မြန်မာအစိုးရက ကမ်းခြေစောင့်တပ်ကိုဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့မနေ့က အစည်း အဝေးမှာပြောဆိုခဲ့ကြတာလို့ ဆွင်ဟွာသတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။
ကီလိုမီတာ၂၀၈၀ရှည်လျှားတဲ့ ကမ်းရိုး တန်းနဲ့ မြန်မာနိုင်ငံရေပိုင်နက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ်ပြီး ကမ်းခြေစောင့်တပ်ကိုဖွဲ့စည်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ်းလွန်ရေနံနဲ့သဘာဝဓါတ်ငွေ့တူးဖေါ်ထုတ်လုပ်ရေးလမ်းကြောင်းတွေ အန္တရယ်ကင်းရှင်းဖို့နဲ့ သဘာဝသံ ယံဇာတတွေကို ကာကွယ်စောင့်ရှောက်ရေးတွေအတွက်လည်း အထောက်အကူဖြစ်အောင်ရည်ရွယ်ပြီး ကမ်းခြေစောင့် တပ်ကိုဖွဲ့စည်းမှာဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းသွားလာမှုအတွင်း မတော်တဆဖြစ်ပွါးမှုတွေတိုးမြင့်လာနေတဲ့ကိစ္စ၊ သဘာဝဘေးအန္တရာယ်တွေ တိုးမြင့်ဖြစ်ပေါ်လာနေတဲ့ကိစ္စနဲ့ လေထုညစ်ညမ်းမှုပိုဆိုးဝါးလာနေတာတွေကိုလည်း ကူညီ ဖြေရှင်းနိုင်အောင် ဒီအဖွဲ့ကိုဖွဲ့စည်းမှာဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်ဇင်မောင်က မနေ့ကအစည်း အဝေးမှာပြောဆိုခဲ့တဲ့အကြောင်း ဆင်ဟွာသတင်းမှာဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု တွေ၊ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေ၊ လူကုန်ကူးမှုတွေ၊ တရားမဝင်ရောင်းဝယ်မှုတွေ၊ တရားမဝင်ငါးဖမ်းမှုတွေ စတဲ့ပြ ဿနာတွေကိုလည်း ကာကွယ်တားဆီးဖို့ရည်ရွယ်ပြီး ကမ်းခြေစောင့်တပ်ကိုဖွဲ့စည်းမှာဖြစ်တယ်လို့ဆိုပါတယ်။