သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအက်ဥ္းေထာင္တြင္း ညႇင္းပမ္းႏွိပ္စက္မႈမ်ားရွိေန


နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ အင္းစိန္အက်ဥ္းေထာင္မွာ (၇) လနီးပါး ထိန္းသိမ္းခံခဲ့ရတဲ့ ႏိုင္ငံေရးအက်ဥ္းသူ ေဟာင္း Generation Wave အဖြဲ႕က မအိအိမိုး (AFP)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးအက်ဥ္းသားေတြလႊတ္ေပးဖို႔ ကုလသမဂၢ၊ အာဆီယံအပါအဝင္ အေနာက္ႏိုင္ငံေတြက စစ္ေကာင္စီကို ဖိအားေပး တိုက္တြန္းေနေပမယ့္ ႏိုင္ငံတဝွမ္းအက်ဥ္းေထာင္အသီးသီးမွာ ႏိုင္ငံေရး အက်ဥ္းသား ေပါင္း ၁၀,၀၀၀ ေက်ာ္ထိရွိေနဆဲျဖစ္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ ေအေအ ပီပီက ထုတ္ျပန္ထားပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားအမ်ားအျပားဟာ ဆိုး႐ြာတဲ့အေျခအေနေအာက္မွာ မိသားစုနဲ႔မေတြ႕ရ ျပင္ပမွ ဆက္သြယ္ခြင့္မရတာေတြအျပင္ ေထာင္တြင္းဆႏၵျပမႈေတြေၾကာင့္လည္း ညႇင္းပမ္းႏွိပ္စက္ခံရမႈေတြရွိေနပါတယ္။ ဒီအေၾကာင္း မအင္ၾကင္းႏိုင္ စုံစမ္းေမးျမန္းထားတာပါ။

ေအေအပီပီရဲ႕ မၾကာေသးခင္က ထုတ္ျပန္ခ်က္အရဆိုရင္ ၂၀၂၁ခုႏွစ္ ေဖေဖၚဝါရီလမွာ စစ္အာဏာသိမ္းၿပီး ကတည္းက ၁၄ လေက်ာ္ကာလအတြင္း ႏိုင္ငံတဝွမ္းဖမ္းဆီးခံခဲ့ရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေပါင္း ၁၀,၀၀၀ ေက်ာ္ရွိလာတာဟာ ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္အုပ္ခ်ဳပ္ခဲ့တဲ့ အရင္ စစ္အစိုးရအဆက္ဆက္က ဖမ္းဆီးခဲ့တဲ့အေရအတြက္နဲ႔ယွဥ္ရင္ အမ်ားဆုံးျဖစ္ပါတယ္။ တရက္ကို သံသယရွိသူ အနည္းဆုံးအေယာက္ ၂၀ ႏႈန္းနဲ႔ ဖမ္းဆီးခံရတဲ့ သေဘာမ်ိဳးျဖစ္ေနၿပီး ျမန္မာ့သမိုင္းမွာ ဒီေလာက္ ဆိုးဆိုး႐ြား႐ြား ဖမ္းဆီးခံရတဲ့ အေျခအေနမ်ိဳး မရွိခဲ့ဘူးလို႔လည္း ေအေအပီပီက ေျပာပါတယ္။

နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ အင္းစိန္အက်ဥ္းေထာင္မွာ (၇) လနီးပါး ထိန္းသိမ္းခံခဲ့ရတဲ့ ႏိုင္ငံေရးအက်ဥ္းသူ ေဟာင္း Generation Wave အဖြဲ႕က မအိအိမိုးက သူ႔ရဲ႕အေတြ႕အႀကဳံကို အခုလို ဗြီအိုေအကိုေျပာပါတယ္။

“ညီမက ၃ လပိုင္း၊ ၃ ရက္ေန႔ကေပါ့ေနာ္၊ တာေမြသပိတ္စစ္ေၾကာင္းကေနၿပီးေတာ့မွ ဖမ္းဆီးခံရတယ္။ ဖမ္းဆီးခံရတဲ့အခ်ိန္မွာ ၃၀၀ ေက်ာ္ေလာက္ကို ရွိတယ္ေပါ့ေလ။ ...ဆိုေတာ့ အဲဒီကေနၿပီးေတာ့မွ စအဖမ္းခံရတဲ့ေနရာကေန က်ိဳကၠဆံကြင္းကိုေခၚသြားတယ္။ အဲဒီမွာတေနကုန္ထားတယ္။ တေနကုန္ ေရေသာက္စရာမလုံေလာက္၊ အစားစားဖို႔မရွိေပါ့ေလ။ ဆိုေတာ့..အဲလိုမ်ိဳးနဲ႔တေနကုန္ထားတယ္။ ထားၿပီး ည ဆယ္နာရီေက်ာ္ လူေတြအျပင္မထြက္ေတာ့တဲ့အခ်ိန္က်မွ ညီမတို႔ကို ကား ၁၀ စီးေက်ာ္ေလာက္နဲ႔ အင္းစိန္ေထာင္ကိုပို႔တယ္။ ေထာင္ကိုမပို႔ခင္မွာလည္း ကားေပၚမွာတေလွ်ာက္လုံး တေနကုန္ ရဲနဲ႔စစ္သားေတြနဲ႔က ညီမတို႔ကို ဖမ္းလာတာရယ္၊ ညီမတို႔ကိုထားဖို႔ လုပ္ေနရင္းနဲ႔မွ ညဘက္ေရာက္ေတာ့ ရဲေတြစစ္သားေတြက မူးေနၾကၿပီ။ အဲလို မူးေနၾကတဲ့အခ်ိန္မွာ မိန္းကေလးေတြကလည္း အမ်ားႀကီးေပါ့။ အထူးသျဖင့္ ေက်ာင္းသားသမဂၢက ေက်ာင္းသူေလးေတြ...အဲဒီလို အမ်ားႀကီးပါတဲ့အခ်ိန္မွာ ဘာလုပ္ပစ္လိုက္မယ္၊ ညာလုပ္ပစ္လိုက္မယ္...အဲဒါမ်ိဳးေတြ ၿခိမ္းေျခာက္၊ အဲလို ၿခိမ္းေျခာက္တဲ့လူက ၿခိမ္းေျခာက္၊ ဆဲဆိုတဲ့သူက ဆဲဆို၊ တခ်ိဳ႕ကလည္း တေနရာေခၚသြားေပါ့။ ေခၚသြားၿပီးေတာ့ ပစ္သတ္လိုက္...ေပါ့။ ဘယ္သူမွသိတာမဟုတ္ဘူးေပါ့။ အဲလိုမ်ိဳး ေျပာတဲ့သူေတြကေျပာေပါ့...။ေျပာၿပီးေတာ့မွ တေလွ်ာက္လုံး၊ ရန္ကုန္ၿမိဳ႕တပတ္လုံး ပတ္ေမာင္းၿပီးေတာ့မွ အင္းစိန္ေထာင္ကိုေရာက္တယ္ေပါ့။”

အင္ၾကင္းႏိုင္။ ။ အခုဆိုရင္ ဖမ္းဆီးခံရတဲ့ ႏိုင္ငံေရးအက်ဥ္းသူေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြရွိတယ္ဆိုတာလည္း သတင္းေတြ ထြက္လာတဲ့အခါက်ေတာ့ အဲဒီလိုအေျခအေနမ်ိဳးနဲ႔ပတ္သက္လို႔ ညီမ ေတြ႕ႀကဳံခဲ့ရတာမ်ိဳးေတြေရာ ရွိလားရွင့္။

“ညီမတို႔နဲ႔အတူတူေနရတဲ့သူေတြ ႀကဳံရတာေပါ့ေလ။ ညီမကေတာ့ အေဆာင္က အဖမ္းခံရတာျဖစ္တယ္။ ဆိုေတာ့ ပထမဆုံး နဲ႔ေနာက္ဆုံးအသုတ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ ေထာင္ထဲမွာပဲ စစ္ေၾကာေရးဝင္ရတယ္။ ဒါေပမယ့္ ေထာင္ထဲမွာ အတူတူျဖတ္သန္းခဲ့ရတဲ့ အမ်ိဳးသမီးေတြ ႀကဳံရတာကို...။ ေထာင္ထဲမွာ အမ်ိဳးသမီးေတြကိုမွ မဟုတ္ဘူးေပါ့ေလ။ အမ်ိဳးသမီးေတြ၊ အမ်ိဳးသားေတြ၊ LGBT ေတြ...သူတို႔ေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားတာေတာင္မွ သူတို႔ေတြကို အုပ္စုဖြဲ႕ၿပီးေတာ့ ေယာက္က်ား ေလး-ငါး-ေျခာက္ေယာက္ေလာက္က ဝိုင္းၿပီးေတာ့မွ အထူးသျဖင့္ LGBT ေတြကို ရင္သားေတြကို ပလာယာနဲ႔ညႇပ္တာတို႔၊ လိမ္ဆြဲတာတို႔၊ ဆြဲဆိတ္တာတို႔..အဲဒါမ်ိဳးေတြလုပ္။ ေနာက္ၿပီးေတာ့ လိင္အဂၤါေတြကို ႐ိုက္ႏွက္တာေပါ့ေနာ္။ အဲဒါမ်ိဳးေတြ လုပ္တာမ်ိဳးေတြရွိတယ္။ ေနာက္ၿပီးလို႔ရွိရင္ ေလးဘက္ေထာက္ခိုင္းၿပီးေတာ့မွ တင္ပါးေတြကို နံပါတ္တုတ္ေတြနဲ႔႐ိုက္တာေပါ့။ အဲလို႐ိုက္တယ္။ ေနာက္ ဓာတ္ပုံေတြ႐ိုက္တယ္။ ႐ိုက္ၿပီးေတာ့မွ သူတို႔အခ်င္းခ်င္း ျပန္ျပၿပီးေတာ့မွ ထပ္ၿပီးေတာ့မွ ေစာ္ကားတာေပါ့ေလ။ စစ္ေၾကာေရးအခန္းေတြမွာ ႀကဳံရတဲ့ဟာေပါ့။ ..စစ္ေၾကာေရးကိုေခၚသြားတဲ့ လမ္းတေလွ်ာက္မွာလည္း တခ်ိဳ႕ဆိုရင္ မ်က္လုံးကို အဝတ္စည္းထားၿပီးေတာ့မွ ...“နင္တို႔ကို အဝတ္စည္းထားတယ္၊ စည္းထားၿပီးေတာ့မွ စစ္ေၾကာေရးေနရာကို မေရာက္ခင္အထိကို အေရွ႕မွာ ခ်ိဳင့္ရွိတယ္၊ ေက်ာ္...အေရွ႕မွာႀကိဳးတန္းရွိတယ္..ငုံ႔...ေပါ့။ ဘယ္ေကြ႕..ညာေကြ႕ အဲလိုမ်ိဳးေတြ လုပ္ခိုင္းၿပီးေတာ့မွ ခႏၶာကိုယ္ကို ထိန္းေပးသလိုနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ထိၿပီးေတာ့မွ ေစာ္ကားတာေပါ့ေလ။ အဲလိုမ်ိဳးေတြ စၿပီးေတာ့မွ ႀကဳံရတယ္။ ငရဲခန္းကို ျဖတ္သန္းရတယ္ေပါ့ေလ။ ...ဆိုေတာ့ ပုံမွန္ ဒီလိုမ်ိဳး ႏွိပ္စက္တာေတြအျပင္ကို အုပ္စုဖြဲ႕ၿပီးေတာ့မွ လိင္ပိုင္းဆိုင္ရာ ဆိုးဆိုးဝါးဝါး ညႇင္းပန္းႏွိပ္စက္တာေတြ အမ်ားႀကီးပဲ ရွိတယ္။

ဒါ့အျပင္ ၂၀၂၁ခုႏွစ္ မတ္လ ကေန ေအာက္တိုဘာလအထိ ထိန္းသိမ္းခံခဲ့ရတဲ့ ကာလတေလ်ာက္ ရင္ဆိုင္ခဲ့ရတဲ့ ေထာင္တြင္း တရားစီရင္တဲ့ အေျခအေနကိုလည္း သူက အခုလိုေျပာပါတယ္။

“႐ုံးထုတ္လည္း ေရွ႕ေနေတြနဲ႔လည္း မေတြ႕ရေတာ့ဘူး။ တရားသူႀကီးေတြနဲ႔ဆိုတာကလည္း ဖုံးထဲမွာပဲ ဖုံးေလးတလုံးေထာင္ေပးထားတယ္။ ဒါမွမဟုတ္လည္း ကြန္ျပဴတာဖြင့္ေပးထားၿပီးေတာ့မွ ဘယ္သူမွန္းမသိတဲ့လူကေနၿပီးေတာ့မွ ကိုယ့္နာမည္ေခၚတယ္။ အေဖ နာမည္ထိုးေပးရတယ္။ ၿပီးရင္ ဘယ္ေန႔ ႐ုံးခ်ိန္း ဘယ္ေန႔ျပန္ခ်ိန္းပါတယ္ ဆိုၿပီးေတာ့ပဲ ခ်ိန္းတာေပါ့။”


လက္ရွိ စစ္ေကာင္စီလက္ထက္ ေထာင္တြင္း တရားစီရင္တဲ့အေျခအေနဟာ အရင္ စစ္အစိုးရလက္ထက္က ႏိုင္ငံေရးလႈပ္ရွားမႈေတြနဲ႔ ပတ္သက္လို႔ စီရင္ခ်က္ ခ်မွတ္တဲ့ ပုံစံနဲ႔ ဘယ္လိုကြာျခားခ်က္ေတြရွိေနပါသလဲ။ ျပည္တြင္းက လူ႔အခြင့္အေရးဆိုင္ရာအမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနသူ ေရွ႕ေနတဦးက အခုလို သူ႔အျမင္ကို ဗြီအိုေအကို ေျပာပါတယ္။

“ဘယ္လိုကြာလဲဆိုေတာ့ အခု ၂၀၂၁ ကေတာ့ ပိုၿပီးေတာ့ တင္းၾကပ္တာေပါ့။ ၂၀၂၁ မွာ ျဖစ္တဲ့ကိစၥက်ေတာ့ ရန္ကုန္တိုင္းတတိုင္းလုံး က ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့အမႈေတြအားလုံးကို အင္းစိန္ေထာင္ထဲမွာပဲ စစ္ေဆးတာရွိတယ္။ အျပင္မွာ ရွားရွားပါးပါး တမႈစ၊ ႏွစ္မႈစ အျပင္မွာလုပ္တယ္လို႔ေတာ့ သိရတယ္။ က်န္တဲ့ဟာ အေတာ္မ်ားမ်ားကေတာ့ အင္းစိန္ေထာင္ထဲမွာပဲ စစ္တာေပါ့။”

တက္ႂကြလႈပ္ရွားတဲ့ အမ်ိဳးသမီးေတြကို ဖမ္းဆီးထိန္းသိမ္းစစ္ေဆးတဲ့အခါမွာ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ ရွိေနတယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီ သတင္းျပန္ၾကားေရးအဖြဲ႕ကို ဗြီအိုေအက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ တုံ႔ျပန္ခ်က္ မရခဲ့ပါဘူး။ ထိမ္းသိမ္းခံထားေနရတဲ့ ႏိုင္ငံေရးအက်ဥ္းသား အမ်ား စုဟာ ျပင္ပနဲ႔အဆက္အသြယ္မရတဲ့အျပင္ တရား႐ုံးေတြမွာလည္း အမ်ားျပည္သူ ေစာင့္ၾကည့္ခြင့္မရၾကပါဘူး။ ၿပီးခဲ့တဲ့လပိုင္းအတြင္း အင္းစိန္ေထာင္အပါအဝင္ ေထာင္တခ်ိဳ႕မွာႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ ဆႏၵျပမႈေတြရွိခဲ့ ၿပီး ဆႏၵျပသူေတြကို သက္ဆိုင္ရာေထာင္အာဏာပိုင္ေတြက ညႇင္းပမ္းႏွိပ္စက္တာေတြရွိခဲ့တယ္လို႔ မိသားစုဝင္ ေတြကေျပာပါတယ္။ စစ္ကိုင္းတိုင္းကေလးၿမိဳ႕ေထာင္မွာဆိုရင္ ပစ္ခတ္ႏွိမ္နင္းလို႔ လူေသဆုံးတဲ့အထိ ျဖစ္ခဲ့တာ ပါ။ ဒီျဖစ္စဥ္ကိုေတာ့ ေထာင္ဆူပူမႈလုပ္လာလို႔ ႏွိမ္နင္းရတာလို႔ အာဏာပိုင္ေတြက ေျဖရွင္းထားပါတယ္။ ICRC ႏိုင္ငံတကာၾကက္ေျခနီအသင္းအေနနဲ႔ အရင္တုန္းကလို ေထာင္ေတြထဲ ဝင္ေရာက္ၿပီး စစ္ေဆးၾကည့္ရႈတာ အကူအညီေတြေပးႏိုင္တာလုပ္ဖို႔ ကမ္းလွမ္းထားေပမယ့္လည္း ဒီေန႔အထိ အက်ဥ္ေထာင္ေတြထဲ ဝင္ေရာက္စစ္ေဆးခြင့္မရေသးဘူးလို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာအကျဉ်းထောင်တွင်း ညှင်းပမ်းနှိပ်စက်မှုများရှိနေ

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် အနောက်နိုင်ငံတွေက စစ်ကောင်စီကို ဖိအားပေး တိုက်တွန်းနေပေမယ့် နိုင်ငံတဝှမ်းအကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၀,၀၀၀ ကျော်ထိရှိနေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေ ပီပီက ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားအများအပြားဟာ ဆိုးရွာတဲ့အခြေအနေအောက်မှာ မိသားစုနဲ့မတွေ့ရ ပြင်ပမှ ဆက်သွယ်ခွင့်မရတာတွေအပြင် ထောင်တွင်းဆန္ဒပြမှုတွေကြောင့်လည်း ညှင်းပမ်းနှိပ်စက်ခံရမှုတွေရှိနေပါတယ်။ ဒီအကြောင်း မအင်ကြင်းနိုင် စုံစမ်းမေးမြန်းထားတာပါ။

အေအေပီပီရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်အာဏာသိမ်းပြီး ကတည်းက ၁၄ လကျော်ကာလအတွင်း နိုင်ငံတဝှမ်းဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀,၀၀၀ ကျော်ရှိလာတာဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်ခဲ့တဲ့ အရင် စစ်အစိုးရအဆက်ဆက်က ဖမ်းဆီးခဲ့တဲ့အရေအတွက်နဲ့ယှဉ်ရင် အများဆုံးဖြစ်ပါတယ်။ တရက်ကို သံသယရှိသူ အနည်းဆုံးအယောက် ၂၀ နှုန်းနဲ့ ဖမ်းဆီးခံရတဲ့ သဘောမျိုးဖြစ်နေပြီး မြန်မာ့သမိုင်းမှာ ဒီလောက် ဆိုးဆိုးရွားရွား ဖမ်းဆီးခံရတဲ့ အခြေအနေမျိုး မရှိခဲ့ဘူးလို့လည်း အေအေပီပီက ပြောပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်မှာ (၇) လနီးပါး ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ ဟောင်း Generation Wave အဖွဲ့က မအိအိမိုးက သူ့ရဲ့အတွေ့အကြုံကို အခုလို ဗွီအိုအေကိုပြောပါတယ်။

“ညီမက ၃ လပိုင်း၊ ၃ ရက်နေ့ကပေါ့နော်၊ တာမွေသပိတ်စစ်ကြောင်းကနေပြီးတော့မှ ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့အချိန်မှာ ၃၀၀ ကျော်လောက်ကို ရှိတယ်ပေါ့လေ။ ...ဆိုတော့ အဲဒီကနေပြီးတော့မှ စအဖမ်းခံရတဲ့နေရာကနေ ကျိုက္ကဆံကွင်းကိုခေါ်သွားတယ်။ အဲဒီမှာတနေကုန်ထားတယ်။ တနေကုန် ရေသောက်စရာမလုံလောက်၊ အစားစားဖို့မရှိပေါ့လေ။ ဆိုတော့..အဲလိုမျိုးနဲ့တနေကုန်ထားတယ်။ ထားပြီး ည ဆယ်နာရီကျော် လူတွေအပြင်မထွက်တော့တဲ့အချိန်ကျမှ ညီမတို့ကို ကား ၁၀ စီးကျော်လောက်နဲ့ အင်းစိန်ထောင်ကိုပို့တယ်။ ထောင်ကိုမပို့ခင်မှာလည်း ကားပေါ်မှာတလျှောက်လုံး တနေကုန် ရဲနဲ့စစ်သားတွေနဲ့က ညီမတို့ကို ဖမ်းလာတာရယ်၊ ညီမတို့ကိုထားဖို့ လုပ်နေရင်းနဲ့မှ ညဘက်ရောက်တော့ ရဲတွေစစ်သားတွေက မူးနေကြပြီ။ အဲလို မူးနေကြတဲ့အချိန်မှာ မိန်းကလေးတွေကလည်း အများကြီးပေါ့။ အထူးသဖြင့် ကျောင်းသားသမဂ္ဂက ကျောင်းသူလေးတွေ...အဲဒီလို အများကြီးပါတဲ့အချိန်မှာ ဘာလုပ်ပစ်လိုက်မယ်၊ ညာလုပ်ပစ်လိုက်မယ်...အဲဒါမျိုးတွေ ခြိမ်းခြောက်၊ အဲလို ခြိမ်းခြောက်တဲ့လူက ခြိမ်းခြောက်၊ ဆဲဆိုတဲ့သူက ဆဲဆို၊ တချို့ကလည်း တနေရာခေါ်သွားပေါ့။ ခေါ်သွားပြီးတော့ ပစ်သတ်လိုက်...ပေါ့။ ဘယ်သူမှသိတာမဟုတ်ဘူးပေါ့။ အဲလိုမျိုး ပြောတဲ့သူတွေကပြောပေါ့...။ပြောပြီးတော့မှ တလျှောက်လုံး၊ ရန်ကုန်မြို့တပတ်လုံး ပတ်မောင်းပြီးတော့မှ အင်းစိန်ထောင်ကိုရောက်တယ်ပေါ့။”

အင်ကြင်းနိုင်။ ။ အခုဆိုရင် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိတယ်ဆိုတာလည်း သတင်းတွေ ထွက်လာတဲ့အခါကျတော့ အဲဒီလိုအခြေအနေမျိုးနဲ့ပတ်သက်လို့ ညီမ တွေ့ကြုံခဲ့ရတာမျိုးတွေရော ရှိလားရှင့်။

“ညီမတို့နဲ့အတူတူနေရတဲ့သူတွေ ကြုံရတာပေါ့လေ။ ညီမကတော့ အဆောင်က အဖမ်းခံရတာဖြစ်တယ်။ ဆိုတော့ ပထမဆုံး နဲ့နောက်ဆုံးအသုတ်လို့ ပြောလို့ရတာပေါ့နော်။ ထောင်ထဲမှာပဲ စစ်ကြောရေးဝင်ရတယ်။ ဒါပေမယ့် ထောင်ထဲမှာ အတူတူဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးတွေ ကြုံရတာကို...။ ထောင်ထဲမှာ အမျိုးသမီးတွေကိုမှ မဟုတ်ဘူးပေါ့လေ။ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ LGBT တွေ...သူတို့တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာတောင်မှ သူတို့တွေကို အုပ်စုဖွဲ့ပြီးတော့ ယောက်ကျား လေး-ငါး-ခြောက်ယောက်လောက်က ဝိုင်းပြီးတော့မှ အထူးသဖြင့် LGBT တွေကို ရင်သားတွေကို ပလာယာနဲ့ညှပ်တာတို့၊ လိမ်ဆွဲတာတို့၊ ဆွဲဆိတ်တာတို့..အဲဒါမျိုးတွေလုပ်။ နောက်ပြီးတော့ လိင်အင်္ဂါတွေကို ရိုက်နှက်တာပေါ့နော်။ အဲဒါမျိုးတွေ လုပ်တာမျိုးတွေရှိတယ်။ နောက်ပြီးလို့ရှိရင် လေးဘက်ထောက်ခိုင်းပြီးတော့မှ တင်ပါးတွေကို နံပါတ်တုတ်တွေနဲ့ရိုက်တာပေါ့။ အဲလိုရိုက်တယ်။ နောက် ဓာတ်ပုံတွေရိုက်တယ်။ ရိုက်ပြီးတော့မှ သူတို့အချင်းချင်း ပြန်ပြပြီးတော့မှ ထပ်ပြီးတော့မှ စော်ကားတာပေါ့လေ။ စစ်ကြောရေးအခန်းတွေမှာ ကြုံရတဲ့ဟာပေါ့။ ..စစ်ကြောရေးကိုခေါ်သွားတဲ့ လမ်းတလျှောက်မှာလည်း တချို့ဆိုရင် မျက်လုံးကို အဝတ်စည်းထားပြီးတော့မှ ...“နင်တို့ကို အဝတ်စည်းထားတယ်၊ စည်းထားပြီးတော့မှ စစ်ကြောရေးနေရာကို မရောက်ခင်အထိကို အရှေ့မှာ ချိုင့်ရှိတယ်၊ ကျော်...အရှေ့မှာကြိုးတန်းရှိတယ်..ငုံ့...ပေါ့။ ဘယ်ကွေ့..ညာကွေ့ အဲလိုမျိုးတွေ လုပ်ခိုင်းပြီးတော့မှ ခန္ဓာကိုယ်ကို ထိန်းပေးသလိုနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိပြီးတော့မှ စော်ကားတာပေါ့လေ။ အဲလိုမျိုးတွေ စပြီးတော့မှ ကြုံရတယ်။ ငရဲခန်းကို ဖြတ်သန်းရတယ်ပေါ့လေ။ ...ဆိုတော့ ပုံမှန် ဒီလိုမျိုး နှိပ်စက်တာတွေအပြင်ကို အုပ်စုဖွဲ့ပြီးတော့မှ လိင်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ညှင်းပန်းနှိပ်စက်တာတွေ အများကြီးပဲ ရှိတယ်။

ဒါ့အပြင် ၂၀၂၁ခုနှစ် မတ်လ ကနေ အောက်တိုဘာလအထိ ထိန်းသိမ်းခံခဲ့ရတဲ့ ကာလတလျောက် ရင်ဆိုင်ခဲ့ရတဲ့ ထောင်တွင်း တရားစီရင်တဲ့ အခြေအနေကိုလည်း သူက အခုလိုပြောပါတယ်။

“ရုံးထုတ်လည်း ရှေ့နေတွေနဲ့လည်း မတွေ့ရတော့ဘူး။ တရားသူကြီးတွေနဲ့ဆိုတာကလည်း ဖုံးထဲမှာပဲ ဖုံးလေးတလုံးထောင်ပေးထားတယ်။ ဒါမှမဟုတ်လည်း ကွန်ပြူတာဖွင့်ပေးထားပြီးတော့မှ ဘယ်သူမှန်းမသိတဲ့လူကနေပြီးတော့မှ ကိုယ့်နာမည်ခေါ်တယ်။ အဖေ နာမည်ထိုးပေးရတယ်။ ပြီးရင် ဘယ်နေ့ ရုံးချိန်း ဘယ်နေ့ပြန်ချိန်းပါတယ် ဆိုပြီးတော့ပဲ ချိန်းတာပေါ့။”


လက်ရှိ စစ်ကောင်စီလက်ထက် ထောင်တွင်း တရားစီရင်တဲ့အခြေအနေဟာ အရင် စစ်အစိုးရလက်ထက်က နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ စီရင်ချက် ချမှတ်တဲ့ ပုံစံနဲ့ ဘယ်လိုကွာခြားချက်တွေရှိနေပါသလဲ။ ပြည်တွင်းက လူ့အခွင့်အရေးဆိုင်ရာအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေတဦးက အခုလို သူ့အမြင်ကို ဗွီအိုအေကို ပြောပါတယ်။

“ဘယ်လိုကွာလဲဆိုတော့ အခု ၂၀၂၁ ကတော့ ပိုပြီးတော့ တင်းကြပ်တာပေါ့။ ၂၀၂၁ မှာ ဖြစ်တဲ့ကိစ္စကျတော့ ရန်ကုန်တိုင်းတတိုင်းလုံး က နိုင်ငံရေးနဲ့ပတ်သက်တဲ့အမှုတွေအားလုံးကို အင်းစိန်ထောင်ထဲမှာပဲ စစ်ဆေးတာရှိတယ်။ အပြင်မှာ ရှားရှားပါးပါး တမှုစ၊ နှစ်မှုစ အပြင်မှာလုပ်တယ်လို့တော့ သိရတယ်။ ကျန်တဲ့ဟာ အတော်များများကတော့ အင်းစိန်ထောင်ထဲမှာပဲ စစ်တာပေါ့။”

တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် မရခဲ့ပါဘူး။ ထိမ်းသိမ်းခံထားနေရတဲ့ နိုင်ငံရေးအကျဉ်းသား အများ စုဟာ ပြင်ပနဲ့အဆက်အသွယ်မရတဲ့အပြင် တရားရုံးတွေမှာလည်း အများပြည်သူ စောင့်ကြည့်ခွင့်မရကြပါဘူး။ ပြီးခဲ့တဲ့လပိုင်းအတွင်း အင်းစိန်ထောင်အပါအဝင် ထောင်တချို့မှာနိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒပြမှုတွေရှိခဲ့ ပြီး ဆန္ဒပြသူတွေကို သက်ဆိုင်ရာထောင်အာဏာပိုင်တွေက ညှင်းပမ်းနှိပ်စက်တာတွေရှိခဲ့တယ်လို့ မိသားစုဝင် တွေကပြောပါတယ်။ စစ်ကိုင်းတိုင်းကလေးမြို့ထောင်မှာဆိုရင် ပစ်ခတ်နှိမ်နင်းလို့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တာ ပါ။ ဒီဖြစ်စဉ်ကိုတော့ ထောင်ဆူပူမှုလုပ်လာလို့ နှိမ်နင်းရတာလို့ အာဏာပိုင်တွေက ဖြေရှင်းထားပါတယ်။ ICRC နိုင်ငံတကာကြက်ခြေနီအသင်းအနေနဲ့ အရင်တုန်းကလို ထောင်တွေထဲ ဝင်ရောက်ပြီး စစ်ဆေးကြည့်ရှုတာ အကူအညီတွေပေးနိုင်တာလုပ်ဖို့ ကမ်းလှမ်းထားပေမယ့်လည်း ဒီနေ့အထိ အကျဉ်ထောင်တွေထဲ ဝင်ရောက်စစ်ဆေးခွင့်မရသေးဘူးလို့ သိရပါတယ်။

=============

XS
SM
MD
LG