သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘတ်စကက် ဘောသမားတွေ အမေရိကန် လေ့လာရေး စ


မြန်မာနိုင်ငံက ဘတ်စကတ်ဘော အားကစားသမားတွေရဲ့ အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရေး ခရီးစဉ် ပထမနေ့အဖြစ် ဗုဒ္ဓဟူးနေ့မှာတော့ ဝါရှင်တန်မြို့တော်နဲ့ အနီးတဝိုက်မှာရှိတဲ့ အမေရိကန် ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုတွေ၊ မသန်မစွမ်း အားကစား သမားတွေရဲ့ လေ့ကျင့်မှုတွေ အပါအဝင် အားကစား အထောက်အကူပြု အစီအစဉ်တွေကို သွားရောက် လေ့လာကြပါတယ်။

မြန်မာ့ အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် မြန်မာလူငယ် ဘတ်စကတ်ဘော ကစားသမားတွေ သီတင်း နှစ်ပတ်ကြာ ရောက်ရှိလာကြတာပါ။ လေ့လာမှုတွေ အတွင်း အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ ပြန်လည်ဝေငှနိုင်ဖို့ ရည်ရွယ် ထားတယ်လို့လည်း ဘတ်စကတ်ဘော အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

အခုခရီးစဉ်အတွင်းမှာတော့ အမေရိကန် အားကစားသမားတွေရဲ့ အတွေ့အကြုံတွေ ရနိုင်ဖို့ သာမက နာမည်ကျော် NBA ဘတ်စကတ်ဘော အသင်းတသင်းဖြစ်တဲ့ Washington Wizards ရဲ့ကစားပွဲကို သွားရောက် လေ့လာဦးမှာ ဖြစ်သလို မြောက် ကယ်ရိုလိုင်းနားပြည်နယ် Charlotte မြို့က Bobcats အသင်းရဲ့ ကစားနည်းတွေကိုလည်း လေ့လာမှာဖြစ်တယ်လို့ အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG