သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၃ ဂိုး ၊ ကမ္ဘောဒီးယား ၁ ဂိုး


ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ အတွက် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ဒီကနေ့ ယှဉ်ပြိုင်ကစား (FB-Myanmar Football Federation)
ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ အတွက် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ဒီကနေ့ ယှဉ်ပြိုင်ကစား (FB-Myanmar Football Federation)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်၊ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ အုပ်စု B ပွဲစဉ် အတွက် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ဒီကနေ့ ယှဉ်ပြိုင်ကစားတာမှာ မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

မြန်မာအသင်းအတွက် ဂိုးတွေကို ဇော်မင်းထွန်းက ၃၅ မိနစ်နဲ့ ၄၀ မိနစ်တွေမှာ သွင်းယူပြီး အောင်သူက ၅၆ မိနစ်မှာ တတိယဂိုး သွင်းယူပါတယ်။ ကမ္ဘောဒီးယားအသင်းအတွက် ဂိုးကိုတော့ ၁၄ မိနစ်မှာ Sos Suhana က သွင်းယူတာပါ။

မြန်မာအသင်းဟာ အခုဆိုရင် နှစ်ပွဲကစား၊ တပွဲနိုင်၊ တပွဲရှုံးနဲ့ သုံးမှတ်ရထားပြီး မလေးရှားအသင်းနဲ့ အမှတ်တူနေပေမဲ့ ဂိုးကွာခြား ချက်အရ အုပ်စုဒုတိယနေရာ ရထားပါတယ်။ ဒီအုပ်စုမှာ ဗီယက်နမ်က ၆ မှတ်နဲ့ အုပ်စုပထမနေရာမှာရှိပြီး ကမ္ဘောဒီးယားကတော့ အမှတ်မရသေးပါဘူး။

မြန်မာနဲ့ မလေးရှားတို့ နိုဝင်ဘာလ ၂၆ ရက် စနေနေ့မှာ ကစားရမယ့်ပွဲဟာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ အဆုံးအဖြတ်ပွဲပါ။ ဒီပွဲမှာ မြန်မာအသင်းအနေနဲ့ သရေကျတယ်ဆိုရင်တောင်မှ ဆီမီးဖိုင်နယ်အဆင့် တက်ရမှာဖြစ်ပါတယ်။

မြန်မာ ၃ ဂိုး ၊ ကမ္ဘောဒီးယား ၁ ဂိုး
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG