သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ ခရစ္ယာန္ဘုန္းေတာ္ႀကီးႏွစ္ပါး ဖမ္းခံရဟု အာရွကတ္သလစ္သတင္းထုတ္ျပန္


ရွမ္းျပည္နယ္ေျမာက္ပိုင္း တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးသူ စစ္ေဘးေရွာင္မ်ား (ဓာတ္ပံု-ကိုမ်ဳိး/နယ္စည္းမျခား)

[[Zawgyi/Unicode]]

ျမန္မာ ကက္သလစ္ ဘုန္းေတာ္ႀကီး ၂ ပါး အဖမ္းခံရတယ္လို႔ အာရွ ကက္သလစ္ သတင္းဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။
အဖမ္းခံလိုက္ရတဲ့ ဘုန္းေတာ္ႀကီး ၂ ပါးကေတာ့ St. Therese Little Way မစ္ရွင္ အဖြဲ႕က John Bosco နဲ႔ John Paul Lwel တို႔ ျဖစ္ၾကပါတယ္။
သူတို႔ဟာ ရွမ္းျပည္က အိုးအိမ္စြန႔္ခြါ ထြက္ေျပးၾကသူေတြကို အကူအညီေပးဖို႔ ရွမ္းျပည္နယ္ကိုအသြား လမ္းက စစ္ေဆးေရးဂိတ္မွာ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က အဖမ္းခံခဲ့ၾကရတာ ျဖစ္ပါတယ္။ စစ္တပ္နဲ႔ပအို႔အမ်ိဳးသားတပ္တို႔က ဖမ္းဆီးတာျဖစ္တယ္လို႔ အာရွကက္သလစ္သတင္းဌာနက ေျပာပါတယ္။ ဘာေၾကာင့္ ဖမ္းဆီးတယ္ဆိုတာ မသိရေသးဘူးလို႔ ဖယ္ခုံဘုန္းေတာ္ႀကီးေက်ာင္းက ဆိုပါတယ္။
မိုးၿဗဲမွာ တိုက္ပြဲေတြျပင္းထန္ခဲ့ၿပီး အရပ္သားေတြ အိုးအိမ္စြန႔္ခြါ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရတာပါ။ ကက္သလစ္ ဘာသာဝင္ေတြဟာ ေတာင္ႀကီးကက္သလစ္ဘုရားေက်ာင္းမွာ ခိုလႈံေနၾကရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]
မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးနှစ်ပါး ဖမ်းခံရဟု အာရှကတ်သလစ်သတင်းထုတ်ပြန်

မြန်မာ ကက်သလစ် ဘုန်းတော်ကြီး ၂ ပါး အဖမ်းခံရတယ်လို့ အာရှ ကက်သလစ် သတင်းဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
အဖမ်းခံလိုက်ရတဲ့ ဘုန်းတော်ကြီး ၂ ပါးကတော့ St. Therese Little Way မစ်ရှင် အဖွဲ့က John Bosco နဲ့ John Paul Lwel တို့ ဖြစ်ကြပါတယ်။
သူတို့ဟာ ရှမ်းပြည်က အိုးအိမ်စွန့်ခွါ ထွက်ပြေးကြသူတွေကို အကူအညီပေးဖို့ ရှမ်းပြည်နယ်ကိုအသွား လမ်းက စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က အဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ စစ်တပ်နဲ့ပအို့အမျိုးသားတပ်တို့က ဖမ်းဆီးတာဖြစ်တယ်လို့ အာရှကက်သလစ်သတင်းဌာနက ပြောပါတယ်။ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့ ဖယ်ခုံဘုန်းတော်ကြီးကျောင်းက ဆိုပါတယ်။
မိုးဗြဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အရပ်သားတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ ကက်သလစ် ဘာသာဝင်တွေဟာ တောင်ကြီးကက်သလစ်ဘုရားကျောင်းမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

============

XS
SM
MD
LG