သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟားခါးၿမိဳ႕အစိုးရအရာရွိႏွစ္ဦး ဖမ္းဆီးခံရ


ဟားခါးၿမိဳ႕ ျပည္နယ္ပညာေရးမႉး႐ံုးဦးစီးအရာရွိ ေဒၚဝုန္းဟြယ့္၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာန ဒုဦးစီးမႉး ေဒၚေအးေအးေမာ္ (ဝဲမွယာ) (Crd: Khonumthung Daily News)

[[Zawgyi/Unicode]]


လူမူကြန္ရက္စာမ်က္ႏွာမွာ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ကို အားေပးေထာက္ခံလို႔ဆိုၿပီး ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ အစိုးရအရာရွိႏွစ္ဦးကို စစ္ေကာင္စီကေနဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ခ်င္း ျပည္နယ္ပညာေရးတာဝန္ရွိသူကေတာ့ စစ္ဘက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ စရဖကေန ေမးျမန္းဖို႔ေခၚေဆာင္သြားေၾကာင္း အတည္ျပဳေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔တဲ့သတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဟားခါးၿမိဳ႕ ျပည္နယ္ ပညာေရးမႉး႐ုံးက ဦးစီးအရာရွိျဖစ္တဲ့ ေဒၚဝုန္းဟြဲ႕နဲ႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဒုဦးစီးမႉး ေဒၚေအးေအးေမာ္တို႔ ၂ ဦးကို လူမူကြန္ရက္စာမ်က္ႏွာမွာ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ ကို အားေပးေထာက္ခံေရးသားမႈနဲ႔ မေန႔က စစ္ေကာင္စီတပ္ဖြဲ႕ကေန ဖမ္းဆီးသြားတာပါ။

စစ္ဘက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႔ စရဖကေန သူတို႔ကို ေမးျမန္းဖို႔ေခၚေဆာင္သြားေၾကာင္း ခ်င္းျပည္ နယ္ျပည္နယ္ ပညာေရးမႉး ဦးဘီကူးဒူ က အတည္ျပဳေျပာပါတယ္။

“ ေခၚထားတာေတာ့မွန္တယ္ေပါ့ေနာ္။ တရားဝင္ဖမ္းတယ္ မဖမ္းဘူးဆိုတာ သူတို႔မထြက္ေသးဘူး။ ေခၚတာေပါ့ ေနာ္ စရဖကေပါ့။ သူတို႔ေခၚၿပီးေတာ့ ဖမ္းတယ္ဆိုတာေတာ့ တရားဝင္ က်ေနာ္တို႔ မသိေသးဘူး။ ’’

ဟားခါးၿမိဳ႕ပညာေရးဌာနနဲ႔ အခြန္ဦးစီးဌာနက ဦးစီးအရာရွိအဆင့္ဝန္ထမ္း ၂ ဦးကို မေန႔ကဖမ္းဆီးသြားတဲ့ အေျခအေနကိုေတာ့ ခ်င္းႏိုင္ငံေရးေလ့လာသူတဦးျဖစ္တဲ့ ကိုေထာင္ရ္က အခုလို ေျပာပါတယ္။

“အဖမ္းခံရတာမွန္တယ္။ မေန႔က (၂၄) ရက္ေန႔မနက္ပိုင္း (၁၁) နာရီေလာက္မွာ သူတို႔႐ုံးတက္ေနတဲ့အခ်ိန္ေပါ့ေနာ္ ႐ုံးခန္းမွာသြားဖမ္းတာလို႔ေျပာတယ္။ အဖမ္းခံရတဲ့အေၾကာင္းအရင္းကေတာ့ က်ေနာ္တို႔သိသေလာက္ဆိုရင္ေတာ့ CDF ေတြကို ေထာက္ခံအားေပးတယ္။ ၿပီးေတာ့ လူမႈကြန္ယက္မွာလည္း မဟုတ္မမွန္သတင္းေတြကို ထုတ္လႊင့္ေရးသားတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔သူတို႔ကို ဖမ္းတယ္လို႔ သိရတာေပါ့ေနာ္။ အဖမ္းခံရတဲ့သူက ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ျပည္နယ္႐ုံးမွာ ႐ုံးထိုင္တယ္ေပါ့။ ျပည္နယ္ပညာေရးမႉး႐ုံးက ဦးစီးအရာရွိေပါ့။ ေဒၚဝုန္းဟြဲ႕ အဲဒီ တေယာက္ရယ္။ ၿပီးေတာ့အခြန္ ဦးစီးဌာန ေဒၚေအးေအးေမာ္ ဆိုတဲ့တေယာက္ေပါ့။ အမ်ိဳးသမီး ႏွစ္ေယာက္ေပါ့။’’

ၿပီးခဲ့တဲ့ဇန္နဝါရီလကုန္ပိုင္းကလည္း ခ်င္းျပည္နယ္ဖလမ္းၿမိဳ႕က စစ္ေကာင္စီနဲ႔မပူးေပါင္းေရး CDM ျပဳလုပ္ထားတဲ့ ဝန္ထမ္း ၉ ဦးကို စစ္ေကာင္စီတပ္ဖြဲ႔က ဖမ္းဆီးခဲ့ၿပီး ရက္အနည္းငယ္ထိန္းသိမ္းထားၿပီးေတာ့ ခံဝန္ကတိနဲ႔ျပန္လႊတ္ေပးခဲ့ပါတယ္။ ခ်င္းျပည္နယ္မွာ CDM လႈပ္ရွားမႈ အားေကာင္းခဲ့တာမို႔ (အၾကမ္းမဖက္) အာဏာဖီဆန္ေရး CDM မွာပါသူေတြကို ေခၚယူၿခိမ္းေျခာက္တာမ်ိဳးရွိတယ္လို႔ ခ်င္းႏိုင္ငံေရးေလ့လာသူကိုေထာင္ရ္က ေျပာပါတယ္။

“ ခ်င္းျပည္နယ္က စစ္ေကာင္စီအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ တႏိုင္လုံးအတိုင္းအတာနဲ႔ စစ္အာဏာရွင္စံနစ္ကို ဆန႔္က်င္တဲ့ CDM လႈပ္ရွားမႈအားအေကာင္းဆုံးျပည္နယ္ျဖစ္ခဲ့တယ္။ ဆိုေတာ့ စစ္ေကာင္စီကေတာ့အစိုးရဝန္ထမ္းေတြ ျဖစ္ျဖစ္ ျပည္သူေတြျဖစ္ျဖစ္ CDM ၊ CDF ေတြကို ဒါမွမဟုတ္ CDF ေတြကို အားေပးတဲ့သူပဲ ျဖစ္ျဖစ္ အစိုးရကိုဆန႔္က်င္ မႈမလုပ္ရဲေအာင္ အဲဒီလိုမ်ိဳးဖမ္းဆီးၿပီးေတာ့ ၿခိမ္းေျခာက္ေလ့ရွိတဲ့သာဓကေတာ့ အမ်ားႀကီးရွိခဲ့တာေပါ့ေနာ္။’’

ခ်င္းျပည္နယ္အတြင္း စစ္အာဏာရွင္စံနစ္ကို ဆန႔္က်င္တဲ့ CDM ဝန္ထမ္းအမ်ားအျပားကေတာ့ စစ္ေကာင္စီရဲ႕အဖမ္းအဆီးေတြေၾကာင့္ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ကို အမ်ားအျပား တိမ္းေရွာင္ေနပါတယ္။ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးလႈပ္ရွားမႈေတြကို အၾကမ္းဖက္ႏွိပ္ကြပ္ခဲ့တဲ့ေနာက္ ခ်င္းေဒသအတြင္းမွာ လက္နက္ကိုင္ခုခံေတြ အားေကာင္းခဲ့တာပါ။ အဲဒီေနာက္ စစ္ေကာင္စီတပ္နဲ႔ ေဒသခံ ခ်င္းကာကြယ္ေရး CDF အဖြဲ႔ေတြၾကား တိုက္ပြဲမၾကာမၾကာျဖစ္ပြါးေနပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူတသိန္းနီးပါး စစ္ေဘးတိမ္းေရွာင္ေနရၿပီး အဲဒီအထဲ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ကို (၄၀,၀၀၀) ေလာက္ တိမ္းေရွာင္ေနၾကတယ္လို႔ မီဇိုရမ္လူမႈကူညီေရးအဖြဲ႔ေတြက ေျပာပါတယ္။

ဟားခါးၿမိဳ႕အစိုးရအရာရွိႏွစ္ဦး ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:03:21 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဟားခါးမြို့အစိုးရအရာရှိနှစ်ဦး ဖမ်းဆီးခံရ

လူမူကွန်ရက်စာမျက်နှာမှာ ချင်းကာကွယ်ရေး CDF အဖွဲ့ကို အားပေးထောက်ခံလို့ဆိုပြီး ချင်းပြည်နယ် ဟားခါးမြို့ အစိုးရအရာရှိနှစ်ဦးကို စစ်ကောင်စီကနေဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ချင်း ပြည်နယ်ပညာရေးတာဝန်ရှိသူကတော့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ စရဖကနေ မေးမြန်းဖို့ခေါ်ဆောင်သွားကြောင်း အတည်ပြုပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဟားခါးမြို့ ပြည်နယ် ပညာရေးမှူးရုံးက ဦးစီးအရာရှိဖြစ်တဲ့ ဒေါ်ဝုန်းဟွဲ့နဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက ဒုဦးစီးမှူး ဒေါ်အေးအေးမော်တို့ ၂ ဦးကို လူမူကွန်ရက်စာမျက်နှာမှာ ချင်းကာကွယ်ရေး CDF အဖွဲ့ ကို အားပေးထောက်ခံရေးသားမှုနဲ့ မနေ့က စစ်ကောင်စီတပ်ဖွဲ့ကနေ ဖမ်းဆီးသွားတာပါ။

စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ စရဖကနေ သူတို့ကို မေးမြန်းဖို့ခေါ်ဆောင်သွားကြောင်း ချင်းပြည် နယ်ပြည်နယ် ပညာရေးမှူး ဦးဘီကူးဒူ က အတည်ပြုပြောပါတယ်။

“ ခေါ်ထားတာတော့မှန်တယ်ပေါ့နော်။ တရားဝင်ဖမ်းတယ် မဖမ်းဘူးဆိုတာ သူတို့မထွက်သေးဘူး။ ခေါ်တာပေါ့ နော် စရဖကပေါ့။ သူတို့ခေါ်ပြီးတော့ ဖမ်းတယ်ဆိုတာတော့ တရားဝင် ကျနော်တို့ မသိသေးဘူး။ ’’

ဟားခါးမြို့ပညာရေးဌာနနဲ့ အခွန်ဦးစီးဌာနက ဦးစီးအရာရှိအဆင့်ဝန်ထမ်း ၂ ဦးကို မနေ့ကဖမ်းဆီးသွားတဲ့ အခြေအနေကိုတော့ ချင်းနိုင်ငံရေးလေ့လာသူတဦးဖြစ်တဲ့ ကိုထောင်ရ်က အခုလို ပြောပါတယ်။

“အဖမ်းခံရတာမှန်တယ်။ မနေ့က (၂၄) ရက်နေ့မနက်ပိုင်း (၁၁) နာရီလောက်မှာ သူတို့ရုံးတက်နေတဲ့အချိန်ပေါ့နော် ရုံးခန်းမှာသွားဖမ်းတာလို့ပြောတယ်။ အဖမ်းခံရတဲ့အကြောင်းအရင်းကတော့ ကျနော်တို့သိသလောက်ဆိုရင်တော့ CDF တွေကို ထောက်ခံအားပေးတယ်။ ပြီးတော့ လူမှုကွန်ယက်မှာလည်း မဟုတ်မမှန်သတင်းတွေကို ထုတ်လွှင့်ရေးသားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့သူတို့ကို ဖမ်းတယ်လို့ သိရတာပေါ့နော်။ အဖမ်းခံရတဲ့သူက ချင်းပြည်နယ် ဟားခါးမြို့ပြည်နယ်ရုံးမှာ ရုံးထိုင်တယ်ပေါ့။ ပြည်နယ်ပညာရေးမှူးရုံးက ဦးစီးအရာရှိပေါ့။ ဒေါ်ဝုန်းဟွဲ့ အဲဒီ တယောက်ရယ်။ ပြီးတော့အခွန် ဦးစီးဌာန ဒေါ်အေးအေးမော် ဆိုတဲ့တယောက်ပေါ့။ အမျိုးသမီး နှစ်ယောက်ပေါ့။’’

ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကလည်း ချင်းပြည်နယ်ဖလမ်းမြို့က စစ်ကောင်စီနဲ့မပူးပေါင်းရေး CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်ထိန်းသိမ်းထားပြီးတော့ ခံဝန်ကတိနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။ ချင်းပြည်နယ်မှာ CDM လှုပ်ရှားမှု အားကောင်းခဲ့တာမို့ (အကြမ်းမဖက်) အာဏာဖီဆန်ရေး CDM မှာပါသူတွေကို ခေါ်ယူခြိမ်းခြောက်တာမျိုးရှိတယ်လို့ ချင်းနိုင်ငံရေးလေ့လာသူကိုထောင်ရ်က ပြောပါတယ်။

“ ချင်းပြည်နယ်က စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တနိုင်လုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုအားအကောင်းဆုံးပြည်နယ်ဖြစ်ခဲ့တယ်။ ဆိုတော့ စစ်ကောင်စီကတော့အစိုးရဝန်ထမ်းတွေ ဖြစ်ဖြစ် ပြည်သူတွေဖြစ်ဖြစ် CDM ၊ CDF တွေကို ဒါမှမဟုတ် CDF တွေကို အားပေးတဲ့သူပဲ ဖြစ်ဖြစ် အစိုးရကိုဆန့်ကျင် မှုမလုပ်ရဲအောင် အဲဒီလိုမျိုးဖမ်းဆီးပြီးတော့ ခြိမ်းခြောက်လေ့ရှိတဲ့သာဓကတော့ အများကြီးရှိခဲ့တာပေါ့နော်။’’

ချင်းပြည်နယ်အတွင်း စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်တဲ့ CDM ဝန်ထမ်းအများအပြားကတော့ စစ်ကောင်စီရဲ့အဖမ်းအဆီးတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို အများအပြား တိမ်းရှောင်နေပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အကြမ်းဖက်နှိပ်ကွပ်ခဲ့တဲ့နောက် ချင်းဒေသအတွင်းမှာ လက်နက်ကိုင်ခုခံတွေ အားကောင်းခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းကာကွယ်ရေး CDF အဖွဲ့တွေကြား တိုက်ပွဲမကြာမကြာဖြစ်ပွါးနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတသိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး အဲဒီအထဲ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို (၄၀,၀၀၀) လောက် တိမ်းရှောင်နေကြတယ်လို့ မီဇိုရမ်လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
==============

XS
SM
MD
LG