သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူငယ္ထိန္းသိမ္းေရးစခန္းေရာက္ ႏိုင္ငံေရးမႈေတြအတြက္ မိသားစုဝင္ေတြစိုးရိမ္


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ေနၾကတဲ့ လူငယ္မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]

ႏိုင္ငံေရးပုဒ္မေတြနဲ႔ ရန္ကုန္ သန္လ်င္လူငယ္ထိန္းသိမ္းေရးစခန္းမွာ ဖမ္းဆီးအက်ဥ္းခ်ခံထားရတဲ့ အသက္ ၁၈ ႏွစ္ေအာက္ လူငယ္ေတြကို စခန္းတာဝန္ခံေတြက မၾကာခဏဆိုသလို ႐ိုက္ႏွက္တာေတြ ရွိေနတယ္လို႔ သူတို႔ရဲ႕ မိသားစုဝင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ဒီထိန္းသိမ္းေရးစခန္းမွာ ရန္ကုန္တိုင္းကေန ဖမ္းဆီးခံရတဲ့ အသက္ ၁၈ ႏွစ္ေအာက္ လူငယ္အမ်ားအျပားရွိေနၿပီး သူတို႔အမႈကိုရင္ဆိုင္ဖို႔လည္း လနဲ႔ခ်ီၿပီး ေစာင့္ဆိုင္းေနၾကရပါတယ္။ လူမႈဝန္ထမ္းဦးစီးဌာန အရာရွိတဦးကေတာ့ ဖမ္းဆီးထိန္းသိမ္းထားတဲ့ လူငယ္ေတြကို ႐ိုက္ႏွက္ညႇင္းပန္းတာေတြ လုပ္ခြင့္မေပးထားေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရန္ကုန္တိုင္း သန္လ်င္ၿမိဳ႕နယ္မွာရွိတဲ့ သန္လ်င္လူငယ္ထိန္းသိမ္းေရးစခန္းမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပမႈေတြေၾကာင့္ ဖမ္းဆီးခံထားရတဲ့ လူငယ္ ရာဂဏန္း ဖမ္းဆီးခံထားရပါတယ္။ ႏိုင္ငံေရးအမႈေတြနဲ႔ ဖမ္းဆီးခံထားရတဲ့ လူငယ္ေတြကို စခန္းတာဝန္ခံေတြက မၾကာခဏဆိုသလို ႐ိုက္ႏွက္ ႏိုင့္ထက္စီးနင္းျပဳလုပ္ေနတယ္လို႔ သူတို႔ရဲ႕ မိသားစုဝင္တဦးက ဗြီအိုေအကို ေျပာတာပါ။ ႐ိုက္ႏွက္ခံရတဲ့ လူငယ္တခ်ိဳ႕က သူတို႔မိသားစုေတြဆီကို ဆက္သြယ္အေၾကာင္းၾကားၿပီး ဒီထိန္းသိမ္းေရးခစန္းက အေျခအေနေတြကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ လူငယ္တဦးရဲ႕ မိသားစုဝင္တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

"အေၾကာင္းျပခ်က္ကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ မယ္မယ္ရရေတာ့ ဘာမွမရွိဘူး၊ ေသာက္ စားၿပီးရင္ သူတို႔စိတ္မထင္ရင္ မထင္သလိုဝင္႐ိုက္တယ္။ ႐ိုက္တာ တဖြဲ႕တည္းက ႐ိုက္တာမဟုတ္ဘူး။ သူတို႔ေက်ာင္းက ဆရာေတြ၊ အေဆာင္မႉးေတြ။ ဟိုတေန႔ညက ျဖစ္သြားတဲ့ကိစၥမွာဆိုရင္ ဆရာေတြက အရင္႐ိုက္တယ္၊ ဆရာေတြၿပီးေတာ့ အေဆာင္မႉးေတြက ႐ိုက္တယ္။ ႀကိမ္လုံးေတြ၊ နံပါတ္တုတ္ေတြနဲ႔ ဝိုင္း႐ိုက္တယ္။ တဖြဲ႕စီ ႐ိုက္တယ္။ ၿပီးေတာ့ ကေလးေတြ နာေနတဲ့ဟာကို ဒိုက္ ဆက္ထိုးခိုင္းတယ္။ တေယာက္ကို အခ်က္ ၅၀ နီးပါးကို သမ ခံရတာတဲ့။ ဒါကို သတင္းၾကားၿပီးေတာ့ ေမာင္ေလးနဲ႔ပါ အဆက္အသြယ္ လုံးဝျပတ္သြားတယ္။ သူလည္း အ႐ိုက္ခံရေတာ့ ဘယ္လိုအေျခအေန ရွိတယ္ဆိုတာကို မသိရဘူး ျဖစ္ေနတယ္။"

သန္လ်င္လူငယ္ထိန္းသိမ္းေရးစခန္းမွာ ႏိုင္ငံေရးလႈပ္ရွားမႈနဲ႔ ဖမ္းဆီးခံရတဲ့ လူငယ္ေတြ အခုလို မၾကာမၾကာ ႐ိုက္နက္ ခံေနရတယ္လို႔လည္း သူကေျပာပါတယ္။ လူမႈဝန္ထမ္းဦးစီးဌာနရဲ႕ ဒုတိယ ၫႊန္ၾကားေရးမႉး ေဒၚခင္ေမႏုကေတာ့ လူငယ္ထိန္းသိမ္းေရး စခန္းေတြကို ေရာက္လာတဲ့ ဘယ္သူမဆို ႐ိုက္ႏွက္တာမ်ိဳး မလုပ္ေဆာင္ရဘူးဆိုတာ ၫႊန္ၾကားထားေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

"ဘယ္ (သူတို႔) မလုပ္ရဲဘူး။ ဘာလို႔ဆို က်မတို႔ကေလ ၫႊန္ၾကားေရးမႉးခ်ဳပ္ေရာ ဝန္ႀကီး၊ ဒုဝန္ ႀကီးေရာ ၫႊန္ၾကားခ်က္ေတြ ထြက္ထားတာ၊ အဲလို႐ိုက္ရင္ ျပႆနာေတြ တက္တတ္လြန္းလို႔ ဘယ္သူမွ မ႐ိုက္ဘူး။ ႏိုင္ငံေရးနဲ႔ပဲလာလာ၊ ၅၀၅ နဲ႔ပဲလာလာ၊ ခိုးမႈနဲ႔ပဲလာလာ၊ လူသတ္မႈနဲ႔ပဲလာလာ ကေလးေတြကို မ႐ိုက္ရဘူး” ဆိုတဲ့ ၫႊန္ၾကားခ်က္ကို ထြက္ထားတာ ျပႆနာေတြ တက္တတ္လြန္းလို႔ေလ။ အဲဒီေတာ့ ႐ိုက္လို႔ရွိရင္လည္း တနည္းနည္းနဲ႔ ျပန္ေတြ႕လို႔ရွိရင္ က်မတို႔က အေရးယူတာ။ ခံဝန္ခ်ဳပ္ေတြလည္း ထိုးထားရတယ္။ ေက်ာင္းသားအခ်င္းခ်င္းလည္း ႐ိုက္လို႔မရဘူး၊ အဲဒါ တာဝန္မႉးေတြေရာ၊ တာဝန္ၾကပ္ေတြေရာ တာဝန္ယူရမယ္ဆိုတာ ၫႊန္ၾကားခ်က္ေတြလည္း ထြက္ထားၿပီးသား။"

သန္လ်င္လူငယ္ ထိန္းသိမ္းေရးစခန္းမွာ ေလာေလာဆယ္ ဖမ္းဆီး ထိန္းသိမ္းခံထားရသူ လူငယ္ အေယာက္ ၂၀၀ ေလာက္ရွိၿပီး အမ်ားစုက စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရသူေတြျဖစ္ပါတယ္။ သူတို႔အမႈေတြကို ၿမိဳ႕နယ္အလိုက္ ကေလးသူငယ္ တရား႐ုံးေတြမွာ ၾကားနာစစ္ ေဆးရမွာျဖစ္ေပမဲ့ အမ်ားစုရဲ႕အမႈေတြကို ခုထိ စတင္ၾကားနာတာ မရွိေသးဘူးလို႔ စုံစမ္းသိရပါတယ္။ လူငယ္တေယာက္ရဲ႕ မိသားစုဝင္တဦးက အခုလိုေျပာပါတယ္။

"အမႈအေျခအေနက တရားစြဲထားေပမယ့္လို႔ေလ ႐ုံးခ်ိန္းေတြတိုင္း ႐ုံးခ်ိန္းေတြတိုင္း သက္ေသမလာလို႔ဆိုၿပီး တခါမွကို မစစ္ရေသးဘူး။ ဒါေပမယ့္ ကေလးေတြကို တခါပဲ ႐ုံးထုတ္လိုက္တယ္။ ေနာက္ပိုင္း မထုတ္ေတာ့ဘူး။ မ်က္ကြယ္ရမန္နဲ႔ပဲ သူတို႔ယူထားတယ္။ မ်က္ကြယ္စစ္မယ္ေပါ့ေနာ္။ ဒါေပမယ့္ တခါမွ အခုအခ်ိန္အထိ မစစ္ရေသးဘူး။ ႐ုံးခ်ိန္းေတြပ်က္တာ ၆ ခါေလာက္ရွိၿပီ။"

လူ႔အခြင့္အေရး ေရွ႕ေနတခ်ိဳ႕ကေတာ့ ဒီလိုထိန္းသိမ္းေရးစခန္းမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာေတြ ရွိေနတယ္ဆိုတာ တဆင့္စကားနဲ႔ သူတို႔သိထားေပမယ့္ အတိအက်မွတ္ခ်က္ေပးဖို႔ ခက္ခဲေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ဒီလို လူငယ္ထိန္းသိမ္းေရးစခန္းမွာ ႏိုင္ငံေရးပုဒ္မေတြနဲ႔ ဖမ္းဆီးခံထားရတဲ့ လူငယ္ေတြရဲ႕ အမႈေတြကို မစစ္ေဆးဘဲ လနဲ႔ခ်ီၿပီးၾကန႔္ၾကာေနရတာက သက္ဆိုင္ရာ တရားစြဲသူေတြဘက္က အမႈတည္ေဆာက္ဖို႔ ဆင့္အဆင့္ လုပ္ေဆာင္ေနၾကလို႔ ျဖစ္တယ္လို႔ လူငယ္ေတြရဲ႕အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနတဦးက ဗြီအိုေအကို ေျပာပါတယ္။

"လေပါင္းမ်ားစြာ မစစ္ေဆးဘဲထားတယ္ဆိုတာမ်ိဳးက အခုလတ္တေလာဆိုရင္ အၾကမ္းဖက္မႈေတြနဲ႔ ဖမ္းဆီးခံရတဲ့ ကေလးေတြဆိုရင္ သူတို႔ သက္ဆိုင္ရာ ခ႐ိုင္႐ုံး႐ုံးကရဲေတြက အမႈတြဲကို တည္ေဆာက္ တယ္။ တည္ေဆာက္ၿပီးေတာ့ တိုင္းေဒသႀကီးနဲ႔ ေနျပည္ေတာ္မွာရွိတဲ့ အမႈေတြကို ရဲခ်ဳပ္ဆီပို႔ရေသးတယ္။ ရဲခ်ဳပ္ကေန ဒီအမႈကို တရားစြဲဆိုခြင့္ျပဳသည္ စစ္ေဆးစီရင္ပါ အဲလိုမ်ိဳး အမိန႔္စာလွ်ိဳ႕ဝွက္ က် လာတာေပါ့။ အဲလိုက်လာတဲ့ အမႈေတြကိုပဲ စစ္ေဆးတာ။"

သန္လ်င္လူငယ္ထိန္းသိမ္းေရးစခန္းမွာ ဖမ္းဆီးခံထားရတဲ့ လူငယ္ေတြထဲမွာ အမ်ားစုက ေဖာက္ခြဲမႈ၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ၊ လူသတ္မႈ စတဲ့အမႈႀကီးေတြနဲ႔ တရားစြဲဆို ခံထားရတယ္လို႔ သူတို႔ရဲ႕ အုပ္ထိန္းသူတခ်ိဳ႕ က ဗြီအိုေအကို ေျပာပါတယ္။ တရားရင္ဆိုင္ေနရတဲ့ လူငယ္ေတြကို သန္လ်င္ထိန္းသိမ္းေရး စခန္းမွာပဲ ဖမ္းဆီးထိန္းသိမ္းထားၿပီး ျပစ္ဒဏ္ခ်ၿပီးတဲ့ လူငယ္ေတြကိုေတာ့ ငွက္ေအာ္စမ္း လူငယ္ထိန္းသိမ္းေရးစခန္းကို လႊဲေျပာင္းေပးတာ ျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္းတဲ့ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေနာက္ပိုင္းကေန ၂၀၂၂ ဧၿပီလ၂၅ ရက္အထိ ဖမ္းဆီးခံရသူ ၁၀,၃၀၇ ေယာက္ရွိၿပီး အဲဒီထဲက ၁,၀၀၁ ေယာက္ ျပစ္ဒဏ္ခ်ခံထားရတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအသင္း AAPP ကစာရင္းထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ ေသဒဏ္ခ်မွတ္ခံရသူ အေယာက္ ၁၀၀ ရွိၿပီး အဲဒီထဲမွာ အသက္မျပည့္ေသးတဲ့ လူငယ္ အမ်ိဳးသား၂ ေယာက္ပါတယ္လို႔ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီကေတာ့ AAPP ရဲ႕ စာရင္းေတြဟာ ခ်ဲ႕ကားထားတဲ့စာရင္းေတြျဖစ္တယ္လို႔ ေျပာၾကား ပယ္ခ်ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

လူငယ်ထိန်းသိမ်းရေးစခန်းရောက် နိုင်ငံရေးမှုတွေအတွက် မိသားစုဝင်တွေစိုးရိမ်

နိုင်ငံရေးပုဒ်မတွေနဲ့ ရန်ကုန် သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အသက် ၁၈ နှစ်အောက် လူငယ်တွေကို စခန်းတာဝန်ခံတွေက မကြာခဏဆိုသလို ရိုက်နှက်တာတွေ ရှိနေတယ်လို့ သူတို့ရဲ့ မိသားစုဝင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီထိန်းသိမ်းရေးစခန်းမှာ ရန်ကုန်တိုင်းကနေ ဖမ်းဆီးခံရတဲ့ အသက် ၁၈ နှစ်အောက် လူငယ်အများအပြားရှိနေပြီး သူတို့အမှုကိုရင်ဆိုင်ဖို့လည်း လနဲ့ချီပြီး စောင့်ဆိုင်းနေကြရပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာန အရာရှိတဦးကတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူငယ်တွေကို ရိုက်နှက်ညှင်းပန်းတာတွေ လုပ်ခွင့်မပေးထားကြောင်း ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာရှိတဲ့ သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ လူငယ် ရာဂဏန်း ဖမ်းဆီးခံထားရပါတယ်။ နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို စခန်းတာဝန်ခံတွေက မကြာခဏဆိုသလို ရိုက်နှက် နိုင့်ထက်စီးနင်းပြုလုပ်နေတယ်လို့ သူတို့ရဲ့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောတာပါ။ ရိုက်နှက်ခံရတဲ့ လူငယ်တချို့က သူတို့မိသားစုတွေဆီကို ဆက်သွယ်အကြောင်းကြားပြီး ဒီထိန်းသိမ်းရေးခစန်းက အခြေအနေတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ လူငယ်တဦးရဲ့ မိသားစုဝင်တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အကြောင်းပြချက်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မယ်မယ်ရရတော့ ဘာမှမရှိဘူး၊ သောက် စားပြီးရင် သူတို့စိတ်မထင်ရင် မထင်သလိုဝင်ရိုက်တယ်။ ရိုက်တာ တဖွဲ့တည်းက ရိုက်တာမဟုတ်ဘူး။ သူတို့ကျောင်းက ဆရာတွေ၊ အဆောင်မှူးတွေ။ ဟိုတနေ့ညက ဖြစ်သွားတဲ့ကိစ္စမှာဆိုရင် ဆရာတွေက အရင်ရိုက်တယ်၊ ဆရာတွေပြီးတော့ အဆောင်မှူးတွေက ရိုက်တယ်။ ကြိမ်လုံးတွေ၊ နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်တယ်။ တဖွဲ့စီ ရိုက်တယ်။ ပြီးတော့ ကလေးတွေ နာနေတဲ့ဟာကို ဒိုက် ဆက်ထိုးခိုင်းတယ်။ တယောက်ကို အချက် ၅၀ နီးပါးကို သမ ခံရတာတဲ့။ ဒါကို သတင်းကြားပြီးတော့ မောင်လေးနဲ့ပါ အဆက်အသွယ် လုံးဝပြတ်သွားတယ်။ သူလည်း အရိုက်ခံရတော့ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာကို မသိရဘူး ဖြစ်နေတယ်။"

သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းမှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရတဲ့ လူငယ်တွေ အခုလို မကြာမကြာ ရိုက်နက် ခံနေရတယ်လို့လည်း သူကပြောပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မေနုကတော့ လူငယ်ထိန်းသိမ်းရေး စခန်းတွေကို ရောက်လာတဲ့ ဘယ်သူမဆို ရိုက်နှက်တာမျိုး မလုပ်ဆောင်ရဘူးဆိုတာ ညွှန်ကြားထားကြောင်း ဗွီအိုအေကို ပြောပါတယ်။

"ဘယ် (သူတို့) မလုပ်ရဲဘူး။ ဘာလို့ဆို ကျမတို့ကလေ ညွှန်ကြားရေးမှူးချုပ်ရော ဝန်ကြီး၊ ဒုဝန် ကြီးရော ညွှန်ကြားချက်တွေ ထွက်ထားတာ၊ အဲလိုရိုက်ရင် ပြဿနာတွေ တက်တတ်လွန်းလို့ ဘယ်သူမှ မရိုက်ဘူး။ နိုင်ငံရေးနဲ့ပဲလာလာ၊ ၅၀၅ နဲ့ပဲလာလာ၊ ခိုးမှုနဲ့ပဲလာလာ၊ လူသတ်မှုနဲ့ပဲလာလာ ကလေးတွေကို မရိုက်ရဘူး” ဆိုတဲ့ ညွှန်ကြားချက်ကို ထွက်ထားတာ ပြဿနာတွေ တက်တတ်လွန်းလို့လေ။ အဲဒီတော့ ရိုက်လို့ရှိရင်လည်း တနည်းနည်းနဲ့ ပြန်တွေ့လို့ရှိရင် ကျမတို့က အရေးယူတာ။ ခံဝန်ချုပ်တွေလည်း ထိုးထားရတယ်။ ကျောင်းသားအချင်းချင်းလည်း ရိုက်လို့မရဘူး၊ အဲဒါ တာဝန်မှူးတွေရော၊ တာဝန်ကြပ်တွေရော တာဝန်ယူရမယ်ဆိုတာ ညွှန်ကြားချက်တွေလည်း ထွက်ထားပြီးသား။"

သန်လျင်လူငယ် ထိန်းသိမ်းရေးစခန်းမှာ လောလောဆယ် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ လူငယ် အယောက် ၂၀၀ လောက်ရှိပြီး အများစုက စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။ သူတို့အမှုတွေကို မြို့နယ်အလိုက် ကလေးသူငယ် တရားရုံးတွေမှာ ကြားနာစစ် ဆေးရမှာဖြစ်ပေမဲ့ အများစုရဲ့အမှုတွေကို ခုထိ စတင်ကြားနာတာ မရှိသေးဘူးလို့ စုံစမ်းသိရပါတယ်။ လူငယ်တယောက်ရဲ့ မိသားစုဝင်တဦးက အခုလိုပြောပါတယ်။

"အမှုအခြေအနေက တရားစွဲထားပေမယ့်လို့လေ ရုံးချိန်းတွေတိုင်း ရုံးချိန်းတွေတိုင်း သက်သေမလာလို့ဆိုပြီး တခါမှကို မစစ်ရသေးဘူး။ ဒါပေမယ့် ကလေးတွေကို တခါပဲ ရုံးထုတ်လိုက်တယ်။ နောက်ပိုင်း မထုတ်တော့ဘူး။ မျက်ကွယ်ရမန်နဲ့ပဲ သူတို့ယူထားတယ်။ မျက်ကွယ်စစ်မယ်ပေါ့နော်။ ဒါပေမယ့် တခါမှ အခုအချိန်အထိ မစစ်ရသေးဘူး။ ရုံးချိန်းတွေပျက်တာ ၆ ခါလောက်ရှိပြီ။"

လူ့အခွင့်အရေး ရှေ့နေတချို့ကတော့ ဒီလိုထိန်းသိမ်းရေးစခန်းမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်ဆိုတာ တဆင့်စကားနဲ့ သူတို့သိထားပေမယ့် အတိအကျမှတ်ချက်ပေးဖို့ ခက်ခဲကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီလို လူငယ်ထိန်းသိမ်းရေးစခန်းမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ အမှုတွေကို မစစ်ဆေးဘဲ လနဲ့ချီပြီးကြန့်ကြာနေရတာက သက်ဆိုင်ရာ တရားစွဲသူတွေဘက်က အမှုတည်ဆောက်ဖို့ ဆင့်အဆင့် လုပ်ဆောင်နေကြလို့ ဖြစ်တယ်လို့ လူငယ်တွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

"လပေါင်းများစွာ မစစ်ဆေးဘဲထားတယ်ဆိုတာမျိုးက အခုလတ်တလောဆိုရင် အကြမ်းဖက်မှုတွေနဲ့ ဖမ်းဆီးခံရတဲ့ ကလေးတွေဆိုရင် သူတို့ သက်ဆိုင်ရာ ခရိုင်ရုံးရုံးကရဲတွေက အမှုတွဲကို တည်ဆောက် တယ်။ တည်ဆောက်ပြီးတော့ တိုင်းဒေသကြီးနဲ့ နေပြည်တော်မှာရှိတဲ့ အမှုတွေကို ရဲချုပ်ဆီပို့ရသေးတယ်။ ရဲချုပ်ကနေ ဒီအမှုကို တရားစွဲဆိုခွင့်ပြုသည် စစ်ဆေးစီရင်ပါ အဲလိုမျိုး အမိန့်စာလျှို့ဝှက် ကျ လာတာပေါ့။ အဲလိုကျလာတဲ့ အမှုတွေကိုပဲ စစ်ဆေးတာ။"

သန်လျင်လူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေထဲမှာ အများစုက ဖောက်ခွဲမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ လူသတ်မှု စတဲ့အမှုကြီးတွေနဲ့ တရားစွဲဆို ခံထားရတယ်လို့ သူတို့ရဲ့ အုပ်ထိန်းသူတချို့ က ဗွီအိုအေကို ပြောပါတယ်။ တရားရင်ဆိုင်နေရတဲ့ လူငယ်တွေကို သန်လျင်ထိန်းသိမ်းရေး စခန်းမှာပဲ ဖမ်းဆီးထိန်းသိမ်းထားပြီး ပြစ်ဒဏ်ချပြီးတဲ့ လူငယ်တွေကိုတော့ ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းကနေ ၂၀၂၂ ဧပြီလ၂၅ ရက်အထိ ဖမ်းဆီးခံရသူ ၁၀,၃၀၇ ယောက်ရှိပြီး အဲဒီထဲက ၁,၀၀၁ ယောက် ပြစ်ဒဏ်ချခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကစာရင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ သေဒဏ်ချမှတ်ခံရသူ အယောက် ၁၀၀ ရှိပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် အမျိုးသား၂ ယောက်ပါတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ စာရင်းတွေဟာ ချဲ့ကားထားတဲ့စာရင်းတွေဖြစ်တယ်လို့ ပြောကြား ပယ်ချလေ့ရှိပါတယ်။
==========

XS
SM
MD
LG