ကြန်အကြိုနေ့ကတည်းက စည်ကားနေပါပြီ။

ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ရခိုင်ရိုးရာသင်္ကြန်ပွဲကို ကျင်းပခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က တတ်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

XS
SM
MD
LG