သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒုတိယေန႔အျဖစ္ သတင္းသမားနဲ႔တက္ႂကြ လႈပ္ရွားသူတခ်ိဳ႕ျပန္လြတ္


လြတ္ၿငိမ္းသက္သာခြင့္နဲ႔ျပန္လြတ္လာသူေတြကို ေစာင့္ေမွ်ာ္ႀကိဳဆိုေနၾကတဲ့ အင္းစိန္ေထာင္အျပင္ဘက္ျမင္ကြင္း။ (ေအာက္တိုဘာ ၁၉ ၊ ၂၀၂၁)

{{Zawgyi/Unicode}}

စစ္တပ္အာဏာသိမ္းတဲ့အေပၚ ဆန႔္က်င္လို႔ ဖမ္းဆီး ေထာင္ခ်ခံထားရသူ ေထာင္နဲ႔ခ်ီကို စစ္ေကာင္စီက လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ဒုတိယေန႔အျဖစ္ ျပန္လႊတ္ေပးေနတဲ့ထဲမွာ သတင္းသမားတခ်ိဳ႕နဲ႔ တက္ႂကြလႈပ္ရွားသူ ေက်ာင္းသားလူငယ္တခ်ိဳ႕ ဒီေန႔ ေအာက္တိုဘာ ၁၉ရက္မွာ ျပန္လြတ္လာၾကပါတယ္။ ျပန္လြတ္လာသူ ေတာ္ေတာ္မ်ားမ်ားက လူသာလြတ္လာေပမဲ့ စိတ္မလြတ္လပ္ဘူးလို႔ ေျပာၾကပါတယ္။ ဘာေၾကာင့္ပါလဲ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

သီတင္းကၽြတ္အထိမ္းအမွတ္အျဖစ္ စစ္ေကာင္စီက လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ဒီေန႔ ေအာက္တုိဘာ ၁၉ရက္မွာလည္း ေထာင္ခ်၊ ဖမ္းဆီးထားသူေတြကို ဒုတိယေန႔အျဖစ္ လႊတ္ေပးေနပါတယ္။ ဒီေန႔မွာေတာ့ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ သတင္းသမား ၁၀ ေယာက္နီးပါးနဲ႔ လူငယ္ တက္ႂကြလႈပ္႐ွားသူတခ်ဳိ႕ ျပန္လြတ္လာတာကို ဗီြအိုေအက အတည္ျပဳႏိုင္ပါတယ္။ ဒီေန႔ ျပန္လြတ္လာသူတေယာက္ျဖစ္တဲ့ သန္လ်င္တိုင္း သတင္းဌာန အယ္ဒီတာခ်ဳပ္လည္းျဖစ္ စာေရးဆရာမတဦးလည္းျဖစ္တဲ့ မတူတူးသာက သူ႔လြတ္ေျမာက္မႈကို ခုလိုေျပာပါတယ္။

“လက္မွတ္ေတြ၊ ဘာေတြေတာ့ မထုိးခုိင္းဘူး။ ထင္တာေတာ့ က်မတို႔က အခ်ဳပ္မို႔လို႔ထင္တယ္။ ဘာမွလက္မွတ္ေတြ မထိုးရဘူး။ ဒီအတုိင္းပဲ။ ...က်မတို႔ေတာ့ လြတ္လာၿပီေပါ့ေနာ္၊ တခ်ဳိ႕ က်န္ခဲ့ေသးတယ္။ ႏိုင္ငံေတာ္က ေၾကညာတဲ့ ျပစ္မႈ ဘာညာေတြ မပါဘဲနဲ႔ကို မလြတ္ဘဲနဲ႔က်န္ခဲ့တဲ့ တခ်ုိ႕သူငယ္ခ်င္းေတြ၊ ညီ ညီမေလးေတြ၊ ခေလးေတြ က်န္ခဲ့ေသးတယ္ေပါ့ေနာ္။ သူတို႔ကိုလည္း အျမန္စိစစ္ၿပီးေတာ့ အျမန္ဆံုး ျပန္လႊတ္ေပးေစခ်င္တယ္။ ေလာေလာဆယ္ေတာ့ အမ်ားႀကီး စဥ္းစားထားတာ မရွိပါဘူး။ က်မလည္း ေထြေထြထူးထူးေတာ့ ဘာမွ လုပ္စရာမရွိဘူးေလ။ စာေရးဆရာျဖစ္တယ္ဆိုေတာ့ စာပဲ ေရးမွာေပါ့။ ဒီေလာက္ပဲ ရွိပါတယ္။”

ဧၿပီ ၂၄ ရက္ေန႔က သန္လ်င္ၿမိဳ႕ေနအိမ္မွာ မတူးတူးသာကို လာဖမ္းစဥ္ သားျဖစ္သူ ေမာင္ၪာဏ္ လူသစ္၊ ေမာင္ျဖစ္သူ ကိုရဲေနာင္နဲ႔ သားသူငယ္ခ်င္း ေမာင္သီဟထြန္းတို႔လည္း အဖမ္းခံခဲ့ၾကရပါတယ္။ သူတုိ႔ေတြအားလံုးလည္း ျပန္လြတ္လာၾကပါတယ္။

တႏိုင္ငံလုံးမွာရွိတဲ့ အက်ဥ္းေထာင္ေတြထဲေန ျပန္လြတ္ၾကသူေတြထဲမွာ မတူးတူးသာ အပါအဝင္ ေလာေလာဆယ္သိရသေလာက္ သတင္းသမား ၈ ေယာက္ေက်ာ္ ဒီေန႔ လြတ္လာၾကပါတယ္။ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပ သတင္းေတြရယူေနစဥ္ ဖမ္းဆီးခံရၿပီး တပ္မေတာ္ၿပိဳကြဲေအာင္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (က) နဲ႔တရားစြဲခံရတဲ့ ျမစ္ႀကီးနားသတင္းဂ်ာနယ္၊ 74 Media၊ Kachin Waves စတဲ့ ကခ်င္သတင္းမီဒီယာေတြက သတင္းေထာက္ စုစုေပါင္း ၅ ေယာက္နဲ႔ သံျဖဴ ဇရပ္နဲ႔ ေရနံေခ်ာင္းဘက္က သတင္းသမား ၂ ေယာက္လည္း ဒီေန႔ လြတ္လာၾကပါတယ္။ မေန႔က ျပန္လြတ္လာတဲ့ သတင္းသမားေတြနဲ႔ဆိုရင္ေတာ့ စုစုေပါင္း ၁၃ ေယာက္ထက္မနည္း႐ွိပါတယ္။

သတင္းသမားေတြအျပင္ တက္ႂကြလႈပ္ရွားသူ တကသ ေက်ာင္းသားလူငယ္တခ်ိဳ႕လည္း ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္ကေန ဒီေန႔ ျပန္လြတ္လာပါတယ္။ လက္ရွိ အခ်ိန္အထိ စုံစမ္းသိရသေလာက္ တကသ ေက်ာင္းသား ၄ ဦးထက္မနည္း ျပန္လြတ္လာတယ္လို႔ တကသ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့ ပိုင္ရဲသူက ဗြီအိုေအကို အတည္ျပဳေျပာပါတယ္။ ျပန္လြတ္လာတဲ့ေက်ာင္းသားေတြထဲမွာ ဒဂုံတကၠသိုလ္က ၂ ေယာက္၊ သန္လ်င္နည္းပညာတကၠသိုလ္က ၁ ေယာက္နဲ႔ ေရေၾကာင္းတကၠသိုလ္က ၁ ေယာက္ပါဝင္ပါတယ္။ေထာင္ထဲက​ေန မလြတ္​ေျမာက္​ေသးတဲ့ လုပ္ေဖာ္ကိုင္ဘက္ေတြအတြက္ေရာ စစ္အာဏာရွင္လက္​ေအာက္က မလြတ္​ေျမာက္ေသးတဲ့ တစ္ႏိုင္ငံလုံးက ျပည္သူ​ေတြအတြက္​ပါ ဆက္ႀကိဳးစားဖုိ႔လိုတယ္လို႔ တကသေက်ာင္းသားအဖြဲ႔က ပိုင္ရဲသူကေျပာပါတယ္။

“လြတ္လာတဲ့အေပၚမွာေတာ့ ဝမ္းသာတယ္ဗ်။ ဘာလို႔လဲဆိုေတာ့ အခ်ဳပ္အေႏွာင္ကေန လြတ္လာတဲ့အေပၚမွာေတာ့ ဝမ္းသာတယ္။ ဒါေပမယ့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္သူ႔ကိုမွ ေက်းဇူးတင္ျခင္း၊ ေက်းဇူးခံျခင္းလုံးဝမရွိဘူးဗ်။ ဘာလို႔တုန္းဆိုေတာ့ က်ေနာ္တို႔ နဂိုရ္ရွိၿပီးသား အရာကို က်ေနာ္တို႔ျပန္ရတဲ့ကိစၥ။ ဘယ္သူ႔ကိုမွ ေက်းဇူးတင္စရာမလုိဘူးေပါ့။ ဒါေပမယ့္လို႔မတရားအလုပ္ခံရ၊ ေျခာက္လွန္႔ခံထားရတဲ့အေပၚ လုပ္တဲ့သူေတြအကုန္လံုးကို ႐ႈတ္ခ်တယ္။ ျပန္လႊတ္ေပးတဲ့အတြက္ေတာ့ လံုးဝ ေက်းဇူးမတင္ဘူး။ က်ေနာ္တို႔နဂိုရ္ထဲက ရွိေနတဲ့အရာမို႔လို႔။ က်ေနာ္တို႔ရဲ႕ ညီေတြ၊ ညီမေတြ ျပန္လြတ္လာတဲ့အတြက္ေတာ့ ဝမ္းသာတယ္ေပါ့။”

ျပန္လြတ္လာၾကသူအမ်ားစုက လူသာလြတ္လာေပမဲ့ စိတ္မလြတ္ေျမာက္သလို ခံစားေနၾကရတယ္လို႔ ေျပာၾကပါတယ္။ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတဲ့ အမိန္႔မွာကိုက အခ်ဳပ္အေႏွာင္မကင္းဘူးလုိ႔ ႏုိင္ငံေရးအက်ဥ္းသားေတြရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေ႐ွ႕ေနတေယာက္က ခုလိုေျပာပါတယ္။

“ျပစ္ဒဏ္မက်ရေသးဘူး။ တရား႐ံုးေတြမွာ အမႈရင္ဆုိင္ေနဆဲသူေတြေပါ့။ သူတို႔က်ေတာ့ အမႈ႐ုပ္သိမ္းေပးရမယ့္သူေတြနဲ႔ပတ္သက္လို႔ ေနာက္ထပ္သူ႔အေပၚမွာစြဲဖို႔တို႔၊ အမႈလက္က်န္ရွိေနေသးတာ လႊတ္ဖို႔အတြက္ တရား႐ုံးအဖြဲ႔အစည္းဘက္က ကန္႔ကြက္ရန္ရွိမရွိ စိစစ္ၿပီး လႊတ္ေပးေနတယ္လို႔ သိရတာေပါ့။ အမိန္႔အရေတာ့လႊတ္တယ္။ လႊတ္လိုက္တာနဲ႔ပဲ ေထာင္ဗူးဝေရွ႕မွာတင္ သက္ဆုိင္ရာ ရဲစခန္းေတြက ဖမ္းၿပီးေတာ့ ေနာက္ထပ္တျခားအမႈတမႈနဲ႔ တရားစြဲတာေတြ က်ေနာ္တို႔ၾကားေနရတာေပါ့ေနာ္။ ဒါေတြက လႊတ္ရင္းနဲ႔ ခ်က္ျခင္းႀကီးျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြ ျဖစ္ေနတဲ့အတြက္ လြတ္လာတဲ့သူေတြ စိတ္ထဲမွာေတာ့ မသက္မသာ စိုးရိမ္ေသာကရွိၾကတာေပါ့။ မိသားစုေတြလည္း အလားတူပဲ။ ဒါက ယခင္တုန္းက လြတ္ၿငိမ္းနဲ႔ မတူသလို ျဖစ္ေနပါတယ္။”

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလေနာက္ပိုင္း အာဏာသိမ္းမႈဆန္႔က်င္လို႔ ဖမ္းဆီးခဲ့သူေတြကုိ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳတဲ့ထဲမွာ ထင္႐ွားတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ ေက်ာင္းသားေခါင္းေဆာင္ေတြေတာ့ မပါၾကေသးပါဘူး။ ဆူပူဆႏၵျပမႈေတြေၾကာင့္ ျပစ္ဒဏ္က်ခံေနရသူ ၁၃၁၆ ေယာက္ကို ေနာက္တႀကိမ္ ျပစ္မႈ ထပ္မံက်ဴးလြန္ရင္ အဲဒီျပစ္ဒဏ္အျပင္ ယခုက်န္႐ွိတဲ့ ျပစ္ဒဏ္တုိ႔နဲ႔ ေပါင္းၿပီး က်ခံရမယ္ဆိုတဲ့ ကန္႔သတ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့သလို၊ ဆႏၵျပမႈေတြမွာ ပါဝင္ခဲ့တဲ့အတြက္ တရား႐ံုးအသီးသီးမွာ အမႈရင္ဆိုင္ေနရသူ ၄,၃၂၀ ကိုလည္း ၾကားနာစစ္ေဆးေနတဲ့ အမႈေတြ ပိတ္သိမ္းၿပီး အမႈကေန လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ေအာက္တိုဘာ ၁၈ ရက္ တနလၤာေန႔က ေၾကညာထားပါတယ္။ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က) နဲ႔တရားစြဲခံထားရတဲ့ အႏုပညာ႐ွင္ ၂၄ ေယာက္နဲ႔ လူသိမ်ားေက်ာ္ၾကားသူ ၁၀ ေယာက္ကိုလည္း လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ပါတယ္။ ဒီလြတ္ၿငိမ္းခ်မ္းသာခြင့္ေတြနဲ႔ မနက္ျဖန္မွာလည္း တခ်ဳိ႕ ျပန္လြတ္လာဖုိ႔႐ွိတယ္လို႔ ခန္႔မွန္းရပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

{{Unicode}}

ဒုတိယနေ့အဖြစ် သတင်းသမားနဲ့တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်

စစ်တပ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်လို့ ဖမ်းဆီး ထောင်ချခံထားရသူ ထောင်နဲ့ချီကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒုတိယနေ့အဖြစ် ပြန်လွှတ်ပေးနေတဲ့ထဲမှာ သတင်းသမားတချို့နဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တချို့ ဒီနေ့ အောက်တိုဘာ ၁၉ရက်မှာ ပြန်လွတ်လာကြပါတယ်။ ပြန်လွတ်လာသူ တော်တော်များများက လူသာလွတ်လာပေမဲ့ စိတ်မလွတ်လပ်ဘူးလို့ ပြောကြပါတယ်။ ဘာကြောင့်ပါလဲ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဒီနေ့ အောက်တိုဘာ ၁၉ရက်မှာလည်း ထောင်ချ၊ ဖမ်းဆီးထားသူတွေကို ဒုတိယနေ့အဖြစ် လွှတ်ပေးနေပါတယ်။ ဒီနေ့မှာတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သတင်းသမား ၁၀ ယောက်နီးပါးနဲ့ လူငယ် တက်ကြွလှုပ်ရှားသူတချို့ ပြန်လွတ်လာတာကို ဗွီအိုအေက အတည်ပြုနိုင်ပါတယ်။ ဒီနေ့ ပြန်လွတ်လာသူတယောက်ဖြစ်တဲ့ သန်လျင်တိုင်း သတင်းဌာန အယ်ဒီတာချုပ်လည်းဖြစ် စာရေးဆရာမတဦးလည်းဖြစ်တဲ့ မတူတူးသာက သူ့လွတ်မြောက်မှုကို ခုလိုပြောပါတယ်။

“လက်မှတ်တွေ၊ ဘာတွေတော့ မထိုးခိုင်းဘူး။ ထင်တာတော့ ကျမတို့က အချုပ်မို့လို့ထင်တယ်။ ဘာမှလက်မှတ်တွေ မထိုးရဘူး။ ဒီအတိုင်းပဲ။ ...ကျမတို့တော့ လွတ်လာပြီပေါ့နော်၊ တချို့ ကျန်ခဲ့သေးတယ်။ နိုင်ငံတော်က ကြေညာတဲ့ ပြစ်မှု ဘာညာတွေ မပါဘဲနဲ့ကို မလွတ်ဘဲနဲ့ကျန်ခဲ့တဲ့ တချို့သူငယ်ချင်းတွေ၊ ညီ ညီမလေးတွေ၊ ခလေးတွေ ကျန်ခဲ့သေးတယ်ပေါ့နော်။ သူတို့ကိုလည်း အမြန်စိစစ်ပြီးတော့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။ လောလောဆယ်တော့ အများကြီး စဉ်းစားထားတာ မရှိပါဘူး။ ကျမလည်း ထွေထွေထူးထူးတော့ ဘာမှ လုပ်စရာမရှိဘူးလေ။ စာရေးဆရာဖြစ်တယ်ဆိုတော့ စာပဲ ရေးမှာပေါ့။ ဒီလောက်ပဲ ရှိပါတယ်။”

ဧပြီ ၂၄ ရက်နေ့က သန်လျင်မြို့နေအိမ်မှာ မတူးတူးသာကို လာဖမ်းစဉ် သားဖြစ်သူ မောင်ဉာဏ် လူသစ်၊ မောင်ဖြစ်သူ ကိုရဲနောင်နဲ့ သားသူငယ်ချင်း မောင်သီဟထွန်းတို့လည်း အဖမ်းခံခဲ့ကြရပါတယ်။ သူတို့တွေအားလုံးလည်း ပြန်လွတ်လာကြပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေထဲနေ ပြန်လွတ်ကြသူတွေထဲမှာ မတူးတူးသာ အပါအဝင် လောလောဆယ်သိရသလောက် သတင်းသမား ၈ ယောက်ကျော် ဒီနေ့ လွတ်လာကြပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြ သတင်းတွေရယူနေစဉ် ဖမ်းဆီးခံရပြီး တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံရတဲ့ မြစ်ကြီးနားသတင်းဂျာနယ်၊ 74 Media၊ Kachin Waves စတဲ့ ကချင်သတင်းမီဒီယာတွေက သတင်းထောက် စုစုပေါင်း ၅ ယောက်နဲ့ သံဖြူ ဇရပ်နဲ့ ရေနံချောင်းဘက်က သတင်းသမား ၂ ယောက်လည်း ဒီနေ့ လွတ်လာကြပါတယ်။ မနေ့က ပြန်လွတ်လာတဲ့ သတင်းသမားတွေနဲ့ဆိုရင်တော့ စုစုပေါင်း ၁၃ ယောက်ထက်မနည်းရှိပါတယ်။

သတင်းသမားတွေအပြင် တက်ကြွလှုပ်ရှားသူ တကသ ကျောင်းသားလူငယ်တချို့လည်း ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်။ လက်ရှိ အချိန်အထိ စုံစမ်းသိရသလောက် တကသ ကျောင်းသား ၄ ဦးထက်မနည်း ပြန်လွတ်လာတယ်လို့ တကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ပိုင်ရဲသူက ဗွီအိုအေကို အတည်ပြုပြောပါတယ်။ ပြန်လွတ်လာတဲ့ကျောင်းသားတွေထဲမှာ ဒဂုံတက္ကသိုလ်က ၂ ယောက်၊ သန်လျင်နည်းပညာတက္ကသိုလ်က ၁ ယောက်နဲ့ ရေကြောင်းတက္ကသိုလ်က ၁ ယောက်ပါဝင်ပါတယ်။ထောင်ထဲကနေ မလွတ်မြောက်သေးတဲ့ လုပ်ဖော်ကိုင်ဘက်တွေအတွက်ရော စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်သေးတဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေအတွက်ပါ ဆက်ကြိုးစားဖို့လိုတယ်လို့ တကသကျောင်းသားအဖွဲ့က ပိုင်ရဲသူကပြောပါတယ်။

“လွတ်လာတဲ့အပေါ်မှာတော့ ဝမ်းသာတယ်ဗျ။ ဘာလို့လဲဆိုတော့ အချုပ်အနှောင်ကနေ လွတ်လာတဲ့အပေါ်မှာတော့ ဝမ်းသာတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ကျေးဇူးတင်ခြင်း၊ ကျေးဇူးခံခြင်းလုံးဝမရှိဘူးဗျ။ ဘာလို့တုန်းဆိုတော့ ကျနော်တို့ နဂိုရ်ရှိပြီးသား အရာကို ကျနော်တို့ပြန်ရတဲ့ကိစ္စ။ ဘယ်သူ့ကိုမှ ကျေးဇူးတင်စရာမလိုဘူးပေါ့။ ဒါပေမယ့်လို့မတရားအလုပ်ခံရ၊ ခြောက်လှန့်ခံထားရတဲ့အပေါ် လုပ်တဲ့သူတွေအကုန်လုံးကို ရှုတ်ချတယ်။ ပြန်လွှတ်ပေးတဲ့အတွက်တော့ လုံးဝ ကျေးဇူးမတင်ဘူး။ ကျနော်တို့နဂိုရ်ထဲက ရှိနေတဲ့အရာမို့လို့။ ကျနော်တို့ရဲ့ ညီတွေ၊ ညီမတွေ ပြန်လွတ်လာတဲ့အတွက်တော့ ဝမ်းသာတယ်ပေါ့။”

ပြန်လွတ်လာကြသူအများစုက လူသာလွတ်လာပေမဲ့ စိတ်မလွတ်မြောက်သလို ခံစားနေကြရတယ်လို့ ပြောကြပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အမိန့်မှာကိုက အချုပ်အနှောင်မကင်းဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတယောက်က ခုလိုပြောပါတယ်။

“ပြစ်ဒဏ်မကျရသေးဘူး။ တရားရုံးတွေမှာ အမှုရင်ဆိုင်နေဆဲသူတွေပေါ့။ သူတို့ကျတော့ အမှုရုပ်သိမ်းပေးရမယ့်သူတွေနဲ့ပတ်သက်လို့ နောက်ထပ်သူ့အပေါ်မှာစွဲဖို့တို့၊ အမှုလက်ကျန်ရှိနေသေးတာ လွှတ်ဖို့အတွက် တရားရုံးအဖွဲ့အစည်းဘက်က ကန့်ကွက်ရန်ရှိမရှိ စိစစ်ပြီး လွှတ်ပေးနေတယ်လို့ သိရတာပေါ့။ အမိန့်အရတော့လွှတ်တယ်။ လွှတ်လိုက်တာနဲ့ပဲ ထောင်ဗူးဝရှေ့မှာတင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့....က ဖမ်းပြီးတော့ နောက်ထပ်တခြားအမှုတမှုနဲ့ တရားစွဲတာတွေနဲ့...ကျနော်တို့ကြားနေရတာပေါ့နော်။ ဒါတွေက လွှတ်ရင်းနဲ့ ချက်ခြင်းကြီးဖြစ်နေတဲ့ အဖြစ်အပျက်တွေ ဖြစ်နေတဲ့အတွက် လွတ်လာတဲ့သူတွေ စိတ်ထဲမှာတော့ မသက်မသာ စိုးရိမ်သောကရှိကြတာပေါ့။ မိသားစုတွေလည်း အလားတူပဲ။ ဒါက ယခင်တုန်းက လွတ်ငြိမ်းနဲ့ မတူသလို ဖြစ်နေပါတယ်။”

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်လို့ ဖမ်းဆီးခဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေတော့ မပါကြသေးပါဘူး။ ဆူပူဆန္ဒပြမှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ယောက်ကို နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ယခုကျန်ရှိတဲ့ ပြစ်ဒဏ်တို့နဲ့ ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သလို၊ ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် တရားရုံးအသီးသီးမှာ အမှုရင်ဆိုင်နေရသူ ၄,၃၂၀ ကိုလည်း ကြားနာစစ်ဆေးနေတဲ့ အမှုတွေ ပိတ်သိမ်းပြီး အမှုကနေ လွှတ်ပေးမယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက် တနင်္လာနေ့က ကြေညာထားပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရတဲ့ အနုပညာရှင် ၂၄ ယောက်နဲ့ လူသိများကျော်ကြားသူ ၁၀ ယောက်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ မနက်ဖြန်မှာလည်း တချို့ ပြန်လွတ်လာဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

#MyanmarPoliticalPrisoners #MyanmarActivists #MyanmarMedia #VOABurmese

=======

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG