သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကိစ္စ စွပ်စွဲချက် အထောက်အထားပြဖို့ မြန်မာတောင်းဆို


Switzerland နိုင်ငံ Geneva မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည် စည်းဝေးပွဲမှာ မြန်မာနိုင်ငံ နဲ့ပါတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းနဲ့အဖွဲ့ လာရောက်ဆွေးနွေးစဉ်။ သတင်းဓာတ်ပုံ- ဒေါ်ပြုံးကေသီနိုင် FACEBOOK.
Switzerland နိုင်ငံ Geneva မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည် စည်းဝေးပွဲမှာ မြန်မာနိုင်ငံ နဲ့ပါတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းနဲ့အဖွဲ့ လာရောက်ဆွေးနွေးစဉ်။ သတင်းဓာတ်ပုံ- ဒေါ်ပြုံးကေသီနိုင် FACEBOOK.

မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေအထိ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပါတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့အထောက်အထား လိုချင်တယ်လို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။ Switzerland နိုင်ငံ Geneva မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည်စည်းဝေးပွဲမှာ မြန်မာနိုင်ငံ နဲ့ပါတ်သက်လို့ လာရောက်ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းက သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံမှာ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေရှိနေတယ်။ လူမျိုးုတုန်း သတ်ဖြတ်မှုတွေအထိဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ မကြာခဏကြားနေရပါတယ်။ အရင်ကကျွန်တော်ပြောခဲ့သလိုပဲ ခုလဲထပ်ပြောပါမယ်။ ဒါဟာအစိုးရရဲ့ မူမဟုတ်ပါဘူးဆိုတာကို အသေအချာပြောချင်ပါတယ်။ စွပ်စွဲမှုတွေအတွက် အထောက်အထား ရှင်းရှင်းလင်းလင်း ရချင်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ အထောက်အထား ရတယ်ဆိုရင် ဘယ်လိုပြစ်မှုမျိုးကိုမဆို ကျူးလွန်သူ။ လူ့အခွင့်အရေးချိုးဖောက်တယ်လို့စွပ်စွဲခံရသူတွေကို အသေအချာ အရေးယူမှာဖြစ်ပါတယ်။"

အခုအချိန်အထိ ရခိုင်ပြည်နယ်ထဲမှာ မွတ်ဆလင်အများစု နေထိုင်နေကြဆဲဖြစ်တယ် ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့လည်း သူက ထောက်ပြပါတယ်။ တကယ်လို့ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုရင် သူတို့အားလုံးထွက်သွားကြမှာဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းက Geneva မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် August လကုန်ပိုင်းက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်း လူမျိုးတုန်းသတ်ဖြတ်တဲ့အထိ ဆောင်ရွက်မှုတွေရှိခဲ့တယ်လို့ သူအခိုင်အမာ သံသယကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra'ad al-Hussein က လူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့ပြီး နောက်တရက်မှာပဲ မြန်မာအစိုးရဖက်က ရှင်းလင်းတဲ့ အထောက်အထားလိုချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်ဆောင်ရွက်မှုတွေနဲ့ပါတ်သက်လို့လည်း လူ့အခွင့်အရေးကောင်စီစည်းဝေးပွဲရဲ့ ဆွေးနွေးခန်းတခုမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကြာသပတေးနေ့က ရှင်းပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG