သုံးရလွယ်ကူစေသည့် Link များ

မာရသာ ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်


မာရသာ ဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်မြောက်ဘက် (၁၀၅)မိုင် ဂွမြို ရဲ့  အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့ရဲ့  အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နဲ့ ကျောက်ဖြူမြို ရဲ့ တောင်-အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း "မာရသာ” (Maarutha)ဟာ၁၂နာရီအတွင်းမှာ ရခိုင်ပြည်နယ်သံတွဲမြိုအနီးကိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်ဆိုပြီး မြန်မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒနဲညွန်ကြားမူဦးစီးဌာနကနေ မုန်းတိုင်းသတိပေးချက်ကို့ လိမ္မော်ရောင်အဆင့်ကနေ အနီရောင်အဆင့်အဖြစ်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ထိုင်းအခြေစိုက် VOA သတင်းထောက်မအေးအေးမာ ကသတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha)ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့နေပြီး မြန်မာနိုင်ငံ၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့ရဲ့ အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့ရဲ့  အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် ကျောက်ဖြူမြို့ရဲ့  တောင်-အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာကြောင့် မုန်တိုင်းကြိုတင် သတိပေးချက်ကို အနီရောင်အဆင့် အဖြစ်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှူးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချူပ် ဦးကျော်မိုးဦးက ပြောပြပါတယ်။

“၁၂ နာရီအလွန်မှာ ကျနော်တို့ အနီရောင်အဖြစ်ထုတ်ပြန်တယ်ဆိုတဲ့အဆိုပြုချက်အရ ကျနော်တို့ ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha)ဟာ နောက်၁၂ နာရီအတွင်းမှာ တိုက်ခိုက်နိုင်တဲ့အတွက် အနီရောင်အဖြစ်ထုတ်ပြန်ရတာဖြစ်ပါတယ်။”

အနီရောင်အဆင့် ဆိုတာဟာ ၁၂နာရီအတွင်းကမ်းရိုးတန်းကို ၀င်ရောက်နိုင်တယ်ဆိုတဲ့ မုန်တိုင်ကြိုတင် သတိပေးချက်သင်္ကေတပါ။ ဒီထဲမှာ ရခိုင်ပြည်နယ်ထဲက သံတွဲမြို့ ကတော့ မုန်တိုင်းဒဏ်ကိုပြင်းထန်စွာ ခံရနိုင်သလို မြစ်ဝကျွန်းပေါ်ဒေသတွေလည်း စိုးရိမ်ရတယ်လို့လည်းသတိပေးခဲ့ပါတယ်။ တနာရီကိုမိုင်၅၀ကနေ ၂၀၀လောက်ထိမုန်တိုင်းအရှိန်က ပြင်းထန်စွာ တိုက်ခတ်နှိုင်တယ်လို့ လည်းပြောထားပါတယ်။

“မြန်မာနိုင်ငံ ကမ်းခြေဒေသ သံတွဲမြိုကအနီးကနေပြီးတော့ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မုန်းရတယ်ပေါ့နော် ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀)နှုန်းတိုက်နေတဲ့အနေအထားဖြစ်ပါတယ်။ သူကအနည်းဆုံး မိုင် ၅၀ ကနေပြီးတော့ ကြီးမားတဲ့မုန်တိုင်းတွေဖြစ်နိုင်တယ်ပေါ့နော်။”

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လေပြင်းတိုက်ခတ်တာ မိုးကြီးတာ ရုတ်တရက်ရေကြီတာတွေ မြေပြိုတာတွေ ဖြစ် ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသ အနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို ကျရောက်နိုင်သလို့  မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ ရေကြီးမူတွေရေလျံမူတွေဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ကိုလည်း

မြန်မာနိုင်ငံမိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမူဦးစီးဌာနကနေအကြံပြုချက်တွေလည်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG