သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ ASEM နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေး မြန်မာ အိမ်ရှင်လုပ်မည်

(၁၁)ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးနှင့် ပိတ်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်က အူလန်ဘာတာမြို့ တွင် ကျင်းပခဲ့ရာ မြန်မာ သမ္မတဦးထင်ကျော်မှ မွန်ဂိုလီးယားနိုင်ငံ သမ္မတ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ၊ ဆလိုဗက် နိုင်ငံဝန်ကြီးချုပ် နှင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတို့ နှင့်အတူ ရှင်းလင်း ပြောကြားနေစဉ်။ (ဓါတ်ပုံ - နိုင်ငံတော် သမ္မတရုံး ဖေ့်စ်ဘွတ်)

၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို မြန်မာနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ မြန်မာသမ္မတ ဦးထင်ကျော် ကပြောပါတယ်။

မွန်ဂိုလီးယား နိုင်ငံမှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အာရှ ဥရောပ ထိပ်သီး ဆွေးနွေးပွဲ အပြီးမှာ မြန်မာ သမ္မတ ဦးထင်ကျော်ဟာ မွန်ဂိုလီးယား သမ္မတ နဲ့အတူ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

ဒေသ နှစ်ခုအကြား နှစ် ၂၀ ကြာ ဆက်ဆံရေး အခြေအနေကို ပြန်လည် သုံးသပ် ပြီးတဲ့နောက်၊ ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်လာအောင် နဲ့ ဒေသနှစ်ခု အကြား ဆက်ဆံရေးဟာ ဒေသနှစ်ခုမှာရှိတဲ့ ပြည်သူတွေ အတွက်တင်မကပဲ တကမ္ဘာလုံး အတွက်ပါ အကျိုးရှိစေမယ် လို့ မျှော်လင့်ထားတဲ့ အကြောင်း မြန်မာ သမ္မတ ဦးထင်ကျော်က ပြောခဲ့ပါတယ်။

အကြမ်းဖက် ပြဿနာ တရားဥပဒေ စိုးမိုးရေး ဆင်းရဲမွဲတေမှု လျှော့ချရေး စတဲ့ နိုင်ငံတကာ အခြေအနေရော ဒေသနှစ်ရပ်ရဲ့ ပြဿနာရပ်တွေကိုပါ သူတို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ဦးထင်ကျော် က ပြောပါတယ်။

ဆွေးနွေးပွဲ အတွင်း ဘေးပန်းမှာလည်း နိုင်ငံချင်း အပြန်အလှန် တွေ့ဆုံမှုတွေ ရှိခဲ့ရာမှာ မြန်မာ သမ္မတအနေနဲ့ မွန်ဂိုလီးယား သမ္မတ နော်ဝေး၀န်ကြီးချုပ် အင်ဒိုနီးရှား ဒု သမ္မတ တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မွန်ဂိုလီယားနိုင်ငံ အူလန်ဘာတာမြို့မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ဒီ အာရှ ဥရောပ ထိပ်သီး အစည်းအဝေးမှာ သောကြာနေ့ကပဲ ဖြစ်ပွားခဲ့တဲ့ တူရကီနိုင်ငံက မအောင်မြင်တဲ့ အာဏာသိမ်းမှု အခြေအနေ ကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေး ခဲ့ကြ ပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ အခု အစည်းအဝေးရဲ့ ဖွင့်ပွဲမှာလည်း မိန့်ခွန်း စကားပြောကြားခဲ့ပြီး၊ ASEM အဖွဲ့ ထူထောင်တဲ့ အခု နှစ် ၂၀မြောက် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်တဲ့အတွက် ထူးခြားတဲ့ အစည်းအဝေး ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG