သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္နဲ႔ NLD ေတြ႔ခြင့္ရဖို႔ စစ္ေကာင္စီအႀကီးအကဲသေဘာတူ


ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္တို႔ ေနျပည္ေတာ္ သံတမန္ခန္းမမွာ ေတြ႔ဆံုၾကစဥ္။ (ဇန္နဝါရီ ၇၊ ၂၀၂၂/ ဓာတ္ပံု စစ္ေကာင္စီျပန္ၾကားေရးအဖြဲ႔)

[[Zawgyi/Unicode}}

အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ အနာဂတ္ခရီးစဥ္ေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အဖြဲ႔ဝင္ေတြနဲ႔ ေတြ႔ခြင့္ေပးဖို႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က သေဘာတူခဲ့ေၾကာင္း ကေမာၻဒီယားဝန္ႀကီတေယာက္က တနလၤာေန႔က ေျပာပါတယ္။

ဇန္နဝါရီလ ၂၆ ရက္ေန႔ကလုပ္ခဲ့တဲ့ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ၾကား ဗြီဒီယိုေတြ႔ဆုံပြဲမွာ ခုလို ေျပာခဲ့တာျဖစ္တယ္လို႔ အဲဒီ အစည္းအေဝးမွာ တက္ေရာက္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္႐ုံး ဝန္ႀကီး Kao Kim Hourn က ေျပာပါတယ္။ ဒါေပမယ့္ NLD ပါတီရဲ႕ ဘယ္အဆင့္၊ ဘယ္အဖြဲ႔ဝင္ျဖစ္တယ္ဆိုတာကိုေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မေျပာခဲ့ပါဘူး။ ခုထိလည္း မသိေသးပါဘူးလို႔ ကေမာၻဒီးယားဝန္ႀကီးက ဆိုပါတယ္။

“အာဆီယံရဲ႕ရည္မွန္းခ်က္က ပါဝင္ပတ္သက္တဲ့သူအားလုံးနဲ႔ ေတြ႔ဆုံဖို႔ပါ။ ဒါေပမဲ့ တေခါက္တည္းနဲ႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ အေခါက္ေခါက္သြားၿပီးရင္ေတာ့ ျဖစ္ႏိုင္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ပါရင္ အေကာင္းဆုံးပါပဲ” လို႔ ဝန္ႀကီးက ေျပာေပမဲ့ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ပထမခရီးမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႔ရဖြယ္မရွိဘူးလို႔ ဆိုပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္နဲ႔ေတြ႔တဲ့ ဘယ္ ေတြ႔ဆုံမႈမ်ိဳးမဆို ပါတီရဲ႕ သေဘာတူညီခ်က္အရပဲ ျဖစ္သင့္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ျပည္ပေရာက္အမတ္မ်ားရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးေနဘုန္းလတ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode}}

အာဆီယံကိုယ်စားလှယ်နဲ့ NLD တွေ့ခွင့်ရဖို့ စစ်ကောင်စီအကြီးအကဲသဘောတူ

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အနာဂတ်ခရီးစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘောတူခဲ့ကြောင်း ကမ္ဘောဒီယားဝန်ကြီတယောက်က တနင်္လာနေ့က ပြောပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့ကလုပ်ခဲ့တဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြား ဗွီဒီယိုတွေ့ဆုံပွဲမှာ ခုလို ပြောခဲ့တာဖြစ်တယ်လို့ အဲဒီ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး Kao Kim Hourn က ပြောပါတယ်။ ဒါပေမယ့် NLD ပါတီရဲ့ ဘယ်အဆင့်၊ ဘယ်အဖွဲ့ဝင်ဖြစ်တယ်ဆိုတာကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မပြောခဲ့ပါဘူး။ ခုထိလည်း မသိသေးပါဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးက ဆိုပါတယ်။

“အာဆီယံရဲ့ရည်မှန်းချက်က ပါဝင်ပတ်သက်တဲ့သူအားလုံးနဲ့ တွေ့ဆုံဖို့ပါ။ ဒါပေမဲ့ တခေါက်တည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။ အခေါက်ခေါက်သွားပြီးရင်တော့ ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါရင် အကောင်းဆုံးပါပဲ” လို့ ဝန်ကြီးက ပြောပေမဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပထမခရီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရဖွယ်မရှိဘူးလို့ ဆိုပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့တဲ့ ဘယ် တွေ့ဆုံမှုမျိုးမဆို ပါတီရဲ့ သဘောတူညီချက်အရပဲ ဖြစ်သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ပရောက်အမတ်များရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

========

XS
SM
MD
LG