သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ ဗီဇာကဒ် သုံးနိုင်တော့မည်


အကြွေးကဒ်နဲ့ ဘဏ်ကဒ် visa
အကြွေးကဒ်နဲ့ ဘဏ်ကဒ် visa
အရှေ့တောင်အာရှဒေသက ငွေစက္ကူ အဓိကထားသုံးစွဲတဲ့ မြန်မာနိုင်ငံမှာ VISA card ကုမ္ပဏီက ဝင်ရောက်ပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ဖို့ ပြင်ဆင်နေပါပြီ။ ဒါကြောင့် မကြာခင် ကာလမှာ မြန်မာနိုင်ငံမှာ လက်ငင်းနဲ့ အကြွေး ငွေချေကဒ်ပြားစနစ်သုံး ငွေလွှဲစနစ် Debit နဲ့ Credit card transactions တွေ ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

ဆယ်စုနှစ်များစွာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှု Sanctions ချမှတ်ခံခဲ့ရတဲ့ နိုင်ငံအဖြစ်ကနေ ရုန်းထွက်လာပြီး တိုးတက်အောင် ကြိုးစားလာတဲ့ မြန်မာ့ စီးပွားရေးလောက နိုင်ငံ တကာ အဆင့်မီစေဖို့ ပြည်တွင်း ဘဏ်ဝန်ထမ်းတွေကို အီလက်ထရောနစ် ငွေချေစနစ်ဆိုင်ရာ သင်တန်းတွေကို VISA ကုမ္မဏီက သင်ကြားပေးတယ်လို့ The Wall Street Journal သတင်းက ဖော်ပြပါတယ်။

ကမ္ဘာပေါ်မှာ ခေတ်မ ီအီလက်ထရောနစ် ငွေချေစနစ်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီဖြစ်ပေမဲ့ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာတော့ ငွေထုတ်နိုင်တဲ့ ATM စက်အနည်းငယ်ပဲရှိပြီး ကမ္ဘာသုံး အကြွေးကဒ် Credit card ကို လက်ခံသုံးစွဲမှု ပိတ်ပင်ထားခဲ့တာ နှစ်ပေါင်း အတော်ကြီးကို ကြာနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု (Sanction) ဖြေလျော့ပေးအပြီး မြန်မာနိုင်ငံထဲကို ဝင်လာမဲ့ နိုင်ငံတကာက ဧည့်သည်တွေအတွက် အခြေခံ အီလက်ထရောနစ် ငွေချေစနစ် လုပ်ပေးဖို့ လိုကိုလိုအပ်မှာ ဖြစ်တယ်လို့ VISA ကုမ္မဏီကပြောပါတယ်။

နိုင်ငံတကာ ဧည့်သည်တွေအနေနဲ့ ခရီးသွားရာမှာ ငွေစက္ကူ အများကြီး သယ်ဆောင်ပြီး ခရီးထွက်လေ့ မရှိတာကြောင့် အီလက်ထရောနစ် ငွေလွှဲစနစ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG