သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမား ဝင္းႏိုင္ဦးကိုလႊတ္ေပးဖို႔ NUJ အဖြဲ႕ေတာင္းဆို


Channel Mandalay သတင္းေထာက္ခ်ဳပ္ ကိုဝင္းႏုိင္ဦး (ဓာတ္ပံု-Channel Mandalay TV)

[[Zawgyi/unicode]]

ျမန္မာစစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ဖမ္းဆီးေထာင္ခ်ခံထားရတဲ့ သတင္းေထာက္ဝင္းႏိုင္ဦးကို လႊတ္ေပးဖို႔ ၿဗိတိန္အေျခစိုက္ သတင္းသမဂၢ NUJ အဖြဲ႔က ေတာင္းဆိုလိုက္ပါတယ္။

Channel Mandalay သတင္းဌာနသတင္းေထာက္ခ်ဳပ္ ဝင္းႏိုင္ဦးကို အၾကမ္းဖက္မႈဥပေဒနဲ႔ စစ္ေကာင္စီက ေထာင္ဒဏ္ ၅ ႏွစ္ခ်မွတ္ထားတာပါ။ မႏၲေလး အိုးဘိုေထာင္မွာ အက်ဥ္းက်ေနတဲ့ ဝင္းႏိုင္ဦးကို လြတ္ၿငိမ္းခြင့္ျပဳဖို႔ အျပည္ျပည္ဆိုင္ရာ သတင္းသမားမ်ားအဖြဲ႕ခ်ဳပ္ IFJ က ေတာင္းဆိုခဲ့ေပမယ့္လည္း ဧၿပီလထဲမွာပဲ သူ႔ကို ေထာင္ဒဏ္ျပစ္ဒဏ္ေတြခ်မွတ္လိုက္တာျဖစ္ပါတယ္။

ဝင္းႏိုင္ဦးရဲ႕အမႈသြားအမႈလာနဲ႔ပတ္သက္လို႔ အာဏာပိုင္ေတြဘက္က အေသးစိတ္ထုတ္ျပန္တာမရွိသလို အျခားစြဲခ်က္ ၃ ခုနဲ႔ အၾကမ္းဖက္မႈဥပေဒ ဘယ္လိုပတ္သက္မႈရွိေနသလဲဆိုတာကိုလည္း မသိရပါဘူး။ NUJ အဖြဲ႔ကလည္း ျမန္မာႏိုင္ငံတြင္းက ဆင္ဆာတည္းျဖတ္မႈအေျခအေနကို အျပင္းအထန္ျပစ္တင္ရႈတ္ခ်ေၾကာင္းနဲ႔ သတင္းေထာက္ေတြရဲ႕ လုံၿခဳံေရးအတြက္ အကာအကြယ္ေပးဖို႔ ေတာင္းဆိုထားတာပါ။

လုံၿခဳံမႈမရွိတဲ့ အေနအထားမွာလုပ္ကိုင္ေနၾကရတဲ့ သတင္းေထာက္အေတာ္မ်ားမ်ားလည္း သူတို႔အလုပ္ေၾကာင့္ အဖမ္းခံေနၾကရတယ္လို႔လည္း NUJ ကေထာက္ျပထားပါတယ္။ IFJ အဖြဲ႕ကလည္း ဝင္းႏိုင္ဦးရင္ဆိုင္ေနရတဲ့ စြဲခ်က္အားလုံး ခ်က္ခ်င္း ႐ုပ္သိမ္းေပးဖို႔နဲ႔ ျမန္မာသတင္းေထာက္ေတြကို တရားလက္လြတ္ဖမ္းဆီးႏိုင္တဲ့ ႀကီးေလးျပင္းထန္တဲ့ အၾကမ္းဖက္မႈတန္ျပန္တိုက္ဖ်က္ေရးဥပေဒကို ျပင္ဆင္ျပဌာန္းေပးဖို႔ ျမန္မာစစ္ေကာင္စီကို တိုက္တြန္းထားပါတယ္။

နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႔ RSF ရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ အာဏာသိမ္းကာလအတြင္း ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံရသူ သတင္းသမား ၁၁၅ ဦးအထိရွိခဲ့ၿပီး လက္ရွိမွာ ၅၇ ဦး ထိမ္းသိမ္းခံေနရဆဲျဖစ္ပါတယ္။ ဒီစာရင္းအရဆိုရင္ ျမန္မာႏိုင္ငံမွာ ကမာၻမွာ တ႐ုတ္ႏိုင္ငံၿပီးရင္ သတင္းသမားဖမ္းဆီးခံရမႈ ဒုတိယအမ်ားဆုံးျဖစ္တယ္လို႔ CPJ သတင္းသမားကာကြယ္ေရးေကာ္မတီက ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

မြန်မာသတင်းသမား ဝင်းနိုင်ဦးကိုလွှတ်ပေးဖို့ NUJ အဖွဲ့တောင်းဆို
[[unicode]]

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက်ဝင်းနိုင်ဦးကို လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် သတင်းသမဂ္ဂ NUJ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Channel Mandalay သတင်းဌာနသတင်းထောက်ချုပ် ဝင်းနိုင်ဦးကို အကြမ်းဖက်မှုဥပဒေနဲ့ စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်ချမှတ်ထားတာပါ။ မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ ဝင်းနိုင်ဦးကို လွတ်ငြိမ်းခွင့်ပြုဖို့ အပြည်ပြည်ဆိုင်ရာ သတင်းသမားများအဖွဲ့ချုပ် IFJ က တောင်းဆိုခဲ့ပေမယ့်လည်း ဧပြီလထဲမှာပဲ သူ့ကို ထောင်ဒဏ်ပြစ်ဒဏ်တွေချမှတ်လိုက်တာဖြစ်ပါတယ်။

ဝင်းနိုင်ဦးရဲ့အမှုသွားအမှုလာနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က အသေးစိတ်ထုတ်ပြန်တာမရှိသလို အခြားစွဲချက် ၃ ခုနဲ့ အကြမ်းဖက်မှုဥပဒေ ဘယ်လိုပတ်သက်မှုရှိနေသလဲဆိုတာကိုလည်း မသိရပါဘူး။ NUJ အဖွဲ့ကလည်း မြန်မာနိုင်ငံတွင်းက ဆင်ဆာတည်းဖြတ်မှုအခြေအနေကို အပြင်းအထန်ပြစ်တင်ရှုတ်ချကြောင်းနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ တောင်းဆိုထားတာပါ။

လုံခြုံမှုမရှိတဲ့ အနေအထားမှာလုပ်ကိုင်နေကြရတဲ့ သတင်းထောက်အတော်များများလည်း သူတို့အလုပ်ကြောင့် အဖမ်းခံနေကြရတယ်လို့လည်း NUJ ကထောက်ပြထားပါတယ်။ IFJ အဖွဲ့ကလည်း ဝင်းနိုင်ဦးရင်ဆိုင်နေရတဲ့ စွဲချက်အားလုံး ချက်ချင်း ရုပ်သိမ်းပေးဖို့နဲ့ မြန်မာသတင်းထောက်တွေကို တရားလက်လွတ်ဖမ်းဆီးနိုင်တဲ့ ကြီးလေးပြင်းထန်တဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ပြဌာန်းပေးဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူ သတင်းသမား ၁၁၅ ဦးအထိရှိခဲ့ပြီး လက်ရှိမှာ ၅၇ ဦး ထိမ်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ဒီစာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမားဖမ်းဆီးခံရမှု ဒုတိယအများဆုံးဖြစ်တယ်လို့ CPJ သတင်းသမားကာကွယ်ရေးကော်မတီက ပြောထားပါတယ်။

XS
SM
MD
LG