သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

စာနာမှုအကူအညီပေးရာမှာ အခက်ခဲဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်


ဒုက္ခသည်ကူညီရေး အဖွဲ့တွေအနေနဲ့ အကူအညီပေးရေးဆောင်ရွက်ရာမှာ အခက်အခဲအတွေ့ရဆုံးနိုင်ငံတွေ စာရင်းထဲမှာ မြန်မာနိုင်ငံလည်း ထိပ်ဆုံးကပါဝင်ကြောင်း ACAPS အဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၆ လအတွင်း ဒုက္ခသည်တွေကို ကူညီနိုင်ရေး အခက်အခဲတွေ ပိုတိုးလာတယ်လို့ Geneva အခြေစိုက် ACAPS သုတေသနအဖွဲ့က ပြောပါတယ်။ အကူအညီပေးရေး လုပ်သားတွေကို အကြမ်းဖက်တာ၊ အကူအညီမရနိုင်အောင်တားဆီးနှောက်ယှက်တာ အပါအ၀င် အချက် ၉ ချက်အပေါ် အခြေခံပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံကို အကဲဖြတ်ခဲ့တာပါ။

ရိုဟင်ဂျာတွေကို အကူအညီပေးရာမှာ အခက်အခဲတွေရှိနေတာကြောင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ရာမှာ မြန်မာနိုင်ငံဟာ အခက်တွေ့ရဆုံးနိုင်ငံဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဗြိတိန်လွှတ်တော်ဆိုင်ရာ ကော်မတီတခုကတော့ မိုးရာသီ ရေကြီးရေလျှံဖြစ်ရာမှာ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး သေဆုံးနိုင်ကြောင်း သတိပေးထားပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ Stephen Twigg ကလည်း ရာသီကူးပြောင်းခါနီး အချိန်သိပ်မကျန်တော့တာကြောင့် အလှူရှင်တွေအနေနနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆေင်ရွက်ကျဖို့ တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ သြဂုတ်လကုန်ပိုင်းကစလို့ မြန်မာနိုင်ငံ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ဒုက္ခသည် ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြပါတယ်။ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်အပြီး စစ်တပ်က နယ်မြေရှင်းလင်းရာမှာ ဒုက္ခသည်တွေ အခုလို ထွက်ပြေးခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG