သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ ခ႐ိုင္တရားသူႀကီးနဲ႔တရားေရးအဖြဲ႔ဝင္ေတြကို TNLA ဖမ္းဆီး


PSLF -TNLA News & Information Department


[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕နယ္အတြင္းမွာ တအာင္းပေလာင္ TNLA အဖြဲ႔ကေန တရားေရးအဖြဲ႔ဝင္ (၉) ဦးကို မေန႔က ဖမ္းဆီးေခၚေဆာင္သြားခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဘာေၾကာင့္ဖမ္းဆီးတယ္ဆိုတာ မသိရေသးေပမယ့္ ေလာေလာဆယ္မွာ သူတို႔တေတြလြတ္ေျမာက္ဖို႔ႀကိဳးပမ္းေနဆဲလို႔ ညႇိႏႈိင္းေရးအဖြဲ႔ဝင္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔ထားတာကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္လမ္းေပၚမွာ ေက်ာက္မဲၿမိဳ႕ ခ႐ိုင္တရားသူႀကီးနဲ႔ဇနီးအပါဝင္ တရားသူႀကီးေတြ ဥပေဒအရာရွိေတြ လိုက္ပါလာတဲ့ကားတစီးကို မေန႔အဂၤါေန႔က တအာင္း ပေလာင္ TNLA အဖြဲ႔ကေန တားဆီးၿပီး ကားေပၚလိုက္ပါလာတဲ့သူေတြအားလုံးကို ဖမ္းဆီးေခၚေဆာင္ သြားခဲ့ပါတယ္။

ေက်ာက္မဲခ႐ိုင္ တရားသူႀကီးအပါဝင္ တရားေရးဝန္ထမ္းေတြအဖမ္းဆီးခံရတာနဲ႔ ပက္သက္လို႔ ေ႐ႊဖီေျမ သတင္းဌာနအယ္ဒီတာ မိုင္အႏိုင္က အခုလိုေျပာပါတယ္။

“မေန႔ကမနက္ပိုင္း (၁၀) နာရီဝန္းက်င္မွာ အဲဒီနမ့္ဆန္တက္တဲ့လမ္းမွာပဲ။ လမ္းမႀကီးထဲမွာ။ ဖမ္းတာလည္း သူတို႔ TNLA အရင္တုန္းက အဲဒီေနရာမွာပုံမွန္ ႀကဳံရင္ႀကဳံသလို မူးယစ္ေဆးဝါးစစ္ေဆးတဲ့ပုံစံမ်ိဳး လုပ္တာေလ။ ကြက္တိ သူတို႔နဲ႔တိုးတဲ့ ပုံစံမ်ိဳးျဖစ္သြားတာေပါ့။ ေက်ာက္မဲတရားသူႀကီး၊ နမ့္ဆန္တရားသူႀကီး၊ မန္တုန္တရားသူႀကီး၊ တရားသူႀကီးရဲ႕ဇနီး တေယာက္ပါမယ္။ ႐ုံးစာေရးႏွစ္ေယာက္ပါမယ္။ အငွါးလိုက္ေရွ႕ေနႏွစ္ေယာက္ပါမယ္။”

အဖမ္းဆီးခံခဲ့ရသူေတြကေတာ့ ေက်ာက္မဲခ႐ိုင္ တရားသူႀကီးဦးခင္ေမာင္ေအးနဲ႔ဇနီး၊ နမ့္ဆန္တရားသူႀကီး ဦးေကာင္းဘုန္းႏိုင္၊ မန္တုံတရားသူႀကီးဦးေဇာ္ေဇာ္၊ နမ့္ဆန္ဥပေဒအရာရွိဦးမ်ိဳးထက္ေဇာ္အပါအဝင္ အငွားလိုက္ ေရွ႕ေနေတြနဲ႔ ႐ုံးစာေရးစုစုေပါင္း (၉) ဦးဖမ္းဆီးခံခဲ့ရတာပါ။

ဖမ္းဆီးသြားတဲ့အေၾကာင္းအရင္းကိုမသိရေသးေပမယ့္ TNLA အဖြဲ႔နဲ႔ဆက္သြယ္ ခ်က္အရ လက္ရွိ အဖမ္းဆီးခံရသူတို႔ကိုေကာင္းမြန္စြာထိန္းသိမ္းထားၿပီး စစ္ေဆးေန ေၾကာင္း ျပန္ၾကားခဲ့တယ္လို႔ မိုင္အႏိုင္က ဆက္ေျပာပါတယ္။

“မနက္ခင္းက TNLA ဘက္ကို အင္တာဗ်ဴးလုပ္ခ်င္တာ လွမ္းခ်ိတ္ၾကည့္ေတာ့ သူတို႔က ေအးေအးေဆးေဆးပါပဲ။ ေကာင္းေကာင္းမြန္မြန္ပဲ ထိန္းသိမ္းထားတယ္ေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ ဘာဆက္လုပ္မလဲဆိုတဲ့ဟာကေတာ့ ေမးျမန္းစစ္ေဆးေနတဲ့အေျခအေနေပၚ မူတည္တယ္လို႔ေတာ့ေျပာတယ္။ လြတ္မယ္ မလြတ္ဘူးဆိုတာ သူတို႔ေျပာတာမ်ိဳးမရွိဘူး။ ဘာအေၾကာင္းျပခ်က္လဲ ေမးၾကည့္ေတာ့ သူတို႔က အဲဒါေတာ့ ေလာေလာဆယ္ေတာ့ေျပာလို႔မရေသးဘူး။ ေကာင္းေကာင္းမြန္မြန္ေတာ့ၾကည့္ထားတယ္ေပါ့ သူတို႔လက္ထဲမွာ။”

ဖမ္းဆီးသြားတဲ့အေၾကာင္းအရင္းကိုေတာ့မသိရေသးပါဘူး။

ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဥကၠ႒ မိုင္သိန္းေဇာ္ကေတာ့ တရားေရးအဖြဲ႔ေတြလြတ္ေျမာက္ဖို႔ ႀကိဳးပမ္းေနဆဲလို႔ေျပာပါတယ္။

“ဒီကိစၥေလးေတြကေတာ့ အခု က်ေနာ္ကေတာ့ ဒီမွာလုပ္ေနတဲ့အခါက်ေတာ့ တဘက္မွာလည္း အခက္အခဲရွိတာေပါ့ေနာ္။ ၿပီးမွပဲ က်ေနာ္ အကိုတို႔ကိုေျပာျပမယ္ေနာ္။”

အစိုးရဘက္နဲ႔ TNLA ဘက္ကို ၾကားဝင္ ညႇိႏႈိင္းေပးတဲ့ပုဂၢိဳလ္တဦးကေတာ့ ဖမ္းဆီးခံထားတဲ့အေျခအေနနဲ႔ပက္သက္လို႔ ညႇိႏႈိင္းလို႔အဆင္ေျပသြားၿပီလို႔ ေျပာပါတယ္။

“က်ေနာ့္ဆီဖုန္းဆက္ၿပီးေတာ့မွ အကူညီေတာင္းတာေပါ့။ လုပ္ေပးပါဦး။ က်ေနာ္ကလည္း ခ်ိတ္လိုက္တယ္။ ခ်ိတ္လိုက္ေတာ့ ေမးတာခ်က္ခ်င္းေျဖတယ္။ ေအးေအးေဆးေဆးၿပီးသြားပါၿပီလို႔ေျပာတယ္။”

လက္ရွိေျခေနကေတာ့ သူတို႔တေတြ ျပန္လြတ္လာဖို႔ ညႇိႏႈိင္းေနၾကေပမယ့္ ေနာက္ဆုံး ညေနပိုင္းအခ်ိန္ထိ ျပန္မလြတ္လာ ေသးပါဘူး။

ဖမ္းဆီးခံရတဲ့အေျခအေနကိုသိရွိဖို႔ TNLA အဖြဲ႔ကိုဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

ရှမ်းမြောက် ခရိုင်တရားသူကြီးနဲ့တရားရေးအဖွဲ့ဝင်တွေကို TNLA ဖမ်းဆီး


ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းမှာ တအာင်းပလောင် TNLA အဖွဲ့ကနေ တရားရေးအဖွဲ့ဝင် (၉) ဦးကို မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရသေးပေမယ့် လောလောဆယ်မှာ သူတို့တတွေလွတ်မြောက်ဖို့ကြိုးပမ်းနေဆဲလို့ ညှိနှိုင်းရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်လမ်းပေါ်မှာ ကျောက်မဲမြို့ ခရိုင်တရားသူကြီးနဲ့ဇနီးအပါဝင် တရားသူကြီးတွေ ဥပဒေအရာရှိတွေ လိုက်ပါလာတဲ့ကားတစီးကို မနေ့အင်္ဂါနေ့က တအာင်း ပလောင် TNLA အဖွဲ့ကနေ တားဆီးပြီး ကားပေါ်လိုက်ပါလာတဲ့သူတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

ကျောက်မဲခရိုင် တရားသူကြီးအပါဝင် တရားရေးဝန်ထမ်းတွေအဖမ်းဆီးခံရတာနဲ့ ပက်သက်လို့ ရွှေဖီမြေ သတင်းဌာနအယ်ဒီတာ မိုင်အနိုင်က အခုလိုပြောပါတယ်။

“မနေ့ကမနက်ပိုင်း (၁၀) နာရီဝန်းကျင်မှာ အဲဒီနမ့်ဆန်တက်တဲ့လမ်းမှာပဲ။ လမ်းမကြီးထဲမှာ။ ဖမ်းတာလည်း သူတို့ TNLA အရင်တုန်းက အဲဒီနေရာမှာပုံမှန် ကြုံရင်ကြုံသလို မူးယစ်ဆေးဝါးစစ်ဆေးတဲ့ပုံစံမျိုး လုပ်တာလေ။ ကွက်တိ သူတို့နဲ့တိုးတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ ကျောက်မဲတရားသူကြီး၊ နမ့်ဆန်တရားသူကြီး၊ မန်တုန်တရားသူကြီး၊ တရားသူကြီးရဲ့ဇနီး တယောက်ပါမယ်။ ရုံးစာရေးနှစ်ယောက်ပါမယ်။ အငှါးလိုက်ရှေ့နေနှစ်ယောက်ပါမယ်။”

အဖမ်းဆီးခံခဲ့ရသူတွေကတော့ ကျောက်မဲခရိုင် တရားသူကြီးဦးခင်မောင်အေးနဲ့ဇနီး၊ နမ့်ဆန်တရားသူကြီး ဦးကောင်းဘုန်းနိုင်၊ မန်တုံတရားသူကြီးဦးဇော်ဇော်၊ နမ့်ဆန်ဥပဒေအရာရှိဦးမျိုးထက်ဇော်အပါအဝင် အငှားလိုက် ရှေ့နေတွေနဲ့ ရုံးစာရေးစုစုပေါင်း (၉) ဦးဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးသွားတဲ့အကြောင်းအရင်းကိုမသိရသေးပေမယ့် TNLA အဖွဲ့နဲ့ဆက်သွယ် ချက်အရ လက်ရှိ အဖမ်းဆီးခံရသူတို့ကိုကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်ဆေးနေ ကြောင်း ပြန်ကြားခဲ့တယ်လို့ မိုင်အနိုင်က ဆက်ပြောပါတယ်။

“မနက်ခင်းက TNLA ဘက်ကို အင်တာဗျူးလုပ်ချင်တာ လှမ်းချိတ်ကြည့်တော့ သူတို့က အေးအေးဆေးဆေးပါပဲ။ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတယ်ပေါ့နော်။ လောလောဆယ်တော့ ဘာဆက်လုပ်မလဲဆိုတဲ့ဟာကတော့ မေးမြန်းစစ်ဆေးနေတဲ့အခြေအနေပေါ် မူတည်တယ်လို့တော့ပြောတယ်။ လွတ်မယ် မလွတ်ဘူးဆိုတာ သူတို့ပြောတာမျိုးမရှိဘူး။ ဘာအကြောင်းပြချက်လဲ မေးကြည့်တော့ သူတို့က အဲဒါတော့ လောလောဆယ်တော့ပြောလို့မရသေးဘူး။ ကောင်းကောင်းမွန်မွန်တော့ကြည့်ထားတယ်ပေါ့ သူတို့လက်ထဲမှာ။”

ဖမ်းဆီးသွားတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ မိုင်သိန်းဇော်ကတော့ တရားရေးအဖွဲ့တွေလွတ်မြောက်ဖို့ ကြိုးပမ်းနေဆဲလို့ပြောပါတယ်။

“ဒီကိစ္စလေးတွေကတော့ အခု ကျနော်ကတော့ ဒီမှာလုပ်နေတဲ့အခါကျတော့ တဘက်မှာလည်း အခက်အခဲရှိတာပေါ့နော်။ ပြီးမှပဲ ကျနော် အကိုတို့ကိုပြောပြမယ်နော်။”

အစိုးရဘက်နဲ့ TNLA ဘက်ကို ကြားဝင် ညှိနှိုင်းပေးတဲ့ပုဂ္ဂိုလ်တဦးကတော့ ဖမ်းဆီးခံထားတဲ့အခြေအနေနဲ့ပက်သက်လို့ ညှိနှိုင်းလို့အဆင်ပြေသွားပြီလို့ ပြောပါတယ်။

“ကျနော့်ဆီဖုန်းဆက်ပြီးတော့မှ အကူညီတောင်းတာပေါ့။ လုပ်ပေးပါဦး။ ကျနော်ကလည်း ချိတ်လိုက်တယ်။ ချိတ်လိုက်တော့ မေးတာချက်ချင်းဖြေတယ်။ အေးအေးဆေးဆေးပြီးသွားပါပြီလို့ပြောတယ်။”

လက်ရှိခြေနေကတော့ သူတို့တတွေ ပြန်လွတ်လာဖို့ ညှိနှိုင်းနေကြပေမယ့် နောက်ဆုံး ညနေပိုင်းအချိန်ထိ ပြန်မလွတ်လာ သေးပါဘူး။

ဖမ်းဆီးခံရတဲ့အခြေအနေကိုသိရှိဖို့ TNLA အဖွဲ့ကိုဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
=============

XS
SM
MD
LG